အော် ... အကြီးအကဲရယ်
ကြိုင်လှမောင်မောင်

ကိုယ်ရေးအတွင်းရေးမှူး။ ။
နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တမြို့လုံးနီးပါး ပျက်စီးသွားပါတယ်၊
ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင် ပြည်နယ်နဲ့  မွန်ပြည်နယ်တွေလဲ
အားလုံးနီးပါး ပျက်စီးသွားပါတယ်၊ ကျနော်တို့ ဘာ အရင် စ လုပ်ရမှာပါလဲ၊
အကြီးအကဲ။ ။ ဟေ ဟုတ်လား၊ ရန်ကုန်မှာ
မုန်တိုင်းအန္တရာယ်ကျရောက်နိုင်လို့  ကြပ်ပြေးနေပြည်တော်ကို ပြောင်းဖို
့အကြံပေးဟောတဲ့ ဗေဒင်ဆရာကို ဆုတွေလာဘ်တွေ အရင်ဆုံး ချီးမြှင့်လိုက်။
ကိုယ်ရေးအတွင်းရေးမှူး။ ။
မုန်တိုင်းကယ်ဆယ်ရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်သူများနဲ့ 
ကယ်ဆယ်ရေးပစ္စည်းနဲ့ ရိက္ခာများ ရန်ကုန်လေဆိပ် ရောက်နေပါပြီ။
အကြီးအကဲ။ ။ အဲဒါဆို
ပစ္စည်းတွေယူထားလိုက်၊ လူတွေပြန်လွှတ်လိုက်၊ ရမ်ဘိုတွေ ဘယ်နှစ်ယောက်ပါလာ
မှန်းမသိနိုင်ဘူး၊
ကိုယ်ရေးအတွင်းရေးမှူး။ ။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အဟာရပြည့်စုံပြီး အင်အားကောင်းဘီစကစ်တွေ
ရန်ကုန်လေဆိပ် ရောက်လာပါပြီ၊
အကြီးအကဲ။ ။ အားလုံးကိုမဖြန့် ဘဲ
သိမ်းထားလိုက်၊ ပြည်သူတွေစားမိလို့ ငါတို့ ကို အန်တုဆန့် ကျင်ဖို့ 
အားတွေရှိသွားဦးမယ်၊
ကိုယ်ရေးအတွင်းရေးမှူး။
။ ရိက္ခာနဲ့ အကူအညီတွေပို့ ပေးဘို့  စစ်ရဟတ်ယာဉ်တွေသုံးရမှာပါလား၊
အကြီးအကဲ။ ။ မသုံးနဲ့။ ၀န်ကြီးနဲ့ တိုင်းမှူးတွေ
မုန်တိုင်းသင့်နေရာတွေကို သွားရောက်စစ်ဆေးတာ တီဗွီမှာပြနိုင်အောင်
ဗွီဒီယို ရိုက်ပြဖို့ ပဲ သုံး၊
ကိုယ်ရေးအတွင်းရေးမှူး။ ။ အမေရိကန်နဲ
့အနောက်နိုင်ငံတွေက ကယ်ဆယ်ရေးကျွမ်းကျင်သူများ၊ လုပ်သားများပါတဲ့
လေယာဉ်တွေ စစ်သင်္ဘောတွေ လာဖို့ ကမ်းလှမ်းနေပါတယ်၊
အကြီးအကဲ။ ။ ပယ်ချလိုက်၊ နေပြည်တော်နဲ
့ငါတို့ကို ဖျက်ဆီးမယ့် အစီအစဉ်တွေ ပါလာမှာ သေချာတယ်၊ ပစ္စည်းတွေပဲပို့၊
လူတွေမလာနဲ့ လို့ ပြန်ပြောလိုက်၊
ကိုယ်ရေးအတွင်းရေးမှူး။ ။ လူတွေဆက်မသေအောင်၊
မုန်တိုင်းသင့်ပြည်သူတွေ အန္တရာယ်ကင်း ဘေးကင်းအောင်၊ ပြန်လည်
နေရာချထားရေးအစီအစဉ်တွေ ဦးစားပေးဆောင်ရွက်ရမှာမို့  ဆန္ဒခံယူပွဲကို ရွှေ
့ဆိုင်း.....
အကြီးအကဲ။ ။ မရွှေ့နဲ့။ ဆက်လုပ်။ ဒါက ငါတို့
အာဏာတည်မြဲရေး ငါတို့ ကောင်းစားရေး၊ ပြည်သူတွေကောင်းစားရေးကို နောက်ထား၊
ကြိုင်လှမောင်မောင်
x
x
x
ဆန္ဒခံယူပွဲ အထူးရှင်းတမ်း
ကိုလျှာရှည်

လေးစားအပ်ပါသော ရုပ်မြင်သံကြား ပရိသတ်အပေါင်းတို့ခင်ဗျား ကျွန်တော်များ
“ပြောချင်လွန်းလို့” စတူဒီယိုက နေပြီး “မင်္ဂလာပါ” လို့
နှုတ်ခွန်းဆက်သပါတယ် .. ။
ဒီနေ့ Live အစီစဉ်မှာတော့ မြန်မာပြည်တွင်မက ကမ္ဘာကပါ မျက်စိလည်သွားစေတဲ့
နအဖရဲ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကြေငြာချက် ကြောင့်
ရှုပ်ရှက်ခပ်ကုန်တာကို ရှင်းသွားအောင်လို့ နအဖရွေးကောက်ပွဲကော်မရှင်
ဥက္ကဌကို ကျွန်တော်များ စတူဒီယိုကို ဖိတ်ကြား ထားပါတယ်။ အခုဆိုရင်
တိုက်ရိုက် အသံလွှင့်ပေးမယ့် ဆိုင်ရာပုဂ္ဂိုလ်များလည်း အဆင်သင့်
ရောက်ရှိနေကြပါပြီခင်ဗျာ .. ။ ”
ပြောင်ရှည်တစ်ယောက် တိုက်ပုံတကားကားနဲ့ စတူဒီယိုထဲဝင်လာပြီး
စပ်ဖြီးဖြီးမျက်နှာနဲ့ ထိုင်ခုံပေါ်ထိုင်ချလိုက်တယ်ဆိုရင်ပဲ ..
လျှာရှည် ။ ။ “ ပရိသတ်များခင်ဗျား.. အခုမြင်နေရတာကတော့ ဥက္ကဌပါဗျာ..၊
ကိုင်း.. ဥက္ကဌကြီး မိတ်ဆက်ပေးပါဦး .. ”
ပြောင်ရှည် ။ ။ “ ဟဲဟဲ ကျွန်တော်ကတော့ မြန်မာပြည်ရဲ့အသက်သွေးကြောပမာ
အရေးကြီးနေတဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ မှာ ကျင်းပမယ့်
ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥက္ကဌ ဦးတောင်ဗြုန်းဖြစ်ပါတယ် ..။ ”
လျှာရှည် ။ ။ “ တောင်ဗြုန်းဆိုတော့ မင်းကြီးမင်းလေးကော နေကောင်းရဲ့လား
.. ”
ပြောင်ရှည် ။ ။ “ အင်း..၊ မင်းကြီးကတော့ သွေးရူးသွေးတမ်းပဲ ..၊
မင်းလေးကတော့ အမူးမပြေသေးဘူး နဲနဲများသွားတယ် ..(သြော် .. ယောင်ကုန်ပြီ)
”
လျှာရှည် ။ ။ “ ရုပ်မြင်ကြည့် ပရိသတ်ရေ.. ဥက္ကဌကြီး
အမှန်အကန်ယောင်တာပါ..၊ ဟုတ်ကဲ့ အခုလို မအားမလပ် အရှုပ်တွေ လုပ်နေတဲ့
ကြားက ...... ”
ပြောင်ရှည် ။ ။ “ သတင်းထောက် .. အလုပ်တွေရှုပ်တယ် လုပ်စမ်းပါ .. ”
လျှာရှည် ။ ။ “ သြော် ..၊ ဟုတ်ကဲ့ အလုပ်တွေရှုပ်နေတဲ့ကြားက အခုလိုလာပြီး
အသေးစိတ် ရှင်းလင်းပြောကြားပေးမယ့် ဥက္ကဌ ဦးတောင်ဗြုန်းကို
ကျေးဇူးတင်ပါတယ် ...၊ ဟုတ်ကဲ့ .. စလိုက်ရအောင် ..၊ အခု..
