![]() |
||
| သတင်း နိုင်ငံတကာသတင်း ဆောင်းပါး ရသ သုတ ရင်ဖွင့်သံ သူ့အမြင် ကဗျာ ဟာသာတွန်း ကမ္ဘာတလွှားမြန်မာများ ပြည်သူ့စစ်သည်ရေးရာ | ||
|
နာဂစ်ခရီးသည် ရန်ကုန်သား
ကျနော်တို့ကား ရုတ်တရက် မောင်းဝင်လာတော့ ဘုန်းကြီးကျောင်းထဲ ရောက်နေကြသော ဒုက္ခသည်များမှာ နွမ်းလျနေသော အသွင်များဖြင့် ကျနော်တို့အား စူးစမ်းငေးမောနေကြပါ သည်။ အတူလိုက် ပါလာသော သူငယ်ချင်းများမှာ ကားခေါင်မိုးပေါ်မှနေ၍ အသီးသီး ခုန်ဆင်းနေချိန်မှာ ကျနော် က အနီးနားရှိ ဒုက္ခသည်တယောက်အား… `ဆရာတော် ရှိလား..ကျနော်တို့  ..ဒီကျောင်းမှာရှိတဲ့ ..ဒုက္ခ သည် တွေ အတွက် ဆန်လှူဖို့ လာတာ..´ လို့ လဲ ပြောလိုက်ရော ထိုသူမှာ ၀မ်းသာအားရ အသံကုန် အော်လိုက်လေသည်.. `ဟေး…ကျောင်းထဲကလူတွေ ..ဒီမှာငါ တို့စားဖို့ ဆန်လာလှူတာ တဲ့ဟေ့ ..ဆရာတော်ကိုလဲ သွားလျှောက်ကြ ..ဆန်တွေလဲ လာကူချ ပေးကြပါဦးဟ..´ ထိုသူအ သံ အဆုံးမှာပဲ ..နေရာအသီးသီး မှ ပြေးထွက်လာသော ကလေး လူကြီး များ၏ မျက် နှာ များသည်.. ညိုးငယ်နေရာ မှ ချက် ချင်း ၀င်းပ ကာ အပြုံးကိုယ်စီ ဖြင့်  မြင်လိုက်ရ သည့် အခါ ကျနော် ပြောမပြ နိုင်လောက် အောင် ပီတိဖြစ် မိ ပါသည်…။ လူလတ်ပိုင်း အရွယ် ရှိ ယောင်္ကျားသား များမှာ အင်္ကျီ ကိုယ်ဗလာ နှင့်  ရှေ့ ဆုံး မှ ထွက် လာကာ “ထမ်းစရာရှိရင် ကျနော် တို့ ကိုပြော ပါ ..ကျနော်တို့ ထမ်း ပါ့မယ် ..” “အခုလို လာလှူတာ ကျေးဇူးတင်လိုက် တာ ဗျာ..ကျနော် တို့  တတွေ ဆရာတော်က အစ ရေစိုဆန်ကို စားနေကြရတာ…အဲဒါတောင် မှ နောက်ရက်ဆို တကျောင်းလုံး စားစရာ မရှိတော့ဘူး…ဆရာတော်မှာရှိတဲ့ ဆန်ကို လူသုံးလေးရာလောက် စားကြတော့ ဆန်ပြတ်တော့မှာ။ ဆရာတော်လဲ နောက်ရက်အတွက် စိတ်ပူနေရတာ..ဆရာတော်က မပြောပေမယ့် ကျနော် တို့က သိ ပါတယ် ဗျာ..အခုလို လာလှူတာ ဆရာတော် သိရင်ဝမ်းသာ မှာ ဗျ…” ထိုသူ က ကျနော် အား စကား တွေ ဖောင် ဖွဲ့ အောင် အားရ ၀မ်းသာ ပြောနေချိန် မှာပဲ ဆရာတော် မှာ…ခေါင်မိုးမရှိတော့သည့် ကျောင်းပေါ်မှနေ၍ ကျောင်းအောက်သို့ ကြွလာပါသည်..