သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

နောက်ထပ် နာဂစ်လေဘေး လာမယ့်ရန်က ကာကွယ်နည်း

မြန်မာနိုင်ငံမှာ နာဂစ်လေမုန်တိုင်းဘေးရန်ကြောင့် လူဦးရေ သိန်းချီပြီး သေဆုံးရပြီးနောက်မှာ ပြည်ပနိုင်ငံတွေက လတ်တလောအကူအညီ၊ပြန်လည် ထူထောင်ရေး အကူအညီ၊ ကြိုတင် ကာကွယ်တာဆီးရေးအကူအညီ ဆိုပြီး လုပ်ဆောင်တာတွေ ကြားနေရပါတယ်။

နအဖစစ်အစိုးရက ပြန်လည်ထူထောင်ရေးနဲ့ စောင့်ရှောက်ရေးအတွက်ပြည်ပ အကူအညီငွေ  အမေရိကန် ဒေါ်လာ  ၁၁ ဘီလီယံ တောင်းခံကြောင်း ကမ္ဘာသိကြေငြာခဲ့ပါတယ်။

လေဘေးရန် မကြာခဏ ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်ကို နမူနာ ယူပြီး ကြိုတင်ကာကွယ်ပြင်ဆင် ရေး လုပ်သင့်ကြောင်း အကြံပေးတာတွေလည်း ကြားရပါ တယ်၊  မြန်မာနိုင်ငံမှာ နာဂစ်လို ဆိုက်ကလုန်း မုန်တိုင်းမျိုး မခံရအောင် ဘယ်လို လုပ်ကြမလဲဆိုတာ မြန်မာ ပြည်သူတွေ ကရော ၊ပြည်ပ လူတွေကပါ နအဖ စစ်အစိုးရ အစီအစဉ်ကို သိချင်နေကြပါတယ်၊ ဒါမှလည်း အစိုးရအစီအစဉ် ချို့ ယွင်းချက်ရှိခဲ့ ရင် ကူညီနိုင်မယ့် စေတနာကြောင့်ပါ။

မြန်မာ စစ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကို နာဂစ်လိုမုန်တိုင်းမျိုး လာခဲ့ရင် အထိအခိုက် အသေအပျောက်နည်းအောင် ဘယ်လို လုပ်ဖို့ ပြင်ထားပါ သလဲလို့ မေးမြန်းရာမှာ--

--မြန်မာနိုင်ငံမှာ ရေဘေး ၊ မီးဘေး၊ လေဘေး ကာကွယ်ရေး ကြိုတင် အကာအကွယ် လုပ်တာ ရှိပါသလား၊

==အရင်က လည်း ရှိပါတယ်။ အခုလည်း လေ့ကျင့် လုပ်ဆောင်နေပါတယ်။

--ငွေကုန် အကျနည်းပြီး အအောင်မြင်ဆုံး စီမံချက်ရှိရင် ပြောပြပေးပါ။

==နွေရာသီမှာ မီးလောင်မှုနည်းရေးအတွက် ပြည်သူတွေကို မီးကင်းတွေ အစောင့်ခိုင်ပြီး မီးစလောင်တဲ့ပိုင်ရှင်ကို ထောင် ၃ နှစ် အထက်ချပါတယ်။

--နောက်တော့ရော--

==လွန်ခဲ့နှစ်များမကြာမီက လေယာဉ်ပျံတွေ မကြာခဏ ပျက်တာကို လေယာဉ်အမြီးတွေမှာ ၂၄ ပဌာန်းအ၀ိုင်းတွေရေးပြီး ဆရာတော်သာံတော်တွေနဲ့ ပဌာန်းဒေသနာတော်ပရိတ် ရွတ်ဖတ်လိုက်တာ အခု လေယာဉ်ပျံတွေ ပျက်မကျ တော့ပါဘူး။

--လေဘေး ၊ရေဘေးအတွက်ရော--

==မုန်တိုင်းကျနိုင်မယ့်ဒေသက ပြည်သူတွေကို ရေဘေး၊ လေဘေး၊မုန်တိုင်းဘေးက ကင်းစေ မယ့် ရှင်ဥပဂုတ္တ ဂါထာတော်နဲ့  ဦးရှင်ကြီး တင်မြှောက်တဲ့ ဂါထာတွေ အလွတ်ဆိုတတ်အောင် စတင်အကျက်ခိုင်းနေပါပြီ။

--“ဟိုက်- ”---

ကိုကိုပွေလီ

 

-------------------------------

ကျနော်သိတဲ့ သူ့ အကြောင်း

မြန်မာနိုင်ငံမှာ ၁၀ တန်းအောင်စာရင်းတွေ ထွက်ပြီး ရက်ပိုင်းအကြာမှာပဲ မြန်မာစစ်အစိုးရ သတင်းစာတွေမှာ နအဖ စစ်တပ်အတွက် တပ်မတော် ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာ၊နဲ့ အခြားသော ဗိုလ်သင်တန်းများ၊ ထူးရှယ် စစ်သင်တန်းများအတွက် လျှောက်လွှာခေါ်တာတွေ တွေ့ မြင်လာ ရပြန်ပါပြီ။

