မန်မာ့ အရေးအတွက် အမေရိကား တခွင် ကားဖြတ်သန်းမောင်းနှင်မည့်  ကိုကျော်စည်သူ

 ဇာမဏီရိုင်း

ဇာမဏီရိုင်း/ဟစ်တိုင်

ဒီဇင်ဘာလ (၁)ရက်နေ့ ခရီးစဉ်မစတင်မှီ ကိုကျော်စည်သူနှင့် သူငယ်ချင်းများ ဘုရင်မပန်းခြံရှေ့တွင်

 

ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ နေထိုင်တဲ့ ကိုကျော်စည်သူဟာ သူရည်မှန်းထားတဲ့ အနောက်မြောက် အမေရိကား မြန်မာပြည်လွတ်မြောက်ရေး ခရီးစဉ်ကို  ကနေဒါ ပါလီမန်ရှေ့ ဘုရင်မပန်းခြံ ကနေ ယနေ့ ဒီဇင်ဘာလ (၁)ရက်နေ့ နေ့လယ် ၁၂နာရီမှာ သူငယ်ချင်း ၁၀ ယောက်ထက်မနည်း လိုက်ပို့သူတွေနဲ့ ခရီးစဉ်စတင်လိုက်တယ်လို့ ဟစ်တိုင်ကို ဖြေကြားပါတယ်။

သူမောင်းနှင်မဲ့ ဘီအမ်ဒဘလျူ ကားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတုန်းက ပုံတွေ စတစ်ကာ ကပ်ထားပါတယ်၊ သူနဲ့ တိုက်ရိုက်ဖုန်းဆက်သွယ် မေးမြန်းချိန်မှာ အမေရိကန်နိုင်ငံ နယ်ခြားဂိတ် ဖြတ်သန်းခါနီးမို့ အနည်းငယ် စိတ်လှုပ်ရှားရတယ်လို့ ဆိုပါတယ်။

ဒီရည်ရွယ်ချက်ကို မြန်မာပြည်မှာ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးဖြစ်တော့ သူဘာလုပ်နိုင်ယင် ကောင်းမလဲ စဉ်းစားရင်း တရက်တော့ ဘတ်(စ်)ကားကြီးတွေမှာ ကပ်ထားတဲ့ ကြော်ငြာတွေကို လူတွေက လိုက်ကြည့်တာ သတိထားမိပြီး အခုလို Free Burma ဆိုတဲ့ အသိကိုပေးနိုင်တာ တကြောင်း၊ မြန်မာပြည်အရေးအတွက် သွေးမအေးသွားစေချင်လို့ တတ်နိုင်သမျှ တနိုင်တပိုင် သူ့အနေနဲ့ ကနေဒါ၊ အမေရိကား အနောက်မြောက် အမေရိကား ခရီးစဉ်ကို ဆက်စပ် စဉ်းစားမိတယ်လို့ ဆိုတယ်၊ အခု ခရီးစဉ်ကို ၀ါရှင်တန် ဒီစီ ကိုဦးတည်နေပြီး အမေရိကား အရှေ့ဖက်ခြမ်းကနေ အနောက်ဖက်ခြမ်း အယ်လ်အေ ဖက်ကို ပတ်ပြီး ကနေဒါနိုင်ငံ အနောက်မြောက်ခြမ်း ဗင်ကူးဗါး (ဘီစီ) ကနေ ကနေဒါကိုပြန်ဝင်ပြီး အနောက်ကနေ အရှေ့ဖက်ခြမ်း တိုရန်တို အထိ တလခရီးနှင်မှာ ဖြစ်ပါတယ်၊ ဒီခရီးစဉ်အတွက် တပါတ်ကြာ လမ်းခရီးအတွက် ကြိုတင်ပြင်ဆင်ရပြီး တဦးထဲ ခရီးနှင်မှာဖြစ်ပါတယ်။

ဇာမဏီရိုင်း/ဟစ်တိုင်

မိုင်ထောင်ချီ ခရီးနှင်မည့့် မြန်မာပြည်လွတ်မြောက်ရေး  ကြော်ငြာကမ်ပိန်းယာဉ်ငယ်

ကိုကျော်စည်သူဟာ ၁၉၈၈ခုနှစ် အရေးတော်ပုံမှာ မြန်မာနိုင်ငံမှ ထွက်ခွာလာကာ ကျောင်းသား တပ်မတော် တပ်ရင်း (၁၀၂)မှ ဖြစ်သည်ဟု သိရှိရပြီး၊ လွတ်မြောက်နယ်မြေမှ ခေတ်ပြိုင်သတင်းစာတွင်လည်း ၄နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး၊ ကနေဒါနိုင်ငံတွင် ၁၀နှစ်ကြာနေထိုင် နေသူဖြစ်ကြောင်းသိရှိရသည်။

ကမ္ဘာတ၀ှမ်းလုံးတွင် ရှိနေသော မြန်မာ့ အရေးလှုပ်ရှားသူများအား မိမိတို့ ပိုင်ဆိုင်ရာကားများတွင် ၄င်းကဲ့သို့ Free Burma ကားစတစ်ကာ လေးများကပ်ခါ ကမ္ဘာ့ပြည်သူများအား မြန်မာပြည်အရေးအတွက် အသိပေးထားနိုင်ကြောင်း တိုက်တွန်း အကြံပြုပြောဆိုသွားပါသည်။

ယခု သတင်းတင်မည့် အချိန်တွင် အမေရိကန်နိုင်ငံ နယ်ခြားဂိတ်အား စစ်ဆေးမှု မိနစ်အတန်ကြာ ပြုခြင်းခံရပြီး အမေရိကန်နိုင်ငံနယ်နမိတ်အား စတင်ဖြတ်သန်းနေပြီ ဖြစ်ကြောင်း ကျော်စည်သူမှ ဟစ်တိုင်သို့ သတင်းစကား ဆိုသည်။

၂-၁-၀၇

 

ယခင် သုတဆောင်းပါးများသို့

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org