။ “ဒကာလေးတို့  ဆန်လာလှူတာဆို..” “တင် ပါ့ ဘုရား…ဆရာတော် နဲ့ ဒီကျောင်းမှာ ရှိတဲ့ ..ဒုက္ခသည်တွေ အတွက် ပါ ဘုရား…” လို့ ကျနော် ပြန် လျှောက် တင် လိုက် တော့  ဆရာတော် မှာလဲ စိတ်အေးသွားသည့်အပြင် တရားဓမ္မကိုသာ မှီဝဲ နေသော ပုဂ္ဂိုလ် တို့၏ရင့်ကျက်သော အပြုံးမျိုးကို..ကျနော် မြင်တွေလိုက် ရ ပါ သည်…။ ထို့နောက် ဆရာတော် သည် ကျနော် တို့  အဖွဲ့ အား ကျောင်းပေါ် သို့  ခေါ်ဆောင် သွားပြီး.. လှူဒါန်းမည့်  ပုံစံ များကို မေး မြန်း ကြပါ သည်…။ ကျနော် တို့  လဲ ဆရာတော် နှင့်  တိုင်ပင် ပြီး ကျောင်း အတွက် ဆန် ( ၁၀) တင်း နှင့်  အခြားသော ဆီ ၊ ဆား ၊ ငပိ အစရှိသည် များကို လှူဒါန်း ပြီး ဒုက္ခ သည်တွေ အတွက် ကတော့  လတ်တလော စိတ်သက် သာစေ ရန်အတွက် အ၀တ်အထည် များ ဝေ လိုက် ပါ သည်..။ ထို့  နောက် သက် ကြီး ဘိုးဘွားများ ကျန်းမာရေး အခြေ နေ မေးမြန်း ပြီး ပါရှိလာသော တိုင်းရင်းဆေးဝါး များ လှူဒါန်း လိုက် ပါ သည်..။ ကျနော်တို့  အဖွဲ့ မှ ကျောင်း ၀န်း အတွင်းရှိ သောက်ရေ သိုလှောင်ထားသော စဉ့် အိုး များထဲ သို့  ရေသန့် ဆေး လိုက် ခပ် သည့်  သူများ မှာလဲ. . တက်ညီလက် ညီ…။ ဆရာတော့ ကျောင်းအတွက် လှူဒါန်း မှု ကိစ္စပြီးသော အခါ ကျန်ရှိသည့်  ဆန်များ ကို ရပ်ကွက် ထဲ သို့  ဝေရန် စီစဉ် ရ ပြန်သည်…။့ ထိုအခါဆရာတော် က ကျောင်းရှိ ရဟန်းပျိုများအား ..ရပ်ကွက်တွင်း ကျန်ရှိနေ သေးသော သူများအား စနစ် တကျ ဖြင့်  မရလိုက် သူများ မရှိ ရလေအောင်..ရပြီးသူများလဲ ထပ်ခါ ထပ်ခါ မဖြစ်ရအောင်. .ကြီးကြပ် ဆောင်ရွက် စေပါသည်..။ ဆ န်ဝေနေ သည် ဆိုသော သတင်းဖြန့် လိုက်တယ်ဆိုရင် ပဲ ရပ်ကွက် ထဲ မှ ကလေး လူကြီး မကျန် အပြေး ထွက်လာကာ တန်းစီကြပါသည်..ပထမတွင် အလုအရက် တိုးကျိတ် ကာ ဖြစ်နေ သော်လည်း နောက်ပိုင်းတွင် စနစ်တကျ ဖြစ်သွားခဲ့  ပါ သည်..