ဆန္ဒခံယူပွဲကြောင့်ပေါ့လေ ပြည်တွင်းမှာကော ပြည်ပ မှာပါ တော်တော်လေး
ဂယက်ရိုက်ကုန်တာပေါ့လေ ..၊ ဒီတော့ကာ ဒီဆန္ဒခံယူပွဲကို ဘယ်လိုဘယ်ပုံ
စီစဉ်ထားတယ်ဆိုတာလေး ရှင်းပြပေး ပါလား .. ”
ပြောင်ရှည် ။ ။ “ ဒါကတော့ အင်မတန်ရှင်းပါတယ် ..၊ ကျွန်တော်တို့သွားနေတဲ့
တရုတ်မက်ကို အကောင်အထည်ဖော်တာပါပဲလေ..၊ အခုဆို အဆင့်နှစ်ကို ပြင်ဆင်တာပါ
.. ”
လျှာရှည် ။ ။ “ နဲနဲရှင်းရှင်းလေးပြောပါလား..၊ တရုတ်မက်ဆိုလားလို့ .. ”
ပြောင်ရှည် ။ ။ “ သြော် .. အရေးထဲ ဘိုသံမပီဘူးဖြစ်သွားတာ
ရုတ်မက်ကိုပြောတာ..၊ အောင်မလေး .. မနဲပြောရတယ် .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့.. ဆက်ပါ ”
ပြောင်ရှည် ။ ။ “ ဆက်ရရင်တော့ အထုံးတွေက မနည်းဖြည်ရမယ်..၊
ရှုပ်လွန်းလို့ ဒီကြိုးတွေ ... ”
လျှာရှည် ။ ။ “ မဟုတ်ဘူးလေ.. ဆက်ပြောပါလို့ ပြောတာပါ .. ”
ပြောင်ရှည် ။ ။ “ သြော်.. မသိဘူး ..၊ အင်း..အဲလို ရုပ်မက်ကို
အပီအပြင်သွားတာပါပဲ ..၊ ဒါကို မဖြစ်မနေ လူကြီးတွေလမ်းညွှန်ချက်နဲ့ အညီ
ဆောင်ရွက်နေတာပါ .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ အဲဒီတော့ အိုကေမယ်လို့ထင်ပါသလား..”
ပြောင်ရှည် ။ ။ “ အိုဟို ..၊ မအိုကေလဲ အိုကေအောင်လုပ်မှာပါ၊
အခုဆန္ဒခံယူပွဲကို၊ ဘာညာဝေဖန်ရင် ထောင်၃ နှစ် .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ ဘယ်လိုမျိုးနေရာတွေမှာ ဆန့်ကျင်ရင်
ပြစ်မှုအကျုံးဝင်တယ်ဆိုတာလေး ရှင်းပြပေးပါဦး .. ”
ပြောင်ရှည် ။ ။ “ အဲ .. အထူးသဖြင့် .. မဲရုံနားတစ်ဝိုက်မှာ
မထောက်ခံဘူး၊ မဲမပေးဘူး၊ အဲလို ဘူးတွေချည်းလုပ်ရင် အကျုံးဝင်တယ် ဘူ..
တာတို့ ဘူးတို့ လုံးဝ အလိုမရှိဘူး .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ .. တကယ်လို့များ မဲလာထည့်တဲ့လူတွေထဲက
အီးပေါက်လို့ 'ဘူ' လို့ ထွက်ရင်ရော .. ”
ပြောင်ရှည် ။ ။ “ ဒါလဲ အကျုံးဝင်တယ် .၊ ဘာဘူမှ မဖြစ်ရအောင်ကို
အထူးစောင့်ကြည့်ခိုင်းထားတယ် .. ”
လျှာရှည် ။ “ ဟုတ်ကဲ့ .. ဘယ်လိုများပါလဲ .. ”
ပြောင်ရှည် ။ ။ “ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်တွေကို အနီးကပ်
ဘယ်ကောင်အီးပေါက်ပြီး ဆန့်ကျင်လဲကအစ စောင့်ကြည့်ခိုင်းထားတယ် ..”
လျှာရှည် ။ ။ “ ဒါဆို .. ဒီလူတွေက လာသမျှ လိုက်ကြည့်နေမယ့်သဘောပေါ့ .. ”
ပြောင်ရှည် ။ ။ “သိပ်မှန်တာပေါ့ ..၊ လုံးဝအပျက်မခံနိုင်ဘူးလေ..”
လျှာရှည် ။ ။ “မဲရုံက ဘယ်မှာထားမယ်စဉ်းစားထားလဲ .. ”
ပြောင်ရှည် ။ ။ “ သူ့ရပ်ကွက်နဲ့သူပေါ့..၊ အထူးသဖြင့်တော့
ကျောင်းတွေမှာပါ..၊ ဘက်ပေါင်းစုံမှာလဲ ကင်မရာတွေ တတ်ထားမယ်..၊
ပြီးတော့ကာ အထူးစောင့်ကြည့်မယ် ..”
