|
|
||
|
ကမ္ဘာတခုလုံးက မျက်ခြေမပြတ် စောင့်ကြည့်ရတဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ၄၄ ယောက်မြောက် ဖြစ်လာမဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ ထူးခြားမှုတွေနဲ့ ပြည့်နှက်လို့နေတယ်။ နောက် သုံးပတ်လောက်ဆိုယင်ပဲ ၂၀၀၈ ဇန်န၀ါရီရောက်ပြီမို့ အမေရိကန်နိုင်ငံထဲမှာ ပြည်နယ် အသီသီးက ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲတွေ သူနိုင်ကိုယ်နိုင်ကြဲဖို့ စတင်ပြီလေ၊ နယူးယောက်ပြည်နယ်က ဒီမိုကရက်တစ်ပါတီကနေ ၀င်ရောက်အရွေးချယ်ခံမယ့် ဟီလာရီ ရောဒ်ဟမ် ကလင်တန်ဆိုတာ ကမာ့္ဘပြည်သူတွေနဲ့ သိပ်တော့ စိမ်းမနေပါဘူး လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီက အိမ်ဖြူတော်မှာ First Lady လို့ခေါ်တဲ့ သမ္မတကတော်အဖြစ် နေထိုင်သွားသူပါ၊ နောက်သူ့ရဲ့ ကျော်ကြားမှု ကတော့ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံး ရှေ့နေ ၁၀၀ ထဲမှာ သူလည်း ထိပ်တန်းစာရင်းဝင်သူပါ၊ အမေရိကန်နိုင်ငံရဲ့ အင်အားကြီး ပါတီတွေဖြစ်တဲ့ ဒီမိုကရက်တစ် နဲ့ ရီပါဗလစ်ကင် ပါတီ နှစ်ခုရဲ့ သမ္မတလောင်းတွေကြားမှာ တစ်ပြေးနေတဲ့ ဒီမိုကရက်တစ်ပါတီက နယူးယောက်ပြည်နယ် ဆီးနိတ်အမတ် တဦးပါ၊ သူမဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး မှတ်တမ်းဝင် ရွေးချယ်တင်မြောက်ခံရတဲ့ သမ္မတ ကတော် လွှတ်တော်အမတ်တဦးပါ၊ နောက်ထပ် ဆက်တိုက်ကျိုးမယ့် စံချိန်တွေကတော့ အမေရိကန်နိုင်ငံမှာ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာနိုင်ပြီး၊ လင်ရော မယားပါ သမ္မတ ဖြစ်လာ ဖြစ်နိုင်သူဖြစ်ပြီး ခင်ပွန်းသည် သမ္မတဟောင်း ဘီလ်ကလင်တန် ကတော့ First Gentleman ဖြစ်လာမှာပါ။ အောက်တိုဘာလ ၂၆ရက် ၁၉၄၇ ခုနှစ်မှာ အလယ်အလတ်တန်းစား အောင်မြင်တဲ့ ချည်မျှင်နှင့် အထည်လိပ်ထုတ်လုပ်ရေး လုပ်ငန်းရှင် ဟုရှ် အဲစ၀ပ် ရော့ဒ်ဟမ် နဲ့ ဒေါ်ရသီ အမ်မာ ဟိုးဝဲလ် တို့ကနေ ရှီကားဂိုး၊ အီလီနွိုက်ပြည်နယ်မှာ မွေးဖွားပါတယ်၊ ၀ယ်လက်(စ်)လေ ကောလိပ်ကနေပြီးတော့ နာမည်ကျော် ယေးလ် တက္ကသိုလ်ကနေ ဥပဒေ ဘာသာရပ်နဲ့ ၁၉၇၃မှာ ကျောင်းပြီးပါတယ်၊ ၁၉၇၅မှာ အာကင်ဆောလ်က ၀ီလ်ယံ ဂျက်ဖါဆင် ကလင်တန်နဲ့ လက်ထပ်ပါတယ်၊ သမီးတဦးထွန်းကားပြီး ချဲလ်ဆီးလို့ အမည်ရပါတယ်၊ ၁၉၇၉မှာ ၀ါသနာတူ အမျိုးသမီးများနှင့် နှင်းဆီ ဥပဒေ အကျိုးဆောင် လုပ်ငန်းကို ထူထောင်ပါတယ်၊ ၁၉၈၈ နဲ့ ၁၉၉၁ အရောက်မှာတော့ အမေရိကန်နိုင်ငံ ထိပ်တန်း ဥပဒေအကျိုးဆောင်နဲ့ အတော်ဆုံးရှေ့နေ စာရင်းဝင်လာ ပါတယ်၊ ၁၉၇၉ ကနေ ၁၉၈၁ မှာတော့ အာကင်ဆောလ်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကတော် ဖြစ်လာပြီ်း၊ သူမဟာ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းတွေ နဲ့ ကလေးသူငယ် အရေးကို အထူးစိတ်ဝင်စားသူ ဖြစ်ပါတယ်၊ နောက်ပိုင်း