။ ဆန်လာ ယူကြသော ရပ်ကွက် တွင်း မှ ဒုက္ခ သည် များ ကို မြင်တွေ့  ရသည် မှာလဲ စိတ် မသက်သာပါ.. ဆန်မရလိုက် မှာ စိုး၍ တွေ့ ရာအိပ် များဆွဲ လာပြီး တန်းစီကြပါသည်.. အချို့ သူများမှာလဲ မိမိအလှည့်  ရောက်ကာမှ ဆန်ထဲ့ ရန် အိပ် မပါလာ ၍ ပုဆိုး ခါးပုံစ များ.. ၀တ်ထားသည့်  အကျီ များကို ဖြန့်၍ ဖြစ်သလို ထဲ့သွားကြပါသည်..။ ထိုအချိန် တွင် ကားပေါ် မှ နေ၍ အောက်မှ တန်းစီနေသော သူများအား ဆန် ထဲ့ ပေးနေ သော ကျနော်သည် တဦးပြီးတဦး ထဲ့ ပေးနေရင်း မြန်မြန် ပြီးချင်ဇော နှင့် ထဲ့ ပေးနေရာ တယောက်သောသူ အလှည့် တွင် အောက် မှ အိပ်ဖြင့်  ခံနေသောသူသည် မငြိမ်သဖြင့်  ဆန် များ ဘေး သို့ ဖိတ်စင် ကုန်၏ ။ ဤတွင် ကျနော် မှ “အိတ်ကိုသေသေချာချာ ကိုင်ထားလေ. . ဘေးဖိတ်ကုန်ပြီ..” ဟုပြောလိုက်မိ၏ ။ ထိုအခါ အောက် မှအဖွားအိုတဦး၏ တုန်ယင်နေသော အသံဖြင့် ပြောလာ သည်က “ဆာလွန်းလို့ လက်တုန်နေတာ ပါသား ရယ်..” တဲ့ ။ ထိုအခါ မှ ကျနော် သေသေချာချာ ကြည့် လိုက် မိသည် ပိန်လှီ ၍ နေလောင် ထားသော အသားအရေ တို့  ဖြင့်  လူအုပ်ကြားထဲ ရုန်းကန် တိုးလာ ရသော အမယ်အို တဦးပါ..နဖူးပြင်မှာ ချွေးများစို့ နေ ပြီး..အမယ်အို၏ ဆံထုံးမှာလဲ ပြေလျှော့  နေပါ ပြီ..ကျနော့် ကို မော့  ကြည့် လာသော အမေအို ၏ မျက်ဝန်းများမှာ မှေးမှိန်ဖျှော့ တော့  နေပြီး အားအင်တို့  ကုန်ခမ်း လုနီးပါး…. . ကျနော် တွေဝေ သွားပါသည်..နောက်ထပ် ဆန် တွေ ထပ်ထဲ့ ပေးလိုက် သည် “အမေကြီး နောက်ရက်တွေ အတွက် ပါစားလို့ ရအောင်..” ပြီးနောက် အသက်အရွယ်ကြီးသူတွေ အတွက် ကျနော် အကောင်းဆုံး နည်းလမ်း ရှာလိုက် သည်..တန်စီးနေကြသော လူအုပ် များထဲ မှာ အသက်အရွယ်ကြီးမြင့်  သူများကို ရွေးထုတ်ကာ သီးသန့် လှူလိုက် သည်…နောင်ရက်တွေ မှာ ပါ စားလို့  ရ အောင် လဲ များများ လှူလိုက်သည်..။ ထိုအချိန် များတွင် ကျနော်သည် ၀မ်း လဲနည်း ၏ ၀မ်းလဲသာ ၏ ။ မိမိတို့  အဘိုး အဖွား အရွယ်တွေ ၏ ရှေ့ ရေးကို တွေးမိ သဖြင့်  ၀မ်နည်း မိသည် ၊ စိတ်မကောင်း ဖြစ်မိသည် ။ ဤကဲ့ သို့  ဒုက္ခ ပင်လယ် ဝေနေချိန် မှာ ကယ်ဆယ် လှူဒါန်းခွင့် ရ သဖြင့်  ၀မ်း လည်း သာ ၏ ။ ထိုသို့  ဖြင့် နေ၀င်ခါနီး အချိန်မှာတော့  လှူဒါန်းမှု့  ကိံစ္စ အားလုံး ပြီးစီးသွားခဲ့ သည်..