ပြင်ပတက္ကသိုလ်တွေမှာ ပညာသင်ရတာ ကန့်သတ်ချက်များခြင်း၊ တခုခုဖြစ်လိုက်တာနဲ့  ကျောင်းပိတ်ခြင်း၊ အဘက်ဘက်မှ မပြည့်စုံခြင်းတို့ကြောင့် အချို့ သူတွေမှာ တပ်မတော်ကဖွင့်တဲ့ စစ်တက္ကသိုလ်တွေနဲ့ ထူးရှယ်စစ်သင်တန်းကျောင်းတွေမှာ ၀င်လျှောက်ကြပါတယ်။

ဒါပေမယ့် စစ်တပ်ကတော့ သူတို့ လုံခြုံရေးအတွက် ရှေ့ ရှုပြီး ရွေးချယ်ခံရသူ ၉၅ ရာနှုံးလောက်ဟာ သူတို့ကို ကာကွယ်ပေးမယ့် စစ်သား၊ စစ်ဗိုလ်တွေရဲ့  မျိုးဆက်တွေကိုသာရွေးချယ်ခဲ့တာ များပါတယ်။တချို့ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ သူတို့ခိုင်းတာရမယ့် ဆွေမျိုးနီးစပ်တွေကို ထောက်ခံချက် ပေးပြီး စစ်ဗိုလ်လောင်း ဖြစ်ခဲ့တာတွေလည်း အများကြီးပါ။

ဗိုလ်လောင်းရွေးချယ်ရေးအဖွဲ့ကို ရောက်လာကြတဲ့ ဗိုလ်လောင်ေးတွကို ရွေးချယ်တဲ့အချိန်မှာ--

 --အခု ဖြေမယ့် အလှည့်ကျသူက ဟိုဗိုလ်ချုပ်ရဲ့ တူတော်တယ်။ သိပ်ခက်တဲ့ မေးခွန်းတွေ မေးလို့ မဖြစ်ဖူး။

==ဟုတ်တယ်၊ ဖြေဆိုချက် အမှားများလို့ပယ်တဲ့ အထဲပါသွားမှ ဒို့ဗိုလ်ရွေးအဖွဲ့ တွေ ကွိုင်အရှာ ခံနေရဦးမယ်။

--ဟော အခုဝင်လာတဲ့ လူငယ်ပဲ။ စမေးမယ်၊  ဘီအိုင်အေ ဆိုတာ သိလား၊

==ဘီအိုင်အေ ဆိုတာ-- ဟို-- ဟို--ဟို---စစ်တပ်------။

--ရပြီ- ရပြီ၊ ဆက်မေးမယ်၊  မကြာခင်က ပြည်သူတွေ ထောက်ခံမေးပေးခဲ့တဲ့ အခြေံဥပဒေ အကြောင်းသိလား။

==အဲဒါလဲ-- စစ်တပ်ရဲ့ --ဟို --ဟို--ဟို------။

ဗိုလ်ရွေးအဖွဲ့ဝင်တွေက ရုံးခန်း မှာချိတ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံကို လက်ညျိုး ညွှ့န်ပြီး

--မင်းတော်တော် -တော်တာပဲ။ ကဲ-ကဲ နောက်ဆုံမေးမယ်၊ နံရံမှာချိတ်ထားတဲ့ ပုံက ဘယ်သူလဲ။

==သူ့ကို ကျနော်ကောင်းကောင်း သိတယ်၊ ကျနော်တို့ ရွာကလူတွေလည်း သူ့အကြောင်း နေ့တိုင်း ပြော ကြတယ်၊

--ဟုတ်လိုက်လေကွာ။ မင်းတို့ ရွာသားတွေက သူ့အကြောင်း နေ့တိုင်း ဘယ်လိုပြောကြလဲကွ။ တိတိကျကျ ပြောစမ်းပါကွာ။

--နွားကြီး၊ ခွေးသူခိုးကြီး၊ အယုတ် တမာကောင်ကြီးတဲ့။

                                                                                 အောင်မောင်းသစ်(၀၈-ဇွန်-၂၉)

++++++++++++++++++++++++

လုပ်ရပ် ကြည့်ပြီးတော့မှ သာဓုခေါ်

အခုလက်ရက်ပိုင်းမှ ကျနော်တို့ ရပ်ကွက်ထဲကို လူသစ် တမိသားစု ပြောင်းလာတယ်၊  သူက လမ်း ဆုံကြတဲ့နေရာ အကွက်အကွင်းကောင်းတဲ့ နေရာကို သိန်းရာဂဏန်းနဲ့  လေးငါး ခုလောက် ပေးပြီး ၀ယ်လိုက်တယ်လို့ သိရတယ်၊ သူ့မှာ ကားလဲရှိတယ်၊ ၀ယ်တာသိပ်မကြာသေးဖူးထင်တယ်၊ နောက်ဆုံးထွက် ကားနံပါတ်ဗျ။

