|
|
||||
|
ကြားဖူးကြလား အရပ်ကတို့ ကမ္ဘာရှား
ဝိနည်းသိက္ခာပုဒ် ၂၂၇ သွယ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဘုရားသားတော်ဆိုတာ မြန်မာပြည်လို ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ အထူး လေးစားကြည်ညိုခံရတာပါ။ လမ်းသွားရင်း မျက်နှာချင်းဆိုင် ဆုံရင်လဲ သံဃာအရိပ်ကိုတောင် ဖြတ်မနင်းကြပါဘူး။
ဒီသံဃာတော်တွေကို မမှန်မတရား စွပ်စွဲတာတွေဟာ အပါယ်ကျစေတဲ့ အပြစ်ကြီးတွေပါ။ သင်္ကန်း လက်ကတော့ထိုးပြီး ၀ိနည်းတော်နဲ့အညီ ကြွချီနေတာ၊ မေတ္တာတရားမှတပါး ဘာလက်နက်မှ မဆောင်တာ မြင်ပါရက်နဲ့ တုတ်ဓားစွဲကိုင်ပြီး လှည့်လည် သွားလာနေတယ်လို့ လိမ်ညာစွပ်စွဲ ပုတ်ခတ်တာဟာ အင်မတန် အပြစ်ကြီးလှပါတယ်။
သံဃာကို မမှန်မကန် အကြည်ညို ပျက်စေမှုဆိုတာ ကရုဏာရှင် ရဟန်းတော်များက အရေးမယူ ခွင့်လွှတ်ပေမယ့် အပါယ်က မနေတဲ့ အမှုပါ။ အားလုံးက ကြည်ညိုတဲ့ သံဃာကို လိမ်ညာ အကြည်ညိုဖျက်ရုံတင် အားမရသေးဘူး။ ငရဲဆို သားသားသိပ်ကြိုက် ဖြစ်နေတဲ့ အ၀ီစိဗိုလ်လောင်း (officer Cadet of the Hell)တွေက အရပ်ထဲ လော်ကြီးနဲ့ လှည့်အော်ပြီး ကြေညာခိုင်းနေပါတယ်။ နားဆင်ကြည့်ကြပါခင်ဗျာ။
`ပြည်တွင်းပြည်ပ အဖျက်သမားများ၏ ပယောဂကြောင့် သံဃာထုမှ နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ် နေပါသဖြင့် လုပ်သားပြည်သူအပေါင်းက လိုက်လံ ကြည့်ရှုအားပေးခြင်းများ မပြုလုပ်ရန် သတိပေး နှိုးဆော်အပ်ပါသည်။ ပြုလုပ်ပါက နိုင်ငံတော် အစိုးရ၏ တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူခံရမည် ဖြစ်ကြောင်း သတိပေး နှိုးဆော်အပ်ပါသည်´
ဘာကြည်ညိုစရာမှ မရှိတဲ့ ငနဲတွေက ဒီလို သူခိုးက လူပြန်ဟစ်ပြီး နှစ်ထပ်ကွမ်း စော်ကားတာကို ခံတော်မူရရှာတဲ့ သံဃာတော် တွေ ဒုက္ခကို `ဖြစ်မှ ဖြစ်ရလေဘုရား´လို့ ရယ်ချင်ပက်ကျိ လျှောက်ထားဖို့ကလွဲရင် ဘာမှမတတ်နိုင်ပါလား အရပ်ကတို့ရယ်။
x x x | ||||
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||||
|
Suggestions & Comments: webmaster@hittaing.org |
||||