။ ဆရာတော် မှ ကျောင်း ပေါ်သို့  ခေါ်၍ ခတ္တ နား စေသည်..။ ဆရာတော် အား မြို့နယ် ၀န်းကျင် မှ ပျက်စီး မှု့  အခြေနေများ ကို မေးမြန်း စုံစမ်း ကာ..လူ အသေအပျောက် များကို လဲ မေးမြန်း ခဲ့ သည်..။ အပြန် ဆရာတော် ကို ဦးချ အပြီး မှာတော့ ဆရာတော် ၏ ဆုပေးစကား မှာ “နောက်နောင် ကို လဲ အမျိုး ၊ ဘာသာ ၊ သာသနာ ကို ဒီ့ ထက် မက ထမ်းရွက် နိုင် တဲ့ အမျိုးကောင်းသား ယောင်္ကျား မြတ် များ ဖြစ်ကြပါစေ တဲ့ ..” ၊ ဆရာတော့ ဆုပေး စကား ပြီးပြီး ချင်းပဲ ကျနော် ဆရာတော့်ကို ဂတိ ပေးလိုက် တယ် “ တင် ပါ့ ဘုရား .... တပည့် တော် တို့  ဒီထက် မက ဒုက္ခသည် တွေ ကို ကယ်တင် နိုင်အောင် ကြိုးစား ပါ့  မယ် ဘုရား……” ကျောက်တန်းမြို့နယ်အ၀င် မှာလဲ ယခင် ရောက် ခဲ့ သည့်  အခါ များနှင့်  မတူတော့  အဆောက် အုံတော်တော်များများပျက် စီးကုန် သည် အားကစား ခန်းမ ကြီးသည် မြေတွင် ပြားပြား ၀ပ် သွားသည်..။ ကျောက် တန်းမြို့  နယ် ကျေးရွာတော်တော်များများပျက် စီး ပြီး လူအသေ အပျောက် များရှိသည် ဟု လဲ ကြားသိ ခဲ့ ရ သည် …။ ဒီလိုနှင့်  ကျောက် တန်း မြို့  ထဲ သို့  လှည့်  လည် ကြည့်  ရှု့  ခဲ့ ရာ တွင် ဒုက္ခသည် စခန်း များ ရွှေ မှော် ၀န်း ၊ သာသနာ့ ဗိမ္မာန် ၊ အထက် တန်းကျောင်း စသည့် နေရာ များတွင် တွေ့  ခဲ့ ရ သည် ။ မြို လယ်ရှိ သာသနာ့  ဗိမ္မာန် တွင်း ဒုက္ခ သည် များနေထိုင် ကြပုံ ကို ၀င်ရောက် ကြည့်  ရှု့  ခဲ့ အခါ လွန်စွာစိတ် ပျက် မိ သည် ။ ဒုက္ခသည် များ မှာတွေ့ ရာ နေရာ များတွင် လဲ လျှောင်း နေကြရ ပြီး တမံ သလင်းပေါ်တွင် အခင်းမရှိပဲ နေကြရ သည် ။ ထိုသူတို့  ၏ အ၀တ်အစား များ မှာ နုန်း ရေ ၊ ရွံ့  ရေ လှိုင်းတံပိုးများ ကြားမှာ အသက် လု ခဲ့ ရ စဉ် ထဲ က ၀တ်ဆင် ခဲ့ ကြသည့်  အတွက် မာဂေါက်ဂက် ကြီး များဖြစ် ကာ အောက်သိုးသိုးအနံ များထွက် နေသည် ။ ယောင်္ကျား သားများမှာ များသောအား