မြန်မာ့အရေး နီနီရဲရဲ သတင်းများ

ကာတွန်းသားငယ် (ဟစ်တိုင်)

ရဲနီထက်/ဟစ်တိုင်

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ကိုးရီးယားနှင့် မြန်မာတို့၏ ကန့်ကွက်ပွဲ

ကမ္ဘာတ၀ှမ်းမှ မြန်မာ့အရေးလှုပ်ရှားသူ မြန်မာများ ယမန်နေ့ စက်တင်ဘာလ ၂၈ရက် မှ စတင်ကာ မိမိတို့နေထိုင်ရာ ကမ္ဘာတ၀ှမ်းမှ မြို့ ကြီး အတော်များများတွင် သက်ဆိုင်ရာ မြို့ တော်ဝန်ရုံးများ၊ သက်ဆိုင်နိုင်ငံ အလိုက် သံရုံးများ၊ ပြည်သူ့ ရင်ပြင်များ၊ လူမှုရေး စင်တာများတွင် မြန်မာစစ် အစိုးရ ဆန့်ကျင်ရှုတ်ချ ဆန္ဒပြပွဲများ၊ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့ သပွဲများ၊ ၀တ်ရွတ် ဆုတောင်းပွဲများ စုံလင်စွာ ကျင်းပပြုလုပ်ကြသည်ဟု ဟစ်တိုင် မှသိရှိရသည်။

ကမ္ဘာတ၀ှမ်းမှ မြန်မာ့အရေး လှုပ်ရှားမှုတွေကိုတော့ အမေရိကား၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျား၊ နယူးဇီလန်၊ အင်္ဂလန်၊ နယ်သာလန်၊ ဘယ်ဂျီယံ၊ မလေးရှား၊ စင်္ကာပူ စသောနိုင်ငံ အသီးသီးတို့ တွင် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ အတိုက်ခံများ၊ နိုင်ငံရေးစိတ်ဝင်စားသော ဌာနေ ကျောင်းသား၊ ကျောင်းသူများ၊ ဘာသာအလိုက် ဘုန်းတော်ကြီးများ နှင့် ပြည်ပရောက် မြန်မာလူမျိုးများ၊ ပြည်ပရောက်မြန်မာ အတိုက်အခံများတို့ ပူးပေါင်း ဆောင်ရွက်ကြပြီး အနီရောင်ဝတ်စုံများ များသောအားဖြင့် တူညီဝတ်ဆင်ထားကြသည်။

ဇော်ထွန်း/ဟစ်တိုင်

ဆန္ဒပြနေသည့် ဖင်လန်သားများ

ဖင်လန်နိုင်ငံ ဟဲလ်ဆင်ကီမြို့တော်တွင်လည်း ဖင်လန် တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မြန်မာပြည်အရေး စိတ်ဝင်စားသူ ကျောင်း သားများ ဦးစီး၍ မြန်မာဘုန်းတော်ကြီးများ အသတ်ခံ အရိုက်ခံသည့် ကိစ္စအပေါ် ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြပွဲတွင် ဖင်လန်နိုင်ငံ ကိုယိုပီယို၊ ဟူးဗင်ကာ၊ ကော့ကာ၊ မက်ကယ်လီ၊ ဘန့်ကာ၊ ဟယ်လ်ဆင်ကီ မြို့များမှ မြန်မာ ၈၀ ခန့်နှင့် ဂျပန်၊ တရုတ်၊ အီတလီ၊ ဂျာမနီ၊ ဖင်လန် ကျောင်းသားကျောင်းသူများ၊ နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များ စုစုပေါင်း ၇၀၀ ခန့် ချီတက်ဆန္ဒပြကြသည်။ မြို့ကို ပတ်၍ ဆန္ဒပြရာတွင် ဖင်လန်ရဲများက ရဲကား၊ ရဲမော်တော်ဆိုင်ကယ်များဖြင့် လမ်းရှင်း လုံခြုံရေး တာဝန်ယူပေးကြသည်။

