|
|
||
|
မြေဇာပင် မိုးသက်မုန်တိုင်း
မကြာသေးမီက ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်တို့၌ နာဂစ် ဆိုက်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသည့်အတွက်အကြောင့် ပြည်သူအများ အိုးမဲ့အိမ်မဲ့ဖြစ်သွားရကာ လူအသေအပျောက်မှာ သိန်းဂဏန်းအထိ ရှိသွားပြီလို့ သိရပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ပြိုလဲပျက်စီးနေတဲ့ အနိဋ္ဌာရုံမြင်ကွင်းများကို တီဗွီဖန်သားပြင်မှာ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရပါတယ်။ “ ငါ့အသက် ၈၀ကျော်ပြီ ဒီလိုအဖြစ်မျိုး မကြုံဖူးပေါင်” လို့ အသက်၈၀ ကျော် အဖွားအိုတစ်ဦးက ပြောခဲ့တာကိုလည်း တဆင့်စကားဖြင့် သိခဲ့ရပါသေးတယ်။ မုန်တိုင်းဒဏ်ခံရသော ရန်ကုန်တိုင်းအတွင်းမှာ ယခုအခါ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အခက်တွေ့နေရတဲ့အပြင် ကုန်ဈေးနှုန်းတက်တဲ့ ဒါဏ်ကိုလည်း ခံနေကြရပါတယ်။ ဒီလိုမြန်မာပြည်သားများ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံကြရတာဟာ အဘယ်အကြောင်းကြောင့်ဘာလဲ ၊ ကြံကြံဖန်ဖန် တွေးသည် ဟု မမှတ်ယူလင့်၊ အရာရာတိုင်းသည် အကြောင်းတရားမရှိဘဲ အကျိုးတရားများ မဖြစ်လာနိုင်ဘူး၊ မြတ်ဗုဒ္ဓရဲ့ ဆုံးမဟောကြားတော်မူချက်အရ အကြောင်းတော့ရှိလိမ့်မယ်လို့ တွေးမိပါတော့တယ်။ မကြာသေးမီ နှစ်အနည်းငယ်ဆီက ပြန်တွေးကြည့်လျှင် အာဖဂန်နစ္စတန်မှာ တာလီဘန်စစ်သွေးကြွများဟာ ဘုရားဆင်းတုတော်ကြီးအား လက်နက်ဖြင့် ဖြိုခွင်းခဲ့တဲ့ အတွက်ကြောင့် များမကြာမီ အာဖဂန်နစ္စတန်ပြည်သူများ စစ်ဘေးစစ်ဒါဏ်ခံခဲ့ရကာ အတိဒုက္ခရောက်ခဲ့ကြရသည်မှာ စာဖတ်သူများ အမှတ်ရနေကြဦးမှာ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားအလောင်းတော်ဟာ် ရသေ့တစ်ဦးဖြစ်ခဲ့ပါတယ်။ ရသေ့ဟာ မြင့်မြတ်တဲ့ သည်းခံခြင်း(ခန္တီပါရမီ)ကြောင့် ခန္တီဝါဒီရသေ့ရယ်လို့ နာမည်တွင်ခဲ့ပါသည်။ တိုင်းပြည်အုပ်ချူပ်မင်းလုပ်နေတဲ့ ကာလာဗုမင်းဟာ တစ်နေ့သ၌ မှူးမတ်ဗိုလ်ပါ စစ်သည် မောင်းမမိဿံများနှင့်အတူ တောကစားထွက်ခဲ့ရာ နေ့လည်ဘက် ပွဲတော်တည်ပြီး(ထမင်းစားပြီး) မောင်းမငယ်တစ်ဦး၏ ပေါင်ပေါ်တွင် စက်တော်ခေါ်ခဲ့ပါတယ်။ ( အိပ်ပျော်သည်ဟုဆိုလိုသည်)။ “ ရှင်ဘုရင်များနော်……. မှူးမတ်သေနာပတိ ဗိုလ်ပါများ လူယုံများ ရှိနေပါလျှက်နဲ့ မောင်းမငယ်၏ ပေါင်ပေါ်တွင်မှ စက်တော်ခေါ်ရတယ်လို့၊ ကိုယ်လုပ်တော်မောင်းမဆိုတော့ သူရဲ့ မိဖုရားငယ်တွေဖြစ်နေတာ၊ ဒါကြောင့် ဒီလိုအိပ်တာ ဖြစ်နိုင် ပါတယ်။ ရှင်ဘုရင်ဆိုတာတိုင်းပြည်ကိုသာ အစိုးရရုံမျှမဟုတ် ကာမဂုဏ်အပေါ်မှာလည်း အစိုးရဟန်တူပါရဲ့နော်” ။ ယခုခေတ် မြန်မာပြည်ဂေါက်ကွင်းများတွင် အမျိုးသမီးငယ်များ အလုပ်အကိုင်ပေါများလျှက်ရှိပေသည် ငွေရပေါက်ကောင်းသည်။ ဘာကြောင့်နည်း။ ထိုဂေါက်ကွင်းတွင် လုပ်ရသည့်အလုပ်က သူတို့ဂေါက်ရိုက်ရာနောက် တကောက်ကောက်လိုက်ကာ ထီးတော်မိုးအလုပ်ဖြစ်သည်။ ထိုအလုပ်တွင်လုပ်ကိုင်နိုင်ရန် အရည်အချင်းမှာ (၁) ရုပ်ရည်ချော မောပြေပြစ်ရမည်၊(၂) အသက်ငယ်ရမည်၊ ဒါဆိုရင် အလုပ်ရဖို့ သေချာသလောက်ရှိသည်။ အသက်ငယ်ပြီး အရုပ်ချောမောသူကို ဆိုင်ရာလူကြီးများက အမေပြောတဲ့ အမောပြေအောင် မျက်စိပသာဒ ကောင်းအောင် ငွေပေးပီး ထီးမိုးတဲ့အလုပ်ကို ခိုင်းကြပါတယ်။ အဲဒါ သဘာဝပဲလားတော့မသိ ၊ ဆက်ရေးဦးမယ်…..ဇာတ်လမ်းကမဆုံးသေးဘူး။ ကာလာဗုမင်း အိပ်ပျော်နေစဉ် မောင်းမငယ်တစ်ချို့ဟာ တောထဲ ဟိုနားဒီနားကို သွားရောက်လည်ပတ်ကြရာ တောထဲတွင် ရသေ့တစ်ပါးနှင့်တွေ့ကာ စကားစမြည်ပြောပြီး ရသေ့ထံမှ တရားစကားနာကြားနေပါတော့တယ်။ ကာလာဗုမင်းကြီး အိပ်ရာက နိုးလာတဲ့အခါ ကိုယ်လှုပ်တော်မောင်းမများကို မမြင်ရတဲ့အတွက် လိုက်လံစုံစမ်းရာ ရသေ့နှင့်စကားပြောနေကြတ်ာကို တွေ့မြင်ရတယ်ဆိုရင်ပဲ၊ ဘုရင်သည် ရသေ့အပေါ် ဒေါသအမြက် ချောင်းချောင်း ထွက်ကာ ရသေ့အား အငြိုးထားပါတော့တယ်။ ဒါကြောင့် ရသေ့အား ရှင်ဘုရင်က “ အရှင်ရသေ့…သင်သည် အဘယ်ဝါဒရှိသလဲ” မေးရာ ရသေ့က “ ကျုပ်ကား သည်းခံခြင်းဝါဒ ရှိပါတယ်” ပြန်လည်ဖြေကြားခဲ့ပါသည်၊ ဒီလောက် တောင် ရှိလှတာ ဘယ်လောက်သည်းခံနိုင်တယ်ဆိုတာသိအောင် ဒိဋ္ဌလက်ငင်းတွေ့စေရမယ်၊ လို့တွေးကာ ရသေ့အား ဒေါသထွက်လှတဲ့အတွက် အာာဏာပါးကွက်သားများကို ခေါ်ပြီး ရှေးဦးစွာ ရသေ့ရဲ့ လက်ကို အဖြတ်ခိုင်းခဲ့သည့်အပြင် ခြေကိုလည်း အဖြတ်ခိုင်းခဲ့ပါတယ်။ ရှင်ဘုရင်ကြီးရဲ့အမိန့်ပေးချက်အရ အာဏာသားတွေရဲ့ နှိပ်စက်မှုဒဏ်ကို ခံရကာ ခန္တီဝါဒီရသေ့သည် သွေးအိုင်ထဲတွင် ပြင်းထန်သောဝေဒနာကို ခံစားလျှက် မင်းကြီးကျန်းမာပါစေ၊ အာဏာပါးကွက်သားများလည်း ကျန်းမာပါစေ၊တိုင်းသူပြည်သားများလည်း ကျန်းမာပါစေ လို့ မေတ္တာပို့သလျှက် ရှိနေပါသေးသည်။ ရက်စက်သမျှတွေကို မေတ္တာတရားနှင့် အနိုင်ယူနိုင်ခဲ့ပါတယ်။ ထိုကံတရားကြောင့် မကြာမီ ကာလာဗုမင်းနှင့် အပေါင်းအပါတစ်စုသာမက မောင်းမမိဿံများ၊ မူးကြီးမတ်ရာများဟာ ပင်လယ်ကြမ်းပြင်အောက်ရောက်ကာ ငါးမန်းငါးလိပ်တို့၏ အစာဖြစ်ခဲ့ရပါတယ်။ မဆင်မခြင်ပြုလုပ်မှုတို့ကြောင့် ရှင်ဘုရင်ရဲ့နောက်လိုက်များစွာတို့ဟာ မြေဇာပင်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် တိုင်းသူပြည်သား များရဲ့ ကံကြမ္မာဟာ ရှင်ဘုရင်လက်ထဲတွင် တည်ရှိနေပါတော့တယ်။ အဖြစ်အပျက်တွင် တိုင်းပြည်အုပ်ချူပ်မင်းလုပ်နေတဲ့ ရှင်ဘုရင်၏ သူတော်ကောင်းအပေါ်ရက်စက်ယုတ်မာမှုကြောင့် မင်းနှင့် သူ၏နောက်ပါ များသာမက တိုင်းပြည်တစ်ပြည်လုံး ပင်လယ်ကြမ်းပြင်အောက်ရောက်ကာ အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အတူ မကြာသေးမီက ရဟန်းကောင်းရဟန်းမြတ်များဖြစ်ပါလျှက် ရဟန်းတုရဟန်းယောင် ဟု စွပ်စွဲကာ သံဃာတော်များအား နအဖစစ်အစိုးရက သတ်ဖြတ်ညဉ်းဆဲခဲ့သည်။ ထိုအချိန်က ရွှေတိဂုံဘုရားအရှေ့မုခ်တွင် သံဃာတော်များက တောင်းပန်နေပါသော်လည်း အကြင်နာ ကရုဏာမရှိ ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်၊သံဃာတော်များ သွေးမြေကျခဲ့တဲ့်အချိန်မှာ နအဖတို့ရဲ့ လုပ်ရပ်ကြောင့် နေပူပူတွင် မိုးကြိုးကျခဲ့သည်မှာ အိပ်မက်တစ်ခုတော့ မဟုတ်ခဲ့ပေ။ နအဖတို့၏ ပြည်သူနှင့်သံဃာတော်များအပေါ် ရက်စက်စွာညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတို့ကြောင့် ယခုအချိန်မှာ တိုင်းပြည်အတွက် မကြုံစဖူး မုန်တိုင်းများ ကျရောက်ကာ လူများအတိဒုက္ခရောက်နေကြရတာ ဘယ်သူမှ မငြင်းနိုင်ပေ။ ဒါ့အပြင် နအဖတို့ရဲ့ လောဘကြီးမှုတို့ကြောင့် မြန်မာပြည်မှာ ဆန်အထွက်ဆုံးနေရာ(မြန်မာပြည်၏ အသက်သွေးကြောဟုဆိုရမည့်) ဧရာဝတီတိုင်း တစ်တိုင်းလုံး ပျက်စီးခဲ့ရတဲ့အတွက် ဆန်အထွက်နှုန်းမှာ မျှော်လင့်ချက်ကင်းနေတဲ့အတွက် ပြည်သူတွေ ငတ်ပြတ်ဘေးနဲ့ကြုံ နေကြပြီ၊ (လောဘော ပဇာယ ဒုဗ္ဘိခန္တရကပ္ပေါ ဟောတိ) လောဘကြောင့် အငတ်ဘေးနဲ့ရင်ဆိုင်နေရပါပြီ။ တစ်ခြားတိုင်းပြည်တွေက ဆန်တွေဝယ်ယူ သိုလှောင်နေတဲ့အချိန်မှာ မြန်မာပြည်က ဆန်တန်ချိန်များစွာ ပြည်ပကို ရောင်းချတဲ့အတွက် ယခုဆို ပြည်သူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီ၊ နအဖရဲ့ လောဘကြီးမှုကြောင့် တိုင်းသူပြည်သားများ အတိဒုက္ခ ရောက်ကြရပြီ၊ တိုင်းပြည်ခေါင်းဆောင်မကောင်းရင် မိုးလေ၀ါသ အခြေအနေဆိုးဝါးလာတာကအစ ပြည်သူပြည်သားမျာ အတိဒုက္ခ ရောက်သွားတယ်ဆိုတဲ့အကြောင်း မြတ်ဗုဒ္ဓ တစ်နေရာတွင် ဟောကြားထားတာ ရှိပါတယ်။ နအဖရဲ့ အတောမသတ်နိုင်တဲ့ လောဘကြီးမှုတွေကြောင့် တိုင်းသူပြည်သားများ မြေဇာပင်ဖြစ်ခဲ့ရချေပြီပေါ့။
x x x x
အခြေခံဥပဒေ၊ ပြည်သူ့ ဆန္ဒခံယူပွဲ... တို့ ဘာလုပ်ကြမလဲ မိုးသောက် သတင်းဓာတ်ပုံ တေဇ
အခြေခံဥပဒေဆိုတာ ဘာလဲ။ အခြေခံဥပဒေဆိုတာ တိုင်းပြည်တပြည်ရဲ့  အုပ်ချုပ်သူအစိုးရနဲ့  လူထု ၂ ရပ် လုံးအတွက် လမ်းညွှန်စာအုပ်ပါ။ ဒီအထဲမှာ အုပ်ချုပ်သူအစိုးရအတွက် အုပ်ချုပ်သူအစိုးရအတွက် အပိုင်းကဏ္ဍနဲ့  ပြည်သူအအတွက် အပိုင်းကဏ္ဍ ၂ ရပ်စလုံး ပါရှိပါတယ်။ (၁) အုပ်ချုပ်သူအစိုးရ တိုင်းပြည်အုပ်ချုပ်လည်ပတ်ရေးအတွက် ကဏ္ဍအားဖြင့် ၃ ခု ပြန်ခွဲရပါမယ်၊
ဒဂုံမြို့နယ်တွင် ၀တ်စုံပြည့် အစမ်းလေ့ကျင့်စဉ်။ (က) အုပ်ချုပ်ရေး ကဏ္ဍ တိုင်းပြည်ရဲ့  ၀န်ကြီးကဏ္ဍများကဲ့သို့သော ယန္တရားများအတွက် လမ်းညွှန်ပါ။ ဥပမာ၊ နေ့စဉ်လည်ပတ်နေတဲ့ ဌာနဆိုင်ရာတွေရဲ့  လုပ်ငန်းတွေ လည်ပတ်မှုချောမွေ့  မှန်ကန်စနစ်ကျဖို့ရာ ဘယ်ရာထူး ရှိသူက ဘယ်လောက်၊ ဘယ်လို တာဝန်ရှိတယ်၊ မိမိလုပ်ငန်းကို ဘယ်လိုလည်ပတ် တာဝန်ယူရမည် ဆိုတာတွေ ပါရှိရပါတယ်၊ ဌာနဆိုင်ရာတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ ဒီကဏ္ဍရဲ့ အရေးအကြီးဆုံး အချက်ပါ ဘဲ။ (ခ)ဥပဒေပြုမှု ကဏ္ဍ တိုင်းပြည်ရဲ့ လွှတ်တော် (သို့) ပါလီမန်ဖြစ်ပါတယ်၊ လွှတ်တော်ဟာ တိုင်းပြည်အတွက်လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းရန် တာဝန်ရှိသလို ၊ရှိပြီးသား ပြဌာန်းပြီးသား ဥပဒေတွေကိုလည်း အခြေအနေ အချိန်အခါအရ လိုအပ်သလို အခြေခံဥပဒေရဲ့  ဘောင်အတွင်းက ပြု ပြင် ပြောင်းလဲခွင့် ရှိရပါမယ်၊ ပြည်သူက