သူရောက်လာမှ ကျနော်တို့ ရပ်ကွက်မှာ ဒုက္ခသည်ကူညီရေး အလုပ် စလုပ်ဖြစ်လာတယ်။ ရန်ကုန်မြို့ အဖျားပိုင်းက မြို့သစ် ဖြစ်ပေမယ့် ဆူးလေဂိတ်နဲ့  တိုက်ရိုက် လိုင်းကားရှိတဲ့ နေရာဆိုတော့ အတော်နေထိုင်ရ ဆက်သွယ်ရလွယ်တဲ့ နေရာလေးလို့ ပြောရင်ရပါတယ်။

ဒီ မြို့သစ်ရပ်ကွက် လေးလဲ နာဂစ် ဒဏ် အဖျားခတ်ပြီး ထိလိုက်သေးတာပဲ။ ဆင်းရဲသားအများစု နေတဲ့ မြို့ သစ်လေးဆိုတော့ သူတောင်းစား ခွက်ပျောက် တဲ့ဖြစ်ရပ်နဲ့  နှိုင်းရင်တောင် ရမယ်။ လူအများစု အတော်ဒုက္ခရောက်ကုန်ကြတယ်။ သူရောက်လာမှ ဒုက္ခသည်တွေကို စားစရာတွေ၊ ၀တ်စရာတွေ သူကိုယ်ပိုင်ကားနဲ့ ဝေတာ တွေ့ ရတယ်။ ရပ်ကွက်မီးကင်းကိုလည်း ညဘက်မှာ မုန့် ပဲသရေစာ အမြဲလှူလေ့ရှိတယ်။ အောင်မယ် ကျောင်းစအဖွင့်မှာ ဆင်းရဲသားတွေကို စာအုပ်၊ခဲတန် ၊ဘောပင်စတာတွေတောင် လှူလိုက်သေး။လူအများစုက မောင်မင်းကြီးသားကို မြန်မာတို့  ထုံးစံအတိုင်း ကျန်းမာ ချမ်းသာပါစေ ဆုတောင်းပေးကြတာပေါ့၊ မနက်ပိုင်း သူ့အိမ်နာက ဖြတ်အသွားမှာ အဲဒီလူဘုရားရှိခိုး ဆုတောင်းတဲ့ အသံ ထွက်လာတာက

တကမ္ဘာလုံးမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ၊

လူအချင်းချင်းချင်း နှိပ်စက်ချင်း ကင်းရှင်းကြပါစေ၊

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

--ကြားကြရဲ့ လား၊ တော်တော် -တော်တဲ့ အလှူရှင် လူသူတော်ကောင်း ဗျ။

==အချီးမွမ်း မစောကြနဲ့ ဦး။ သူက ဘာမှန်းမသိ။ ညာမှန်းမသိနဲ့။

--အောင်မာ ခင်ဗျားက သူ့ ကိုဘယ်လိုလူ ထင်နေလို့တုန်း၊ ဘယ်လိုအထောက်အထားနဲ့ များ ဝေဖန်ရတာတုန်းဗျ။

==ကျနော်တိတိကျကျ မြင်လို့ သိလို့  ဒီလူကို ဝေဖန်နိုင်တာပေါ့ ဗျာ။

--ပြောပါဦး။ခင်ဗျား အထင်မကြီးချင်ပုံက-

==ကျုပ်တို့ ရပ်ကွက်အတွက်ရတဲ့ လေဘေး ခွဲတမ်းတွေထဲက တ၀က်-သူ ကျုပ်ဆီအမြဲ လာရောင်း နေတဲ့ ကျုပ်ဖောက်သည်ဗျ၊ ကျုပ်က လေဘေးပစ္စည်း မှောင်ခိုရောင်းနေတဲ့လူ။

--ဟေ---------

                          သမိန်စစ်မုန်း

----------------------------------

ခေတ်အပျက်မှာ ကြီးပွါးကြသူများ

မြန်မာနိုင်ငံမှာ နာ၈စ်လေမုန်တိုင်းကြောင့် ပြည်သူအများသေကြေခဲ့ ကြရသလို လက်ရှိလည်း ဒုက္ခ္ခပင်လယ် ဝေနေရတဲ့ သူတွေ သန်းချီရှိနေတယ်၊ ဆက်လက် အသက်ရှင်ရပ်တည်နိုင်ဖို့  အကူအညီတွေ အရေးပေါ် အများကြီး လိုနေဆဲပါပဲလို့  နိုင်ငံတကာ ကူညီရေး လေ့လာသူများက သတင်းထုတ် ပြန်ကြပါတယ်။

နအဖ ဘက်ကတော့ လေဘေးသင့် ပြည်သူတွေက လယ်ကွက်တွေထဲမှာပေါက်နေတဲ့ ကန်စွန်းရွက်တွှေ သဘာဝသီးနှံတွေနဲ့  ချောင်းမြောင်းတွေထဲက ပရိုတိန်းဓါတ်အပြည့်ရှိတဲ့ ငါးတွေဖမ်းပြီးစားသောက်နေကြလို့ အရေးပေါ် အကူအညီ မလိုဘူး။လေဘေးသင့်ပြည်သူတွေဘ၀ ပြန်လည်တည်ဆောက်ဖို့ ဒေါ်လာငွေတွေ ဘီလီယံနဲ့ ချီပြီး အလှူငွေ ကူညီကြပါလို့ သတင်းထုတ်ပြန်ပါတယ်။