လျှာရှည် ။ ။ “ မဲပုံးတွေကော .. အဆင်သင့်ဖြစ်နေပြီလားဗျ.. ”
ပြောင်ရှည် ။ ။ “ အိုး.. ဒါလား အခု (က.စ.လ) မှာ တရုတ်ပညာရှင်တွေနဲ့
ပူးပေါင်းပြီး အထူးမဲပုံးတွေ ထုတ်နေတယ် ..”
လျှာရှည် ။ ။ “ စိတ်ဝင်စားစရာပဲ ..၊ ဘယ်လို .. အထူးဆိုတာက ..
ဒါလေးသိပါရစေ .. ”
ပြောင်ရှည် ။ ။ “ တရုတ်ကလာတဲ့ ဂျက်ပေါ့ဆွဲတဲ့စက်လိုမျိုးပါ ..၊
ဘာထိုးထိုး ဒိုင်စားမှာလေ .. ”
လျှာရှည် ။ ။ “ ဒါ အတော် သမာသမတ်ကျအောင် ပြင်ဆင်ထားတာပဲ ..၊
နိုင်ငံခြားသတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာပေးတာတို့ မဲရုံနားမှာ
ဗီဒီယိုမှတ်တမ်းတင်တာတို့ လုပ်ပေးဖို့ အစီစဉ်များရှိခဲ့ရင်
တဆိတ်လောက်ရှင်းပြပေးပါလား .. ”
ပြောင်ရှည် ။ ။ “ အရမ်းလွတ်လပ်ပါတယ် ..၊ လွတ်လပ်စွာ
သတင်းယူခွင့်ရှိပါတယ် .. ပြီး…. ”
လျှာရှည် ။ ။ “ ဒါဆိုမဟာအခွင့်အရေးကြီးပဲ .. ”
ပြောင်ရှည် ။ ။ “ စကားမဆုံးသေးဘူး ..၊ ရိုက်ပြီးအခွေတွေကိုတော့
လေဆိပ်မှာထားခဲ့ရပါမယ် .. ”
လျှာရှည် ။ ။ “ သြော်.. ဒါဆိုသူတို့က အားအားယားယား
ရှော့ပင်လာထွက်တာပေါ့လေ ..၊ ထားပါတော့ ..၊ အင်တာနက်ခေတ်ကြီးမှာ
ဒီလိုနည်းနဲ့ရပါ့မလား .. ”
ပြောင်ရှည် ။ ။ “ အဲဒါကြောင့် ဧပြီလ နောက်ဆုံးပါတ်ကစပြီး အင်တာနက်
ရေအောက်ကေဘယ်လိုင်းတွေကို ငါးရွှေနဲ့ ငါးမန်းက မိတ်လိုက်ရင်း
စပြီးကိုက်ဖြတ်ပါလိမ့်မယ် ..၊ မပူပါနဲ့ .. ”
လျှာရှည် ။ ။ “ အင်း .. ကိုက်ပဲကိုက်နိုင်လွန်းတယ် ..၊ ဒါနဲ့ ..
နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတွေအတွက် မဲပေးအစီစဉ်လေး သိပါရစေ .. ”
ပြောင်ရှည် ။ ။ “ သြော် ..ဒါလေးများ အခုကတည်းက ထောက်ခံမဲတွေတပုံကြီး
လက်ခံရရှိလို့ပဲ သံရုံးအသီးသီးကနေ ပို့ပေးနေကြ ပြီလေ .. ”
လျှာရှည် ။ ။ “ မေလမှဟာကို အခုကတည်းက ဘယ်လိုဖြစ်တာလဲ ..၊
ရှင်းစမ်းပါဦးဗျ .. ”
ပြောင်ရှည် ။ ။ “ ခက်လိုက်တာ ..၊ သံရုံးမှာ မဲပုံးထောင်ရင်
မီးဝိုင်းရှို့မှာစိုးလို့ အခုကတည်းက သံအမတ်ကြီးတွေက ကိုယ်အစီစဉ်နဲ့
ကိုယ် ထောက်ခံမဲတွေကို လက်နဲ့ထိုးလိုက် ခြေနဲ့ထိုးလိုက်
ထိုးစရာခြေလက်ကုန်တော့ ရှိတဲ့ဟာနဲ့ထိုးပြီးပို့ကြတာပေါ့လေ .. ”
လျှာရှည် ။ ။ “ အင်း .. ၊ သံအမတ်ကြီးကတော့ဟုတ်ပါပြီ..၊ သံအမတ်ကြီးကျတော့
ဘာနဲ့ထိုးမှာလဲ .. ”
ပြောင်ရှည် ။ ။ “ ပတ်ကားနဲ့ ထိုးမှာပေါ့ ... ၊ ဘော(လ်)ပင်ကိုပြောတာပါ ..
