![]() |
|
| သတင်း နိုင်ငံတကာသတင်း ဆောင်းပါး ရသ သုတ ရင်ဖွင့်သံ သူ့အမြင် ကဗျာ ဟာသ ကာတွန်း ကမ္ဘာတလွှားမြန်မာများ ပြည်သူ့စစ်သည်ရေးရာ | |
|
နမ့်ခမ်းဒေသရှိ လက်ဖက်ခြောက်ဈေးနူန်းများ ကျဆင်းနေ မိုင်းယိုဝ့်ခြိုဝ်း ရှမ်းကုန်းပြင်မြင့်မှ ပလောင်အမျိုးသမီးတဦး
နမ့်ခမ်းမြိုနယ် ဒေသတ၀ိုက်အတွင်းရှိ ပလောင်ကျေးရွာများတွင်
လက်ဖက်ခြောက်ဈေးနှုန်းများ ကျဆင်းနေပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း
ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်၊
ကလောမြို့အနီးမှ
ပလောင်ရွာတခု ပြီးခဲ့တဲ့
နှစ်က လက်ဖက်တစ်ပိဿာကို ၄၀၀၀ ကျော်မှ ၅၀၀၀ ကျော်အထိ ဈေးကောင်းခဲ့ပြီး
မိုးကုန်ပြီး လက်ဖက်ဈေးနူန်းများ ၂၈၀၀ကျပ်နှုန်း အထိ ကျဆင်းလာသည့်
အတွက်ကြောင့် ရွာသားများမှာ ယခုနှစ် ၂၀၀၈ အတွင်းရောင်းရန်အတွက်
စုဆောင်းထားခဲ့ကြသည်၊ သို့ သော် ယခု ၂၀၀၈ အတွင်းတွင် ၀ယ်ယူသူများ
မရှိသောကြောင့် စုဆည်းထားသော လက်ဖက်များ အလဟဿ ဖြစ်သွားကြောင်း၊ ထိုအပြင်
လက်ဖက်များကို ခူးဆွတ်ပါက ၀ယ်ယူသူမရှိကြောင်း မခူးဆွတ်ပါက
လက်ဖက်များရင့်သွားမည်ဖြစ်သည်၊ ထိုသို့ မည်သည့်ဘက်မှ လှည့်လို့
မရသည့်အခြေအနေနှင့် ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံ တစ်ဦးမှ
ဆက်ပြောပြပါသည်၊ | |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
|
|
Suggestions & Comments: webmaster@hittaing.org |
|