ဖြင့်  အကျီ င်္ မရှိကြ .. အသက် အရွယ်ကြီးရင့်  သော အဖိုးအဖွား များ မှာ လဲ အသက် ဘေးမှလွတ်ခဲ့ သော် လည်း အငတ်ဘေးကို ဆက် လက် ခံစားနေရ သည့်  အတွက် အချိန်တိုင်းနီး ပါး ကယ် ဆယ် မည့်  သူ များကို ငံလင့် နေသည် မှာ သိ သာ လှပါ သည်။ ကျနော်သည် မနေသာတော့  ပါ အိပ်ထဲတွင် ပါ လာသော ပိုက်ဆံကို စစ်ကြည့် လိုက် သည်…။ စုစု ပေါင်း တစ်သောင်းကျော်ခန့်  ရှိ ရာာ ဘိုးဘွားများအား…တဦးလျှင် တစ်ထောင် ကျပ် နှုံး ဖြင့်  တဦးခြင်းလိုက် လံ လှုဒါန်း ခဲ့ ပါ သည်..။ ဤ သို့  လှူဒါန်းရင်းဖြင့်  လဲ စိတ်သွားတိုင်းကိုယ်မပါ နိုင်သော မိမိ၏ အနေအထားကို လဲ အားမလို အားမရ ဖြစ်မိသည် ။ ကျောက်တန်းမြို့ သို့ မိမိ မရောက်ခင် အချိန် ကလေး က မှ နိုင်ငံတော် အကြီးအကဲ တယောက် ရဟတ်ယဉ် ဖြင့် သက် စွန့်ဆံ ဖျား လာရောက် ပြီး ၂၀ လီတာဝင် ရေသန့်  ဘူး ၆ ဘူးလာရောက် လှူဒါန်း သွားသည့်  အတွက် မိမိ အနေ ဖြင့် စာလျှင်………။ သို့ လော သို့ လော အတွေးများဖြင့်  ကျောက် တန်းမြို့  မှ ပြန် လည် ထွက် ခွာ လာ ခဲ့ ပါတော့  သည်။ ကျောက်တန်း မြို့ အပြန် ကားပေါ်မှာ ကျောက် တန်း မြို့ ကို လှူရန်သင့် မသင့်  စဉ်းစားပါသည် ။ ကျောက်တန်းမြို့ ပေါ် မှ မြို့  ခံ ပြည် သူများက လာရောက်ခိုလှုံကြသော ဒုက္ခ သည် များကို ကျွေးမွေးထားနိုင် စွမ်း ရှိသေး သည် ။ ထိုနေရာမျိုး ဖြင့်  စာလျှင် မြို့ပေါ် ရော တောနယ် တွေ ပါ ပျက် စီးဆုံး ရှုံး သွားသောနေရာဒေသမျိုးတွေ ကို လှူသင့်  သည် ဟုစဉ်းစား ပြီး နောက် တနေ့ အစီစဉ် ကို ကွန်းခြံ ကုန်း ဖက် သို့  သာ ထပ် မံ သွားရောက် ရန် ဆုံးဖြတ်ချက် ချ လိုက် ပါတယ်..။ ရန်ကုန် ပြန် ရောက် တော့  သူငယ် ချင်း များကို ပြန် လည် ပြောပြရာ အား လုံး က လည်း သဘောတူ ကြ သည် ။ ထိုကြောင့်  နောက် တနေ့ မနက် မှာ ပဲ ကွန်း ခြံ ကုန်း ဖက် ကို ထွက် လာ ခဲ့ ပါတော့  တယ်…။ ဘုရင့် နောင်ဈေး မှာဆန် ၀ယ်တော့  ကောလဟာလတွေ က ကြားရ ပြန် ပါသေးတယ် … ကားတွေ ကို လုယက် နေတဲ့  ကြောင်း ပါ ၊ အဖွဲ့  ထဲ မှ တချို့  က အနည်းငယ် တော့  တွေ ဝေ သွားကြ ပါ တယ် ။ သေချာ မသေချာ စုံ စမ်းတော့  ဘယ် သူ က မှ ရေရေ ရာ ရာ မပြောနိုင် ကြ ပါ ဘူး ။ ဒါ နဲ့ပဲ ပါးစပ် သတင်းတွေ ကို အာရုံ မထားပဲ … ခရီဆက် ခဲ့  ကြ တယ် ..