တိုက်ရိုက်ရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကသာ လျှင် ပြည်သူ့ ဆန္ဒကိုထင်ဟပ်စေနိုင်မည်ဖြစ်သည်၊ ထို့ကြောင့် ဤကဏ္ဍတွင် ပြည်သူ့လွှတ်တော်သည် ပြည်သူက လွတ်လပ်စွာ တိုက်ရိုက်ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် အရေးအကြီးဆုံး အချက်ဖြစ်သည်။ (ခ) တရားစီရင်ရေးကဏ္ဍ တိုင်းပြည်ရဲ့  ဥပဒေတွေကို အစိုးရနဲ့ ပြည်သူ ၂ ရပ်လုံးက လိုက်နာနေရန်အတွက် အရေးယူတည့်မတ်ပေးရတဲ့ ကဏ္ဍပဲဖြစ်ပါတယ်၊ ဒီကဏ္ဍရဲ့  အရေးအကြီးဆုံးကတော့ တရားသူကြီးများနဲ့ ပါဝင်ပတ်သက်သူ ဥပဒေ၀န်ထမ်း အားလုံးဟာ လွတ်လပ်စွာတရားစီရင်ခွင့်နှင့် ဖော်ထုတ်နိုင်ခွင့်ပါပဲ၊ တရားရေးဝန်ထမ်းအားလုံးဟာ တိုင်းပြည်ရဲ့ ပြဌာန်းတဲ့ ဥပဒေမျက်နှာ တခုထည်းပေါ်မှာ တည့်တည့်မတ်မတ် ရပ်တည်ပြီး တရားစီရင်ဆုံးဖြတ်မယ် ဆိုရင် အဲဒီတိုင်းပြည်ဟာ တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည် ဖြစ်လာပါမယ်။
အများသုံးအိမ်သာ မဟုတ်ပါ။ ထောက်ခံ/ကန့်ကွက် မဲခြစ်မည့် နေရာများ ပြည်သူတွေရဲ့  ရပိုင်ခွင့် အခွင့်အရေးတွေကို ပြဌာန်းထားရပါမယ်။ ပြည်သူအားလုံးမှာရှိတဲ့တာဝန်ကတော့ အခြေခံ ဥပဒေမှာ ပါတဲ့ ဥပဒေတွေကို လိုက်နာဖို့ လိုအပ်သလို မိမိရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို သိရှိနားလည်ပြီး အသုံးချကာတိုင်းပြည် အစိုးရကို စောင့်ကြည့်ပေးရမှာ ဖြစ်ပါတယ်။ အခြေခံ ဥပဒေဆိုတာ တိုင်းပြည်အစိုးရများသည် ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူကိုယ်တိုင်ရေးဆွဲထားသောမူများနှင့် တိုင်းပြည်ကို အုပ်ချုပ်ရမည်ဖြစ်ပြီးတဦး တယောက် သို့ တစုတဖွဲ့၏ စိတ်ဆန္ဒဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်ချက်ဖြင့် တိုင်းပြည်ကို မအုပ်ချုပ်နိုင်ရန် ထားသော စည်းမျဉ်း ဥပဒေ ဖြစ်သည်။ အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် အခြေခံဥပဒေသည် တိုင်းပြည်တပြည်အတွက် မည်မျှ အရေးကြီးသည် ဆိုသည်ကို အကြမ်းအားဖြင့် စာဖတ်သူ သဘောပေါက်မည်ဖြစ်သည်။ စစ်အစိုးရရဲ့  အခြေခံဥပဒေနှင့် ပြည်သူ့ဆန္ဒခံယူပွဲ ၁၉၉၃ ခု ဇန်န၀ါရီလမှစပြီး ရေးဆွဲခဲ့သော စစ်အစိုးရ၏ အခြေခံဥပဒေတွင် ၁၉၉၂ ခု ရွေးကောက်ပွဲတွင်ရွေးချယ်ခံရသော ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထား အကြံဥာဏ်နှင့် သဘောတူညီမူများမပါဘဲ ယခု ဥပဒေတွင် အချောသတ် ပြီးစီးကြောင်း စစ်အစိုးရမှ ကြေညာကာ လာမည့် မေလတွင် ထိုအခြေခံဥပဒေကို ပြည်သူမှ ထောက်ခံ သို့မဟုတ် မထောက်ခံကို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်သည်။ ထိုအခြေခံ ဥပဒေတွင် စစ်တပ်၏ အနာဂတ် တိုင်းပြည်အုပ်ချုပ်ရေးနှင့် နိုင်ငံရေး ကဏ္ဍများတွင် ကြီးမားစွာ လွှမ်းမိုး နိုင်ငံရေးကို အလေးပေး ရေးခွဲထားသည်မှာ အလွန်ထင်ရှားလှသည့်အပြင် ထိုအချုက်များကို လာမည့် ပြည်သူ့လွှတ်တော်များမှ ပြန်လည်ပြင်ဆင်ခွင့် မပြုနိုင်ရန် အချိန်ကာလ သက်တမ်း သတ်မှတ်ချက်များကို ထည့်သွင်ရေးဆွဲထားသည်။ ပြည်သူဆန္ဒအမှန်တကယ် မပါဘဲ ရေးဆွဲထားသော အခြေခံဥပဒေကို လိမ်လည် အတည်ပြုခြင်းအားဖြင့် တိုင်းပြည်အတွက် ဆိုးကျိုးများစွာ ဖြစ်လာမှာ မလွဲပေ။
အသင့်ရှိဖို့ ညွှန်ကြားထားသည့် ပစ္စည်းမှန်သမျှ စုဆောင်း ချောဆွဲ ပြင်ဆင်... ၄။ ဘာလုပ်မလဲ ပြည်သူများမှာ ရွေးစရာ ၂ လမ်းသာ ရှိသည်။ မဲရုံကို မသွားပဲ (မဲမပေးဘဲ) နေမည်လား သို့မဟုတ် ကန့်ကွက်မဲသွားထည့်ကြမည်လား လက်ရှိအခြေအနေများအရ ပြည်သူလူထုမှ သတိရှိစွာ ကန့်ကွက်မဲ သွားထည့်ခြင်းသာ အကောင်းဆုံးဟု စာရေးသူမှ တင်မြင်မိပါသည်။ မဲရုံမသွားကြရင် ကြံ့ဖွတ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းများ အားလုံးကို အတင်းအကျပ် ထည့်ခိုင်းသော ထောက်ခံမဲများ လွှမ်းမိုး၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခွင့် ရသွားနိုင်သည်။ ထိုအတူ တဖက်မှာလည်း ကန့်ကွက်မဲများကို မဲလိမ်ပြီး ထောက်ခံမဲ အဖြစ်သို့ ပြောင်းလဲခံရနိုင်ခြေလည်း ရှိနေသည်။ နိုင်ငံတကာက စောင့်ကြည့် အဖွဲ့တွေကို ငြင်းပယ်တာ သိပ် သဘာဝ မကျလှပေ။ ယခု ဆန္ဒခံယူပွဲကို လူ ၁၀ ယောက် စောင့်ကြည့်ခွင့် ရှိသည်ဟု ပြောပြန်သည်။ ထိုသူများမှာ မဲဆန္ဒရှင်များ၏ စိတ်ချယုံကြည်ခံရသူတွေ ဖြစ်ပါ့မလား ဆိုသည်မှာမူ.... x x x x x သူတို့မြင်တဲ့ ကြေးမုံဦးသောင်း
|
| |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||
|
Suggestions & Comments: webmaster@hittaing.org |
||