ကိုရီးယား စစ်အစိုးရ သတ်လို့  သေတဲ့ ကျောင်းသား ဘ ဂျုံချောလ်

ဇော်မိုးအောင်

သူ့ သား အသတ်ခံရသော ပဉ္စမထပ် အခန်းအမှတ် ၉ တွင် ပန်းစည်းချနေသည့် ဘဂျုံချောလ်၏ ဖခင်


မြန်မာစစ်အစိုးရဟာ မြန်မာ့ လူအခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားအပေါင်းကို မတရား ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာကို အားလုံးအသိဖြစ်ပြီး ဖြစ်ပါတယ်။ ကိုရီးယား နိုင်ငံ အာဏာရှင်လက်အောက်တုန်းက ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ လူငယ်လေးတယောက်နဲ့  ပတ်သက်လို့ မကြာသေးမီက တက် ရောက်ခဲ့ရတဲ့ အခမ်းအနားအကြောင်းကို တင်ပြပါရစေ။

ကိုရီးယားနိုင်ငံဟာ ဇန်န၀ါရီမှ စတင်ပြီး မတ်လအထိ နှင်းများ ကျရောက်ပြီး အတော်အေးတဲ့ လတွေပါ။ ဒီနှစ်အတွင်း အအေးပေါ့ တယ်ဆိုပေမယ့် အနုတ် ၁၀ ဒီဂရီအထိ မကျပါဘူး။ နှင်းအစား မိုးအနည်းငယ်ရွာပါတယ်။ ဒီနှစ် ကိုရီးယားနိုင်ငံရဲ့  ထူးခြားချက်ပါ။ ၂၀၀၇ခုနှစ် ဇန်န၀ါရီလ ၁၄ရက် တနင်္ဂနွေနေ့  နေ့ လယ် ၂ နာရီ လောက်က ဆိုးလ်မြို့  (ကိုရီးယား စကားလို ဆောအုလ် လို့  ခေါ်ပါ တယ်) နာမ်မြောင်း ဒုံ (ဒုံသည် ရပ်ကွက်ဖြစ်ပါတယ်) ရှိ ၁၉၆၁ခုနှစ်က အာဏာသိမ်း စစ်အစိုးရ ဘ ဂျုံဟီ လက်ထက် စစ်အစိုးရ အခေါ် ကွန်မြူနစ်များ စစ်ကြောရေးစခန်းဟု အမည်ပေးထားပေမယ့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက် လှုပ်ရှား ဆန္ဒပြ တောင်းဆိုကြတဲ့ ကျောင်းသား ကျောင်းသူများကိုသာ ဖမ်းဆီး နှိပ်စက်ခဲ့တဲ့ စစ်ကြောရေးစခန်း အဆောက်အအုံမှာ ၁၉၈၇ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ က စစ်အစိုးရရဲ့  လက်ပါးစေများ နှိပ်စက်လို့  သေဆုံးသော တက္ကသိုလ် ကျောင်းသား ဘဂျုံချောလ်ရဲ့  နှစ် ၂၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပပါတယ်။

အဆိုပါ အခမ်းအနားသို့  အဲဒီအချိန်တုန်းက နှိပ်စက်ခံရသူ ကျောင်းသား ကျောင်းသူများနှင့် ၄င်းတိုရဲ့  မိသားစုများ၊ လွှတ်တော် အမတ်များ အလုပ်သမား သမဂ္ဂများနှင့် သူငယ်ချင်းများ၊ တက္ကသိုလ် ကျောင်းသားဟောင်းများနှင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး အဖွဲ့ များက တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ဂါရ၀ ပြုကြပါတယ်။

အဆိုပါ အဆောက်အအုံကို ၁၉၇၆ ခုနှစ်တွင် စနစ်တကျ တည်ဆောက်ထားခဲ့ပြီး ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရ ပြုတ်ကျ ပြီးနောက် ရဲစခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။ ၄င်းအဆောက်အအုံကို သမိုင်းဝင် အဆောက်အအုံဖြစ်ပြီး လူ့ အခွင့်အရေး အများအပြား ဆုံးရှုံးခဲ့သည်ဖြစ်၍ လူ့ အခွင့်အရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်စေပြီး ပြတိုက်အဖြစ် ထားရန်အတွက် ၂၀၀၅ ခုနှစ် ဇူလိုင်လလောက်က စတင်ပြီး လူ့ အခွင့်အရေး အဖွဲ့ အစည်းသို့  ပေးအပ်ခဲ့ပြီးနောက် ရဲစခန်းလဲ တနေရာကို ပြောင်းသွားပါ တယ်။ ယခုလက်ရှိ ဆဌမထပ်မှာ လူ့ အခွင့်အရေး ကာကွယ်ရေး ပြည်သူ့ ရဲအဖွဲ့ က လူ့ အခွင့်အရေး ကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြပါတယ်။

စစ်အာဏာရှင် မစ္စတာ ချာန်ဒူဝမ် ( ကိုရီးယားလို ဂျွန် ဒူ ဟွာန်] မစ္စတာ ချာန်ဟာ ၁၉၈၀ ခုနှစ် သြဂုတ်လတွင် အာဏာသိမ်း ပိုက်ခဲ့ပါတယ်။) လက်ထက် ဇန်န၀ါရီလ ၁၃ ရက်နေ့ တွင် ဘ ဂျုံ ချောလ် ( ဆိုးလ် တက္ကသိုလ် ကိုရီးယားစာ ဘာသာရပ် တတိယနှစ် ကျောင်းသား) နှင့်အတူ တက္ကသိုလ် ကျောင်းသား ၆ဦးကို ၄င်းတို့  နေအိမ် အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ၄င်းတို့ နှင့် ရင်းနှီးသူ အနုပညာ ဘာသာရပ် တက္ကသိုလ် ကျောင်းသား ဘ ဂျုံအုကို ဖမ်းဆီး မရ၍ စစ်ဆေးရန်အတွက် ဘ ဂျုံချောလ်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းပါ။