။ ကွမ်းခြံ ကုန်း အသွားလမ်း မှာ သွားရောက် လှူဒါန်းကြ တဲ့ ကားတချို့  ကို မြင် တွေ ကြ ပါ တယ် …။ မိမိတို့  လှူ ဒါန်း မည့်  နေရာကို အတိ အကျ မသက် မှတ် ရသေး ပါ ဘူး .။ အားလုံးက ကျနော့် အပေါ်ပဲ မူတည် နေတော့  သူများထက် ပို ပြီး စဉ်းစားရ တယ် ။ ကွန်းခြံကုန်း မြို့  ၀င် ပြီး စနည်းနာ လိုက် တော့  လာရောက် လှူဒါန်းသူတွေ ရှိနေ ကြ ပြီ ဆိုတာ သိ ရ ပါ တယ်။ မြို့  လည် ရောက် တော့  ပါတ်ဝန်းကျင် ၇ွာတွေ ကို ကားလမ်း ပေါက် မပေါက် စုံးစမ်းတဲ့အခါ မှာ လမ်းများပျက်စီး သဖြင့်  လမ်း ကြမ်း တာကလွဲ လို့  သွားလို့ ရ နိုင် ကြောင်းသိရ ပါတယ် ။ ဒါနဲ့  ပဲ ကားကို မြို့ အစွန်ဖက် ဆက် မောင်းစေ ပါတယ် မြို့ စွန်ရောက် တော့  စံ ပြရပ်ကွက် ဆိုတာကိုတွေ့  ရပါ တယ် .. မြို့  နှင့်  တဆက် ထဲ ပေ မယ့်  ရပ်ကွပ် တခုလုံးနီး ပါ ပျက် စီး သွားတာ ကို တွေ့  ရ ပါ တယ် ၊ စုံစမ်းကြည့် တော့  လာရောက် လှူဒါန်း ကြသူတွေ မြို့  စွန် ဖက် မရောက်ကြကြောင်း ၊ ရပ်ကွက် တွင်းသေဆုံးသွားကြသူများမှာ ဦးရေ ခုနစ်ရာခန့် ရှိကြောင်း ၊ လောလော ဆယ် အနေထားတွင် ရပ်ကွက် ရှိဘုန်းတော်ကြီး ကျောင်းတွင် သာ ယာယီ နေထိုင်ကြရ ကြောင်း ၊ အချို့ သူများမှာလည်း မိမိတို့  မြေနေရာများတွင် ပြန်လည် တဲ ထိုး နေကြ ကြောင်း သိရ ပါ တယ် ။ ပါတ်ဝန်းကျင် လေ့လာ ပြန် တော့ လဲ ရပ်ကွက် အ၀င် ကားလမ်းဘေးတွင် မှာ ကျွဲ ၊ နွား အသေ ဆယ် ကောင် ၊ ဆယ် ငါးကောင် ခန့် မှာ ပုပ် ပွနေပြီး ရေမြောင်း များတွင် ပေါလော ပေါ် နေပါတယ် ။ ရပ်ကွက် မှာလေ အောက် က ဖြစ်နေ သဖြင့်  တရပ်ကွက် လုံး မှာ ပုတ်စော် နံ ဟောင် နေ ပါတယ် ။ ကျနော်ဒီရပ် ကွက် ကို လှူ ဖို့ ဆုံးဖြတ်လိုက် တယ် ၊ တဆက် တည်းမှာ ပဲ ဝေဖို့ ခြမ်း