”
လျှာရှည် ။ ။ “ အင်း .. သံအရာရှိတွေက အဆင်ပြေကျတော့ ဘောပင်ကောင်းကောင်း
ဝယ်နိုင်ကြတာကိုး..၊ ထားပါလေ အခုအိုင်စီ တွေလဲ တောရောမြို့ပါ
လုပ်ပေးနေတယ်ကြားတယ် ဟုတ်ပါသလားခင်ဗျ .. ”
ပြောင်ရှည် ။ ။ “ အိုင်စီတော့မသိဘူး..၊ လေးဇီးကလပ်နဲ့ အင်ပါယာတို့၊
ဟစ်ဟော့အဖွဲ့တို့ကတော့ မြို့ရောတောပါလိုက်ပြီး ဖျော်ဖြေ နေကြတာပဲ .. ”
လျှာရှည် ။ ။ “ ဟင် .. ခက်ပါလား..၊ အိုင်စီ ဆိုတာ Identity Card
မှတ်ပုံတင်ကိုပြောတာ .. ”
ပြောင်ရှည် ။ ။ “ သိဘူးလေ အဟင်း ..ဟင်း ..၊ ဟုတ်ပ .. အခု အကုန်
ပြည်မကြီးရော ..၊ တောရော အစုံလုပ်ပေးနေတယ် မခွဲခြားဘူး ..၊
တန်းတူလုပ်ပေးနေတယ် ..”
လျှာရှည် ။ ။ “ ဒီလောက်အချိန်နည်းနည်းလေးထဲ တပြိုင်တည်းမှာလုပ်ပေးရတော့
မျိုးရိုးဇာတိတို့ ..၊ နောက်ခံသမိုင်းတို့ အတိအကျ စစ်နိုင်ပါမလားဗျ ..၊
ဥပမာဗျာ ရှမ်းပြည်တရုတ်နယ်စပ်တို့ ဘာတို့လိုနေရာတွေပေါ့ .. ”
ပြောင်ရှည် ။ ။ “ ပြည်မကြီးနဲ့မခွဲခြားဘူးဆိုမှပဲ ..၊
ဘာဇာတိစစ်စရာလိုသေးလဲ .. ”
လျှာရှည် ။ ။ “ အင်း.. ဘယ်ပြည်မကြီးကိုပြောတာလဲမသိ ..၊ ထားပါတော့
မဲတွေကို အများပြည်သူ ၁၀ ယောက်ရှေ့မှာ ရေတွက်မယ် ဆိုတော့ ..၊ အဲဒီလူတွေက
ဘယ်လိုလူမျိုးတွေကို ပြောတာပါလဲခင်ဗျ .. ”
ပြောင်ရှည် ။ ။ “ မဲတွေကများတော့ တော်ရုံလူတွေမရေတွက်နိုင်ဘူးလေ ..၊
ဒါကြောင့်သမာသမတ်လဲကျအောင်၊ မြန်လဲမြန်အောင်လို့ မသာအိမ်လှည့်ပြီး
ဖဲရိုက်တဲ့လူတွေကို ခေါ်ထားပါတယ် ..၊ ကောင်းကောင်း
ကုလားဖန်ထိုးနိုင်ကြမှာပါ .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ လေးစားလောက်ပါတယ်၊ ကြိုတင်ပြင်ဆင်မှုတွေ
အင်မတိအင်မတန်မှပဲ အားရစရာကောင်းပြီး အတော့်ကို အကွက်စေ့လှပါတယ် .. ”
ပြောင်ရှည် ။ ။ “ ဒါပေါ့ဗျာ ကျုပ်တို့က ကမ္ဘာမှာ သူများနဲ့မတူအောင်
လုပ်ပြတာလေ .. ”
လျှာရှည် ။ ။ “ မဲမပေးတဲ့လူတွေကို အတင်းဆွဲလားရမ်းလားလုပ်ပြီး
ထည့်ခိုင်းမယ် ပြောနေကြတယ် ..၊ ဒါအမှန်ပဲလား .. ”