ဆိုးလ်တက္ကသိုလ် တတိယနှစ်ကျောင်းသား ဘဂျုံချောလ် (၂၂ နှစ်)

စစ်ကြောရေး အဆောက်အအုံသို့  မျက်နှာကို ပိတ်စနှင့် စည်းပိတ်ပြီး ခေါ်ဆောင်သွားပါတယ်။ စစ်ကြောရေး စခန်းသို့  ရောက်သည် နှင့် ရှေ့ ဘက် အပေါက်မှ မခေါ်ဘဲ အနောက်ဘက် မမှတ်မိအောင် ရှုပ်ထွေးအောင် ပြုလုပ်ထားသည့် တံခါးပေါက်မှ ဖမ်းဆီး ခေါ်ဆောင်လာပါတယ်။ စစ်ကြောရေး အခန်းထဲသို့  ရောက်တာနဲ့ ပဲ ခြေထောက်များနှင့် ပိတ်ကန်ပြီး “ဒီနေရာဟာ ဘယ်နေရာများ အောက်မေ့နေသလဲ။ မင်းတို့ ရဲ့ သေမင်းရွာပဲ“ဆို ပြီး တလွှာရောက်တိုင်း မီးပိတ် ကန်ကျောက် ထိုးကြိတ်ပါတယ်။

၇ ထပ်သာ ရှိသော အဆောက်အအုံကို အမှောင်တိုက် ကြောင်အိမ်လှေကားတို့ မှ တဆင့် နည်းပေါင်းစုံ ခေါ်လာပြီး ပဉ္စမထပ် အခန်းအမှတ် ၉ ရောက်တော့မှ အတင်း စည်းထားသော ပိတ်စကို ဖြည်ပေးပြီးနောက် လိင်နေရာကို လျှပ်စစ်နှင့် တို့ ခြင်း။ မျက်နှာကို ရေနက်ထဲ နှစ်လိုက် မြှုပ်လုပ် စစ်ဆေးရာမှ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဘ ဂျုံချောလ်ဟာ ၁၉၈၇ ခုနှစ် ဇန်န၀ါရီလ ၁၄ရက်နေ့  နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် သေဆုံးသွားပါတယ်။ ဒါပေမယ့် ယုံဆမ် ဆေးရုံကြီးကို ပို့ ပေးတယ် ပြောပေမယ့် အသက်က မပါတော့ပါ။

အချုပ်ခန်းတွင် စစ်ဆေးသည့် စားပွဲနှင့် ထိုင်ခုံ

 (ထိုင်အိမ်သာ၊ ရေချိုးခွက်များ ရှိပေမယ့် ရပ်နေသော သတင်းထောက်များ အပေါ်၌ အဖမ်းခံရသူ လှုပ်ရှားလို့ မရအောင်          ၂၄ နာရီ ကြည့်လို့  ရအောင် ကင်မရာ တပ်ဆင်ထားပါတယ်။)

စစ်အစိုးရ လက်အောက်ခံ သတင်းနှင့် သတင်းစာများတွင် စစ်ဆေးနေစဉ် ကြောက်အားလွန်ပြီး “အွတ်“ဟု အသံထွက်ပြီး သေဆုံး သွားကြောင်း ထုတ်ပြန်ပါသည်၊ ဘ ဂျုံချောလ် သေဆုံးသွားသည်နှင့် ပတ်သက်၍ အဖမ်းအဆီးခံနေရသော ကျောင်းသား ကျောင်း သူများရဲ့ မိသားစု. မိဘများက စစ်ကြောရေး စခန်းသို့  သွားရောက်ပြီး ဆန္ဒပြသဖြင့် အဖမ်းအဆီး ခံခဲ့ရပါတယ်။ ဒါပေမယ့် လူထု ထကြွမှာ စိုးရိမ်တဲ့ စစ်အစိုးရဟာ ၂ရက်မြောက်နေ့ မှာ လွတ်ပေးလိုက်ပေမယ့် ပြည်သူများနှင့် ကျောင်းသားများက မကျေနပ်၍ ဇွန်လ ၁၀ ရက်နေ့ တွင် တောင်းဆိုဆန္ဒပြရာ ဇွန် ၁၀ အရေးအခင်းကြီး ပေါ်ပေါက်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာရှင် ချာန်ဒူဝမ် ပြုတ်ကျပြီး နိုတေ၀ူးတက်လာသည်။ နိုတေ၀ူး (၁၉၈၈ခုနှစ်မှ ၁၉၉ခုနှစ်ထိ)နောက် ကင်းမ်မြုံဆမ်။ ကင်းမြုံဆမ် (၁၉၉၃ခုနှစ်မှ ၁၉၉၉ခုနှစ်ထိ) နောက် ကင်းမ်ဒဲဂျုံ (၁၉၉၉ခုနှစ်မှ ၂၀၀၃ခုနှစ်ထိ )။ ယခု နိုမုဟယောင်း သမ္မတ (၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိဖြစ်ပါတယ်)

အမြဲလိုလို မီးပိတ်ထားပြီး မှောင်မည်းနေသော ကျဉ်းမြောင်းလှသော လူသွားလမ်း

 

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org