အောက်တန်းလွှာ ဆင်းရဲသားပြည်သူတွေ ဒုက္ခနဲ့  ရင်ဆိုင်ကြရပေမယ့် စစ်ဗိုလ်ချုပ်အသိုင်း အ၀ိုင်းကတော့ ကြီးပွါးသတက် ကြီးပွါးချမ်းသာနေကြတာ အများအမြင်ပါ၊ သူတို့ကတော့ ခုလိုဆက်လက် ချမ်းသာနိုင်အောင် လက်နက်အားကိုး၊ တရားအားထုတ်( တရုတ်အားထား)တဲ့ နည်းတွေအပြင် ၊ဘာသာ ရေးကုထုံး။ ဗေဒင်ကတြာ ကုထုံးတွေနည်း သူတို့ ကံကြမ္မာကို အကောင်းဆုံးဖြစ်အောင်ဖန်တီးနေကြပါတယ်။

တနေ့ ဗေဒင်ဆရာယောက်အိမ်ကို ဗေဒင်မေးသူ အမျိုးမီးတယောက် ကားတစီးနဲ့ ရောက်လာတယ်။ ဗေဒင်ဆရာက

--စီးပွါးရေး၊ ရထူးတိုးတက်ရေး နဲ့ ကလေးတွေ နိုင်ငံခြား ကျောင်းသွားတက်ဖို့လာခဲ့တာ မဟုတ်လား၊

==မှန်လိုက်လေ--ရှင်။

--ဗိုလ်မှူးကြီးလည်း မကြာခင် ရထူးတိုးဦးမှာ။

==ရှင်၊

--စီးပွါးရေးကလည်း ဒီရေအလား တိုးတက်မှာ မြေကြီးလက်ခတ် မလွဲပဲ။

--အို ၊ တကယ်၊

--ကလေးတွေ နိုင်ငံခြားသွားဖို့ လည်း စင်္ကာပူ လောက်ဆိုရင်တော့ မြန်မြန် ချောမွေ့ သွားမှာပါ။

==ကျေး--ကျေးဇူးပါပဲဆရာ ။ဥာဏ်ပူဇော်ခ အပြင် အထူးလက်ဆောင် လေးတွေနဲ့ ကန်တော့ပါ တယ်၊ ပြန်ခွင့်ပြူပါဦး။

      ဧည့်သည်ထွက်သွားပြီးနောက် ဗေဒင်ဆရာ အနီးမှာရှိတဲ့ မိတ်ဆွေက

--ခင်ဗျားဟောချက်တွေ ကွက်တိပါလား။ ဝေဒ ပညာအပြင် အကြားအမြင်ပါ ရနေပြိလားဗျာ။ ဘာကိုကြည့်ပြီး အလုလိုကွက်တိမှန်အောင် ဟောချ လိုက်တာလဲမှာ။

--သူစီးလာတဲ့ စစ်ဗိုလ်တွေသာရနိုင်တဲ့ အရပ်ဘက်ထူးရှယ် ကားရယ်။ သူ့ကလေး စားနေတဲ့ လေဘေးချောကလက်ရယ်၊ ကျုပ်ကို အမှတ်တမဲ့ ကန်တော့ သွားတဲ့ လေဘေး ဗီတာမင် ဘီစကွတ်နဲ့ ခေါက်ဆွဲခြောက်ရယ် ကြည်ပြီး အခုလို မှန်အောင် ဟောလိုက်နိုင်တာပါ။

==  ဗျာ----

အာပြဲမောင်  ၈။၀၆။၀၆

--------------------------

လူညံ့စာရင်း

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဘေးဒဏ် ခံရတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာက ၀ိုင်းဝန်းကူညီ ဖို့  လုပ်ကြပါတယ်၊ စစ်အစိုးရဘက်က အကူပစ္စည်း တွေ၊ငွေတွေကို နအဖစစ် အစိုးရ လက်ကို အပ်ရမယ်၊ ပြီးတော့မှ စစ်တပ်က ပြန်ဝေပေးမယ်လို့ ဆိုပါတယ်၊

တချို့ ပြည်သူတွေကတော့ နအဖ စစ်အစိုးရလက်အပ်ရင် ပြည်သူတွေဆီ မရောက်ဘဲ စစ်တပ်က ယူလိုက်လိမ့်မယ်၊  အလှူရှင်တွေကိုယ်ဆိုင် ဝေပေးမှ ဖြစ်မယ်လို့ လည်း ဆိုကြပါတယ်၊ အမေရိ ကန်၊ ပြင်သစ်၊ အင်္ဂလန် နိုင်ငံတွေကတော့  အမြန် ကူညီမယ်ဆိုပြီး စစ်သင်္ဘောတွေနဲ့  ချီတက်လာပြီး မြန်မာ အစိုးရက ၀င်ခွင့် မပေးလို့  ပြန်ဆုတ်ရတော့မယ် လို့ သိရပါတယ်။