ကနေဒါနိုင်ငံ နောက်မြောက်ခြမ်းရှိ ဗင်ကူးဗား ဘီစီ မြို့ တွင် စက်တင်ဘာ (၂၈) (၂၉) ရက်များတွင် ဗင်ကူးဗားမြို့ လည်ရှိ အနုပညာ ပြခန်းအနီး ရော်ဘင်ဆင် ရင်ပြင်တွင် တိုင်းရင်းသားပေါင်းစုံဖြင့်  နေ့ စဉ် လူ၅၀၀ ခန့်  မွန်းလွဲပိုင်းမှ ညနေအထိ ငြိမ်းချမ်းစွာ ၀တ်ပြု ဆုတောင်းကြသည်။

တိုင်းမှူး/ဟစ်တိုင်

ဆွီဒင်မှလှုပ်ရှားမှု

ဆွီဒင်နိုင်ငံ ဟူဒီစဗားမြို့ တွင် ဒီမိုကရက်တစ် မြန်မာတိုင်းရင်းသားများမှ လည်းကောင်း၊ ယမန်နေ့က မြို့ တော် စတော့ဟုမ်း တွင် ဆွိဒစ်ရှ် ဘားမား ကောင်ဆယ်မှ ဦးစီး၍လည်းကောင်း၊ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့ တွင်လည်း စက်တင်ဘာလ (၂၉) ရက်နေ့တွင် ညနေပိုင်းတွင် လူအင်အား၁၀၀ကျော်ဖြင့် လွှတ်တော်ရှေ့မှ မြို့လည်သို့ဆန္ဒပြ ချီတက်လာရာ လမ်းဘေးဝဲယာမှ ဖင်လန်ပြည်သူများ ထောင်ချီ၍ သောင်းသောင်းဖျဖျ အားပေးထောက်ခံကြသည်ဟု သိရှိရသည် အပြင် လာမည့် တနင်္လာနေ့ တွင် မြန်မာ့အရေး လှုပ်ရှားသူ ဦးအောင်ခိုင်၊ ဦးကိုကိုသက်၊ ဦးမောင်မောင်စိုးတို့အား ဖင်လန် သမတ မစ္စ တာရီယာ ဟာလိုနယ် မှ မြန်မာ လက်ရှိ နိုင်ငံရေး အနေအထားများအား လက်ခံတွေ့ဆုံဆွေးနွေးမည်ဟု သိရှိရသည်။

မျိုးသိန်း/ဟစ်တိုင်

နော်ဝေနိုင်ငံ ခရစ္စတင်းဆွန်းမြို့မှ အနီရောင် လှုပ်ရှားမှု

နော်ဝေနိုင်ငံ ခရစ္စတင်းဆွန်းမြို့တွင်လည်း မြို့ခံ နော်ဝေနိုင်ငံသားများနှင့် မြန်မာတို့ ပူးပေါင်း၍ စက်တင်ဘာ ၂၈ ရက် သောကြာနေ့ က သွေးစွန်းသော ဥပုသ်နေ့ အနီရောင် လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ နော်ဝေနိုင်ငံသားအရေအတွက်က ပိုမိုများပြားနေသည်ကို တွေ့ရသည်။ နော်ဝေ ၇၀ ခန့်နှင့် မြန်မာနိုင်ငံသား ၃၀ ခန့် ပူးပေါင်းလှုပ်ရှားခဲ့ကြသည်။ ညနေပိုင်းတွင် နော်ဝေ ပါတီအဖွဲ့အစည်းပေါင်းစုံနှင့် မြန်မာများ ပူးပေါင်း၍ ဆုတောင်းပွဲ ပြုလုပ်ရာ နော်ဝေနိုင်ငံရေးပါတီအသီးသီးက စစ်အစိုးရကို ရှုတ်ချ ပြောကြားကြသည်။ မြန်မာနိုင်ငံသားများက မြန်မာပြည် အခြေအနေကို ဓာတ်ပုံပြပွဲ တည်ခင်းပြပြီး ကမ္ဘာမကြေဘူး သီချင်း သီဆိုကြသည်။