ဖို့  အတွက် စီစဉ် လိုက် တယ် .. မြေနေရာကျယ်ကျယ် ၀န်းဝန်း ဆိုလို့  လဲ အဲဒိ ကျွဲ သေ နွားသေ ကောင်းများဘေးက ကားလမ်း ပဲ ရှိတယ် ။ ဘုန်းကြီးကျောင်း မှာ ဝေခြမ်းဖို့  ကြတော့  လဲ ဘုန်းကြီးကျောင်း ရှိ ဒုက္ခ သည် များနှင့်  ရပ်ကွက် တွင်းမှာ ဒုက္ခ သည် များပေါင်း မိပါ က လူအုပ် ကို မထိန်းနိုင်မှာစိုးရ တယ် ..။ ဒါကြောင့်  ပဲ ကျွဲ ၊ နွားသေ များ၇ှိ ရာ ကားလမ်း ဘေး မှာ ပဲ ကားရပ် ပြီး ရပ်ကွက် တွင်း မှ လူငယ် အချို့  နဲ့ ဝေခြမ်း ဖို့  စီ စဉ်လိုက် တယ် ။ ဒုက္ခ သည်တွေ ကို တော့  တကူးတက စု နေစရာ မလို ပါ … မိမိတို့  ကားကို မြင် က တည်း က နားမှာ အားကိုး တကြီးလာ ရောက် ပြီး ရစ်သီရစ် သီ လုပ်နေကြတာ ကလေး လူကြီး အကုန် ပါ ပဲ ..။ ခါတိုင်းလို ပဲ တန်းစီ ခိုင်း လိုက် တယ် တဦးပြီး တဦး ဝေသွားစေ တယ် …။ မိမိတို့ ဝေ ခြမ်းရာ မှာ အိမ်ထောင် စု စာရင်း ပြစရာ မလို လူ၇ှိသမျှ အကုန်ရ စေ ရ မယ် ပေါ့ ။ သက် ကြီး ရွယ် အို က လွဲ လို့  အကုန်တန်းစီ ပဲ လာသမျှ လူ ကို ကိုစတီး ရေဖလား နဲ့အပြည့် ခပ် ထည့် ပေးလိုက် တယ် တပြည် ကျော် ကျော် ခန့် ပေါ့  ။ ကျနော် လဲ ကားပေါ် က နေဆန်ဝေ နေရင်းနဲ့ မိမိနဲ့ ပါ လာ သူတွေ ထဲ က လဲ ကိုယ် ထိလက် ရောက်လှူ ချင်သူတွေ အတွက် နေရာလဲ ပြီးလှူစေ တယ်…။ ကျနော် ကားပေါ် က ဆင်း ပြီး တန်းစီ နေတဲ့  လူအုပ် ကိုကြပ်မတ် နေလိုက် တယ် .။ အဲဒီအချိန်မှာ လူအုပ် ထဲ က အမျိုးသမီးတွေ ရဲ့ စကားသံ တချို့  ကြား မိတယ် …။ ဘာတဲ့ …….ရပ်ကွက် ရုံးက နေ ဒုက္ခ သည် တွေ ပေးတာ လေး ၊ ငါး ရက် လောက် ကြာ မှ လူတယောက် ကို ဆန် နို့  ဆီ ဘူး တလုံးခွဲ နဲ့  အိမ်ထောင် စု နှစ် စုပေါင်းမှ ကြက် ဥ တလုံး တဲ့ ….။ ဒီကလေးတွေ လာ လှူတာကြည့်  စမ်း တဲ့  သူတို့ လို နို့  ဆီ ဘူး တလုံး ခွဲ ဝေတာ နို့ ဆီ ဘူးကို ၀ါးဇလုပ် တိုက် ပြီးလှူ တာမဟုတ် ဘူး …။ ကလေးတွေ တော် လိုက်ကြာတာ တဲ့။ အာဏာ ပိုင် တွေ ကြတော့  လှူ သာ လှူတယ် နံ မည် ကောင်း ဘာ လို့  မရ လဲ ဆိုတော့  က& | ||