နအဖ စစ်အစိုးရက ရန်ကုန်မှာ ကူညီရေးညီလာခံကို အာစီယံနိုင်ငံတွေရယ်၊ အနောက်နိုင်ငံတွေ ရယ်၊ စုစုပေါင်း ၅၁ နိုင်ငံ တက်ရာက်ပြီး၊ဘယ်လို ကူညီ ရေး ဆွေးနွေးကြရာမှာ နအဖ စစ်အစိုးရက  အမေရိကန် ဒေါ်လာ ( ၁၁)ဘီလီယံ ၀ိုင်းဝန်း ကူညီဖို့ တောင်းခံ ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်ရံတော်ကို

--ဘာတွေ စဉ်းစားနေတာတုန်း။

==လောကမှာ  "လူအ "တွေ ခံရပြီး လူလည်တွေ ကြီးပွါးကြတာ စဉ်းစားနေတာပါ။

--ဟုတ်တာပေါ့ကွာ။ အခု ငါတို့က လေဘေးဒုက္ခသည်တွေကို အကြောင်းပြပြီး ငွေတောင်းထားတာ  "ငအ " တွေ ပေးမယ်ထင်လား။

==ကျနော်လည်း အဲဒါစဉ်းစားနေတာပါ၊ မြန်မာစစ်ခေါင်းဆာင်တွေနဲ့  နိုင်ငံတကာက ခေါင်းဆောင်တွေ ဦးနှောက်အရည်အချင်း ယှဉ်တဲ့ ပွဲပဲ။

မင်းဘယ်လိုထင်လဲ။

==ဗိုလ်ချုပ်မှူးကြီးတို့ တောင်းတဲ့ လေဘေး ကူညီငွေ "၁၁ ဘီလီယံ" သူတို့ က ပေးခဲ့ ရင် သူတို့ က  "အလို့  "  -သူတို့ကို  "လူညံ့တွေလို့"  သတ်မှတ်ရမှာပါ

--မှန်တာပေါ့ကွာ။

==ဒါပေမယ့်။ 

--ဘာ-ဒါပေမယ့်လဲ။

==တကယ်လို့ သူတို့က မပေးဘူးဆိုရင်  "လူညံ့-လူအ  "နေရာမှာ သူတို့ နာမည်တွေဖျက်ပြီး ဗိုလ်ချုပ်မှူးကြီးတို့ ကို အစားထိုးရမှာပါ။။

     -------------"ဟေ" -----------------

ကိုကိုပွေလီ  ၁။ ၀၆ ။၀၈

------------------------------------

ဦးသန်းရွှေနဲ့  အဖွဲ့ အား ငရဲ မကြီးအောင်ရိုက်နည်း

မြန်မာနိုင်ငံမှာ မေ ၂ ရက်နေ့က နာဂစ် မုန်တိုင်းကြီးမွှေလိုက်လို့ ပြည်သူအများ ဘ၀ပျက်နေတာ ကမ္ဘာ့ တီဗွီဖန်သားပြင်မှာနေ့ စဉ် နိုင်ငံတကာမှ လူအများ က ကြည့်ရှုပြီး မြန်မာပြည်သားများနဲ့ ထပ်တူ ပူဆွေးရတဲ့အချိန်မှာ နအဖ ဗိုလ်ချုပ်တွေကတော့ အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲ အောင်ပွဲရလဒ်ကို ၀မ်းသာ အားရ ကြေငြာပြီး ကြည်နူး နေကြပါတယ်။

နအဖဆရာ တရုတ်ကြီးလည်း မြန်မာပြည်နဲ့ မရှေးမနှောင်းပဲ ငလျင်လှုပ်လို့ လူတွေ ထောင်ချီသေ ရပြန်ပါတယ်။ ဒါပေမယ့် ဆရာတရုတ်ကြီးက မြန်မာ ပြည်ကို အကူအညီတွေ မယူဖို့ ၊ပိတ်ဆို့ဖို့ နအဖကို လက်တို့ တိုက်တွန်းပြီး သူတို့ ကျတော့ အမြန်ဆုံးနည်းနဲ့ နိုင်ငံတကာကို အကူအညီတွေတောင်း၊ သမ္မတ ဟူကျင်းတောင် ကိုယ်တိုင်  ကယ်ဆယ်ရေးတွေလုပ်ပြလို့ တရုတ်ခိုင်းတာလုပ်ပြီး ပြည်သူတွေကို ပစ်ထားတဲ့ နအဖစစ်အစိုးရကို မြန်မာပြည် သားတွေက ဒေါသထွက်မဆုံး ဖြစ်နေကြပါတယ်။