ပြောင်ရှည် ။ ။ “ အိုး.. နိုး..နိုး..၊ ဒါ ကောလဟလပါ ..၊ ဒီလိုလုပ်ရင်
သရုပ်ပျက်တယ်လေ ..၊ အဲဒီ လာမထည့်တဲ့ လူတွေအစား အထူးစပါယ်ရှယ်မဲပုံး
ဂျက်ပေါ့စက်က သူ့လိုလို ဒိုင်စားပြီးသားဖြစ်သွားမှာပါ..၊ မပူပါနဲ့ ..၊ ”
လျှာရှည် ။ ။ “ ပြည်သူအများကတော့ အခုဖွဲ့စည်းပုံကို လုံးဝမကြေနပ်ဘူး
ပြောတယ် ..၊ အဲဒါဘယ်လိုများ ဖြေရှင်းချက်ပေးချင် ပါသလဲ .. ”
ပြောင်ရှည် ။ ။ “ အဲဒီအတွက် ကျုပ်အနေနဲ့ ဘာမှမပြောနိုင်ဘူး ..၊
ဒါပေမယ့်တစ်ခုတော့ ပြောလို့ရတယ်..၊ အခုကျွန်တော်တို့ရဲ့ ဖွဲ့စည်း
ပုံအခြေခံဥပဒေကတော့ ..၊ ဥပမာပေးရရင် .. ကျားမီးဆွဲကိုကို နဲ့
မျောက်မူးလဲမမ ရုပ်ရှင်ကားလိုပဲ ဆိုတာပါပဲ .. ”
လျှာရှည် ။ ။ “ ဟုတ်ကဲ့ .. သဘောပေါက်ပါပြီ .. ၊ ဂမ်ဘာရီ
အခုမြန်မာပြည်ရောက်နေတော့ သူ့ကိုကော ဘာများရှင်းပြမယ်လို့
စဉ်းစားထားပါသလဲ .. ”
ပြောင်ရှည် ။ ။ “ ချိုမိုင်မိုင်လို့ပြောမှာပါ ”
လျှာရှည် ။ ။ “ ရုပ်မြင်ကြည့်ပရိသတ်အပေါင်းတို့ခင်ဗျာ ..၊ အခုမေလမှာ
ကျင်းပမဲ့ ဆန္ဒခံယူပွဲနဲ့ ပါတ်သက်လို့ ဥက္ကဌဦးတောင်ဗြုန်းက
သိသင့်သိထိုက်တာတွေကို ရှင်းပြပေးသွားပြီဖြစ်ပါတယ်။ ကျွန်တော်များ
ပရိသတ်ကြီးကကော မျောက်မူးလဲခံပြီး ကျားအမြီးဆွဲမလား။ သူတို့ကတော့
ချိုမိုင်မိုင် လုပ်နေပြီ ဒီတော့ ဒီတော့…….။
ဟုတ်ကဲ့ပါခင်ဗျာ .. အခု.. ကျွန်တော်တို့ ရတဲ့
အချိန်လေးအတွင်းကနေပြီးတော့ စီစဉ်ပေးရတာ ဖြစ်လို့ အချိန်မလုံလောက်တာ
အတွက် တောင်းပန်အပ်ပါတယ်ခင်ဗျာ..၊ နောက်အပတ် ဒီအချိန်၊ ဒီနေရာလေးမှာတော့
ကျန်တဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွေ ကို ထပ်မံ ထုတ်လွှင့်ပေးသွားမှာ
ဖြစ်ပါတယ်ခင်ဗျာ ..။
x
x
x
x
နှစ်သစ်ကူး အတွေးပုံရိပ်
ဝိသကြုံ
ခင်ဗျားသွားနှင့် လိုက်ခဲ့မယ် ဗိုလ်ထီးရေ
မဇ္ဈိမငြိမ်း
၅၀ ကျော်
ခြောက်နှစ်ပတ်လည်
သက်ငြိမ်
နည်းနည်းတော့ အိပ်ပျက်ခံပြီး ထကြည့်လိုက်မိတယ်
အရှင်ခေမာစာရ
(ရဟန်းပျိုသမဂ္ဂ)
သားငယ်...ကြားစေ
မြကြေးမုံ
ထင်ယောင်ထင်မှား ဖြစ်နိုင်သောအရာများ
ဝိသကြုံ