နော်ဝေနိုင်ငံ အော်စလိုမြို့တွင်လည်း စက်တင်ဘာ (၂၈)ရက်နေ့ က နိုဘယ် ငြိမ်းချမ်းရေး စင်တာရှေ့တွင် နော်ဝေ ၀န်ကြီးချုပ်ဟောင်း ဗိုနာဗစ်၊ နော်ဝေ ခရစ်ယာန်အသင်းတော် ယခင် ဂိုဏ်းချုပ်ဆရာတော်နှင့်နော်ဝေ-မြန်မာကောင်စီတို့ တက်ရောက်သော ငြိမ်းချမ်းရေး ဆုတောင်း အခမ်းအနားတွင်လည်း နော်ဝေ၊ မြန်မာ ပရိသတ် ထောင်နှင့်ချီ၍ တက်ရောက်ခဲ့ ကြသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဂျလန် အန်ဖန်း သံတမန်ရပ်ကွက်ရှိ မြန်မာ သံရုံးရှေ့တွင် မြန်မာ၊ မလေး ထောင်ပေါင်း များစွာသော ကန့်ကွက်ဆန္ဒပြသူများ၊ ရာနှင့်ချီသောရဲများစောင့်ကြပ်ကာ မြန်မာသံရုံးအား ကန့်ကွက် ဆန္ဒပြကြသည်။

သားငယ်/ဟစ်တိုင်

ကနေဒါ ဗန်ကူးဗားမြို့တွင်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တွင်လည်း မြန်မာ သံရုံးရှေ့တွင် ဖိလစ်ပိုင် နိုင်ငံရေး လှုပ်ရှားသူများ၊ ဖိလစ်ပိုင် ကျောင်းသူကျောင်းသားများ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြရာ ဖိလစ်ပိုင် နိုင်ငံသားများက အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုပ်ပုံအား မီးတင်ရှို့ခဲ့ကြသည်။

ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ ထိုင်း - မြန်မာ နိုင်ငံရေးလှုပ်ရှားသူများမှ လည်းကောင်း။  ယနေ့ စက်တင် ဘာလ ၃၀ရက်နေ့ တွင် တောင်ကိုရီးယားတွင်လည်းကောင်း၊ အမေရိကန်နိုင်ငံ မြို့ ကြီးများဖြစ်သော ၀ါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ တွင်လည်းကောင်း၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကို မြို့လည်တွင် စက်တင်ဘာ (၂၈)ရက်နေ့က လူအင်အား ၂၀၀ကျော်ဖြင့်လည်းကောင်း၊ ယနေ့ အော်ရီဂန်ပြည်နယ် ပို့တ်လန်းမြို့ ပိုင်အိုးနီးယား ရင်ပြင်တွင် လူအင်အား ၇၀ ခန့်ဖြင့် ၎င်း၊ နီဗားဒါးပြည်နယ် လပ်(စ်) ဗီးဂပ်(စ်) တွင်လည်းကောင်း၊ အယ်လ်အေ၊ နယူးယောက်၊ မယ်ဝေါင်းကီး၊ မြောက်ကယ်ရိုလိုင်းနား ဒါဟမ်းမြို့ ၊ ရှီကာဂိုး၊ နယူးယောက်ပြည်နယ် ယူတီကာ၊ အင်ဒီယားနားပြည်နယ် ဖို့ တ်ဝိန်း၊ မင်နီဇိုးတားပြည်နယ် စိန့်ပေါလ်၊ တက္ကဆတ်ပြည်နယ် အမားရီနိုး စသောမြို့ ကြီးများတွင် ဘာသာအလိုက် ဆုတောင်း ၀တ်ရွတ်ပွဲများ၊ ကန့်ကွက် ဆန္ဒပြပွဲများ၊ အလှူငွေအားဖြင့် ပြည်တွင်းအားကူညီမှုပြုရန် လုပ်ဆောင်ပွဲများ ပြုလုပ်ခဲ့ကြသည်ဟု ဟစ်တိုင်မှ သတင်းရယူခဲ့သည်။

အများအားဖြင့် ယခုရက်သတ္တပတ် ထူးခြားသည်မှာ ကမ္ဘာတ၀ှမ်း မြန်မာ့အရေး လှုပ်ရှားမှုများကို ပြည်တွင်းမှ ရဟန်းသံဃာများအား ဂုဏ်ပြု သောအားဖြင့် နိုင်ငံ အတော်များများ အနီရောင်ဝတ်စုံများ ၀တ်ဆင်ထားသည်ကို တွေ့မြင်ရသည်။

ယခင် သုတဆောင်းပါးများသို့

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org