--တောက်-- ခေါင်းဆောင်လုပ်ပြီး ခေါင်းဆောင်ရာထူးနဲ့ မတန်တဲ့ကောင်တွေ-- ဟင်းဟင်း၊

==ငါသာ ရုပ်ရှင်တွေထဲကလို စူပါမင်းတို့ ၊စပိုက်ဒါမင်းတို့ လို စွမ်းအားရှိရင် ဒီကောင်ကြီးတွေကို  ကြိမ်နဲ့  ရိုက်ပြီး ဆုံးမလိုက်ချင်ပ။

--သူတို့တွေက  လူကြီးတွေဆိုတော့ ဒို့ လူငယ်တွေက ရိုက်လား၊နှက်လားလုပ်ရင် ငရဲ ကြီးမှာပေါ့၊

ဒီအချိန်မှာ ဗဟုသု ရှိပြီး ဥာဏ်ကြီးတဲ့ ဦးဘမောင်က

==အောင်မာ- ငရဲ မကြီးတဲ့ နေရာရွေး ။ရှောင်ပြီး ရိုက်တတ်ရင် ငရဲ မကြီးနိုင်ပါဘူး မောင်တို့ ရာ။

--ဟ- လုပ်ပါဦး အဘရာ။ အရိုက်ခံရမယ့် သူက လူကြီးဆိုတော့ ခြေသလုံးကို ရိုက်ရင် ငရဲ ကြီးမလား။

==မကြီးဘူး။

--တင်ပါးကို ရိုက်ရင်ရော၊

== ငရဲ မကြီးဘူး။

--ခေါင်းကို ရိုက်ရင်ရောဗျာ။

==မကြီးဘူး။

--ဘယ်နေရာကို ရှောင်ပြီး ရိုက်ရင် ငရဲ မကြီးဘူးလဲ၊ ဘကြီး၊

==ဗိုက်ကို မရိုက်နဲ့ ။ အဲဒါရှောင်ပြီးရိုက်ရင် ငရဲမကြီးဘူး။

--ဘာလို့ ဗိုက်ကို ရှောင်ရိုက်ရမှာလဲဗျာ။

==ဟာ ။ အပါ့ကွာ။ သူတို့ ဗိုက်ထဲမှာ တိုင်းပြည့် ဘဏ္ဍာတွေ၊ နိုင်ငံတကာက နာဂစ်လေဘေး အလှူ ပစ္စည်းတွေ ရှိတယ်ဟ၊ ကုလ သမ၈္ဂနဲ့  နိုင်ငံတကာကတောင် ဒင်းတို့ ခိုးတာ၊စားတာ သိကုန်ပြီ။

သမိန်စစ်မုန်း(၁၉။၀၅။၀၈)

----------------------------------

ဆန္ဒခံယူပွဲကို ကူညီမည့် သူများ

မြန်မာနိုင်ငံမှာ နာဂစ် ဆိုက်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် မြို့ တော် ရန်ကုန်အပါအ၀င် ပြည်နယ်တိုင်း ၅ ခု အကြီးအကျယ် ပျက်စီးခဲ့ရ ပါပြီ၊ ပြည်သူ ၁ သိန်းကျော်ခန့်  သေဆုံးကြရပြီး  သောင်းနဲ့ ချီ ပျောက်နေ ကြရ ကြောင်း ၊ လူနေ အိုးအိမ်တိုက်တာတွေ များစွာ ပျက်စီးပြီး ကပ်ဘေးဆိုက်နေကြရတာ လည်း ကမ္ဘာ့ လူထုက သိရှိရလို့ စိတ်မချမ်းမသာဖြစ်ကြရပါတယ်၊

နအဖ စစ်အစိုးရကတော့ ပြည်သူ့  ဒုက္ခနဲ့  ပျက်စီးမှု ၊ နိုင်ငံတကာမှ ကူညီမှု စတာတွေ ကို မျက်ကွယ် ပြုကာ သူ့ အာဏာမြဲရေးကိုသာ ရှေ့ ရှု ပြီး မေလ ၁၀ ရက်နေ့  အခြေခံ ဥပဒေ အတည်ပြု ရေး ဆန္ဒခံယူပွဲကို လုပ်ဖို့ ရက်စက်မှုအပေါင်း သရဖူ ဆောင်းကာ မိုက်ပြဲ မိုက်ပြပါတော့မယ်။

အင်အယ်လ်ဒီအပါအ၀င် ပြည်သူတွေက  လေမုန်တိုင်း အပျက်အစီးတွေ ပြန်လည်တည်ဆောက်ဖို့ ၊ ဘ၀ပျက် ရသူတွေကို မျက်ရည်သုတ်ပြီး အကူအညီ ပေးနိုင်ဖို့  မေ ၁၀ ရက် ဆန္ဒခံယူပွဲကို ရက်ရွှေ့ ဖို့ တောင်းဆိုတာ ကို မရတဲ့အပြင် အမေရိကန်နဲ့  ပြင်သစ်က ကူညီရေး အဖွဲ့ တွေကိုလည်း နိုင်ငံရေး ၀င်ရောက်စွက် ဖက်မယ်ဆိုကာ အကူအညီတွေ ပြည်ဝင်ခွင့် မပေးသေးပါဘူး။

စစ်အစိုးရက ကန့် ကွက်မဲ ပေးမှာစိုးလို့ ၀န်ထမ်းတွေကို ရုံး ဌာနတွေမှာ မိသားစုလိုက် လူနာမည်၊ ရာထူးနဲ့ တကွ အိပ်ပိတ် ဆန္ဒမဲတွေ ယူနေပါတယ်။ ၀န်ထမ်း မှန်သမျှ ကြောက်ကြောက်နဲ့  ထောက်ခံမဲ ပေးနေကြရ ကြောင်း ရင်ဖွင့် သံတွေလည်း ကြားရသလို ရွေးကောက်ပွဲ ကော်မရှင်ကလည်း လေသံ တိုးညှင်းစွာနဲ့  ဒီလို မလုပ်သင့်ကြောင်း ကန့် ကွက်သံ ကြားရပါတယ်။

ဒီအချိန်မှာ လူတယောက် နွားတအုပ်ကို မောင်းနှင်ပြီး ရွေးကောက်ပွဲ ကော်မရှင် ရုံးထဲကို ရောက်လာပါ တယ်။

-ဟေ့ ဟေ့။ ဘယ့်နှာကြောင့် ရုံးထဲ နွားတွေ မောင်းဝင်လာရတာလဲ။

---ကျနော့် နွားတွေက ရွေးကောက်ပွဲ ကော်မရှင်ရုံးကိုသွားချင်လို့ ကူညီပါဆိုပြီး တောင်းဆိုကြလို့ လိုက်ပို့တာ။

-အောင်မာ နွားက လူစကား တတ်မလားကွ၊ ဆန္ဒခံယူပွဲ လှောင်ပြောင်မှုနဲ့ "ထောင်တသက် လွတ်ရက်မရှိ "ဖြစ်သွားချင်သလား။

---ကျနော်ပြောတာ မယုံရင် ဟောဒီက ခေါင်းဆောင်နွားကြီးကို မေးကြည့်ပါဗျာ။

== မှန်ပါတယ်။ ကျုပ်တို့ နွားတွေက နအဖစစ်အစိုးရဲ့  ဆန္ဒ ခံယူပွဲကို ကူညီချင်လို့ပါ။

-မဖြစ်နိုင်တာ၊ ဘယ်လိုလုပ်နွားတွေက ကူညီနိုင်မှာလဲ။

== ဖြစ်နိုင်လို့ပဲ ရပ်ကွက်ထဲမှာ လူတွေ ပြောနေကြတာ ကြားရလို့ ဒီရုံးကို လာခဲ့ကြတာပါ။

-ရက်ကွက်ထဲမှာ လူတွေဆီက ဘယ်လိုကြားရလို့လဲ။

==မုန်တိုင်းကြောင့် လူတွေ သိန်းချီသေပြီး တတိုင်းပြည်လုံး ၀မ်းနဲနေရတဲ့အချိန်မှာ လူစိတ်မရှိတော့တဲ့ နွားတွေ နဲ့ နွားနောက်လိုက်တွေပဲ မဲရုံမှုးတို့ ၊မဲရုံစောင့်၊ မဲရုံ လုံခြုံရေးတို့  လုပ်ကြမှာ သေချာတယ်တဲ့၊

-----"ဟေ"

အောင်မောင်းသစ် (မေ ၉)

ဆန္ဒခံယူပွဲ အမှတ်တရ

 

---------------------------------

လူပျင်း

မြန်မာနိုင်ငံမှာ   စစ်အစိုးရက ရေးဆွဲတဲ့ အခြေခံ ဥပေဒေကို အတည်ပြုဖို့ ပြည်တွင်းမှာ ပြည်သူ့ဆန္ဒခံယူပွဲ မေ ၁၀ ရက်မှာ လုပ်ပါတော့မယ်၊ နိုး ဆိုတဲ့ ကန့် ကွက်သံတွေဟာ ပြည်က မြန်မာသံရုံးတွေ ရှေ့ မှာနဲ့ ပြည်တွင်းမှာရောပါ ဆူညံနေပေမယ့် နအဖ စစ်အစိုးရကတော့ ညစ်ဥာဏ်သုံးပြီး သူတို့ အာဏာမြဲဖို့ အနိုင်လုပ်မယ်လို့လဲ ခန့်မှန်းပြော ဆိုနေကြပါတယ်။

ကျောင်းသား လူငယ်တွေ၊ ရဟန်းတော်တွေနဲ့  အမှန်တရားလိုလားတဲ့ ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ သူတွေက နအဖရဲ့  ထောက်ခံမဲပေးဖို့ ဆိုင်းဘုတ်တွေကို မှုတ်ဆေးတွေနဲ့ လိုက်လံ ကြက်ခြေ ခတ်နေကြပါတယ်။

နအဖစစ်အစိုးရကတော့ အရှက်တရားကင်းမဲ့စွာနဲ့  ပြည်သူတွေကို မျက်နှာပြောင်တိုက်ပြီး   မဲရုံနေရာတွေ သတ်မှတ်၊ မဲရုံမှူးတွေ ခန့်ပြီး ကန့်ကွက်မယ့် သူတွေရန်က ကာကွယ်ဖို့ ရဲ၊ စွမ်းအားရှင် ကြံ့ ဖွံ့ အင်အားတွေနဲ့ လုံခြုံရေးတွေ ထူထပ်စွာချနေပါပြီ။ ဒီလိုလုပ်ခွင့် ရနေတာကိုပဲ  စစ်သား၊ ရဲ၊ စွမ်းအားရှင်၊ ကြံ့ ဖွံ အဖွဲ့ ဝင်တွေက လက်မထောင် ဂုဏ်ယူနေတာလည်း မြင်တွေ့ နေရပါတယ်။

မဲရုံရှေ့က ဖြတ်ပြီးသားအဖ ၂ ယောက် ဖြတ်လျှောက်လာကြရာ မဲရုံဘေးဝန်းကျင်မှာရှိတဲ့ လုံခြုံရေးတွေ ကြည့်ပြီး ---

--- အဖေ့  " ဒီလူတွေက ဘယ်သူတွေလဲဟင် "

==  " စစ်တပ်က ပေးစာ ကမ်းစာ စားနေတဲ့  နအဖ နောက်လိုက် အချောင်သမား ကပ်ဖား လူပျင်းတွေပေါ့ သားရယ် "

အာပြဲမောင်

++++++++++++++++++++++++++++++

ဘိုးဘိုးအောင် ငိုချင်း ချရခြင်းအကြောင်း

 မြန်မာပြည်ငြိမ်းချမ်းသာယာဖို့ ရဟန်းတော်တွေရဲ့ မေတ္တာပို့ ဆုတောင်းပွဲကို (၂၀၀၇ စက်တင်ဘာလ က)လက်သံပြောင်စွာ စစ်အစိုးရကနှိမ်နင်းခဲ့တာ ကမ္ဘာကျော် သွားခဲ့ပါတယ်။ ပြည်တွင်းပြည်ပက နအဖ စစ်အစိုးရကို နိုင်ငံတကာက ဝေဖန်တာတွေ လျှော့နည်းစေဖို့ ပြည်တွင်းမှာ ရွေးကောက်ပွဲတွေ လုပ်ဖို့ပြင်ဆင်နေပါပြီ၊ ပြည်ပနိုင်ငံ အချို့နဲ့ ပြည်တွင်းနေရာ တချို့တွေ မှာ သူတို့ သတ်မှတ်ထားတဲ့ မေလ ၁၀ ရက်မတိုင်မီ  မဲပေးမှုတွေ စတင်နေပါပြီ။

ပြည်တွင်းမှာ ငြိမ်းချမ်းတည်ငြိမ်နေပါတယ်လို့ ပြောဆို အသံလွှင့်နေပေမယ့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ကန့်ကွက်ရေး လှုံ့ ဆော်သူ ရဟန်းတော်တွေ။ ကျောင်းသားပြည်သူတွေကို နေ့၊ည မရှောင် လိုက်လံဖမ်းဆီး နေပါတယ်။ နအဖ စစ်အစိုးရကတော့ ပြည်သူတွေဘက် ငဲ့မကြည့်တဲ့အပြင် လာမယ့် မေလ ၁၀ရက်နဲ့ ၂၀၁၀ တို့မှာ ပြည်သူတွကို တရားဝင် အနိုင်ကျင့်ခွင့်၊သတ်ခွင့်ရဖို့  အခြေခံဥပဒေ ဆန္ဒခံယူပွဲတွေ ၊ ရွေးကောက်ပွဲတွေ လုပ်တော့မှာပါ။

ဘာသာရေး အယူအဆကြီးသူ လူငယ်(၃)ဦး၊ အထက်ဘိုးတော် ပုဂ္ဂိုလ်ကြီးတွေရှိမယ့် မဟာမြိုင်တောကို လိုက်သွားပြီးရှာဖွေ အကူအညီတောင်းကြ ရာ--

--အဘက ဘိုးဘိုးအောင် ဆိုတာ လားဟင်။ကျနော်တို့က မြန်မာနိုင်ငံက လာတာပါ၊

==အေးကွဲ့၊ အဘ တတ်နိုင်သလောက်ကူညီရသေး သပ၊ အများအတွက် အကျိုးရှိမယ့်  လိုရာဆု တောင်းကြကွဲ့၊

ပထမလူငယ်--"လူတွေကို ကောင်းကျိုးမပေးတဲ့ ကြမ်းပိုး၊ ခြင်၊ပိုးဟပ်၊ ပရွက်ဆိတ်တွေကို ကျွဲ နွားတွေ အဖြစ်ပြောင်းပေးပါ၊"

"ပြည့်စေ မောင်းမင်း"ဆိုပြီး ဆေးတောင်ဝှေးနဲ့ တချက်ဝှေ့လိုက်တာ အနီးမှာရှိတဲ့ ပိုးကောင်ငယ်တွေ ကျွဲနွားတွေ ဖြစ်ကုန်သတဲ့။ပြီးတော့ အဲဒီ ဆေးတောင် ဝှေး လူငယ်ကိုပေးတယ်။</