ကမ္ဘာကျော် ဝေါလ်မတ် ကုန်တိုက် နဲ့ အခြားသော ကုမ္မဏီများမှာလည်း ဘုတ်အဖွဲ့ ဒါရိုက်တာ အဖြစ် ပူးပေါင်းဆောင်ရွက် တာတွေကိုလည်း တွေ့ရပါတယ်။ ခင်ပွန်းသည် သမ္မတဖြစ်လာပြီးတဲ့ ၁၉၉၂ နောက်ပိုင်းမှာ လူတိုင်းခေါင်းခဲကြရတဲ့ အမေရိကန်နိုင်ငံမှာ ဆေးဝါး ကုသစရိတ်ကြီးမြင့်မှုရဲ့ တစိတ်တဒေသ ကလေးများ ဆေးဝါးအလကား ကုသနိုင်ခွင့် အာမခံ ကို ကလင်တန် ကျန်းမာရေး စောင့်ရှောက်ကုသမှု အစီစဉ်ဆိုပြီး ဆောင်ရွက်ပါတယ်၊ အထူး လေးစားလောက်တာကတော့ ၁၉၉၆ခုနှစ် ရေဖြူ အရှုတ်တော်ပုံ နဲ့ ၁၉၉၈ခုနှစ် မော်နီကာ လူဝင်စကီး အရှုတ်တော်ပုံတွေမှာ ခင်ပွန်းသည်ရဲ့ နောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာပါပဲ၊ ဘီလ်ကလင်တန် သမ္မတလောင်းအဖြစ် မဲဆွယ်ပွဲတခုမှ သူမပြောတဲ့ စကားတခုဟာ ယနေ့ကမ္ဘာစီးပွာရေး ကြော်ငြာများမှာ အလွန်အသုံးတည့်လှပါတယ်၊ သူမက အမေရိကန်ပြည်သူတွေကို ရှင်တို့ အခုဒီ သမ္မတကို မဲပေးကြမယ်ဆိုယင် သိပ်တော်တဲ့ ဥပဒေ အကျိုးဆောင်တယောက် အဆစ်( အလကား) ရမယ် .. အဲဒါဘာလဲ သိလား Two in One လို့ ဆိုတယ် ဒါကို ကမ္ဘာ့စီပွားရေးသမားတွေ ဒီစကားကို မျက်စေ့ကျပြီး (2 in 1), (3 in 1) နောက်တော့ (4 in 1) အဲဒီလို ရေလဲသုံးနေကြတာလို့ အထောက်အထားများက ဆိုတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ နယူးယောက် က ချက်ပါကွာ အရပ်မှာအိမ်တလုံးဝယ်ပြီး နိုင်ငံရေးလောက ခြေစုံပစ်ဝင်လာကာ နယူးယောက်ပြည်နယ် ဆီးနိတ်အမတ်ဖြစ်လာပါတယ်၊ သူမရဲ့ ကိုယ်ရေး အထ္ထုပ္ပတိ တွေ ရေးသားထားတဲ့ သမိုင်းတွင် နေထိုင်ခြင်းဆိုတဲ့ စာအုပ်ဟာ ဘာသာစကား ၁၂မျိုးနဲ့ အုပ်ရေပေါင်း ၁.၃ မီလီယံ အုပ်ရေ ရောင်းရတဲ့ အရောင်းရဆုံး ( ဘက်ဆဲလ်လား ) စာအုပ်တအုပ်ပါ၊ စက်တင်ဘာ ၁၁ ရက် ၂၀၀၁ ခုနှစ် တိုက်ခိုက်မှု နောက်ပိုင်း သူမရဲ့ မိတ်ဆွေတွေနဲ့ ဂရုတစိုက် ဇောင်းပေးလုပ်လာတာက လုံခြုံရေးနှင့် ပြန်လည်ပြင်ဆင်ထိမ်းသိမ်းရေး ရံပုံငွေ အဖွဲ့ဖွဲ့ပြီး ဝေါလ်ထရိတ်စင်တာမှာ သေဆုံးသွားသူ အနာတရဖြစ်သူတွေရဲ့ မိသားစုဝင်တွေကိုထိရောက်စွာ ကူညီခဲ့ပြီး နယူးယောက်မြို့တော် ပြန်လည်ဖွင့်ဖြိုးရေး၊ လုံခြုံရေး၊ ကျန်မာရေး၊ နောက်ထပ်တခါ ထပ်မံတိုက်ခိုက်မှုမျိုး မကြုံတွေ့ရအောင် ပြည်ထဲရေး လုံခြုံမှုကိစ္စတွေကို အထူးဦးစားပေး ဆောင်ရွက်တိုက်တွန်း လုပ်ဆောင်လာပါတယ်။ အဲလိုလုံခြုံရေးရာတွေ အထူးပြုလုပ်ဆောင်လာတာနဲ့ အညီ နိုင်ငံတော်လုံခြုံမှု ဆိုင်ရာကိစ္စတွေ အမေရိကန်စစ်တပ် လိုအပ်ချက်တွေ သိရှိနိုင်ရန် အီရတ်၊ အာဖဂန်နစ္စတန် စစ်မြေပြင်တွေ နယူးယောက်နားက ဖို့ဒ်ဒရမ် အမေရိကန်နောက်တန်း စစ်စခမ်းတွေ၊ ဝေါလ်တာ ရိဒ်စစ်ဆေးရုံတွေလို အစရှိသဖြင့် သွားရောက် လည်ပတ်ပြီး ပင်လယ်ကွေ့စစ်ပွဲ ၌ စိတ်ဓါတ်အနာတရဖြစ်မှုတွေ အမေရိကန်စစ်တပ်၊ အမျိုးသားလုံခြုံရေးတပ်၊ အရံတပ်ရင်းများရဲ့ နိုင်ငံရပ်ခြားမှာ ကြုံတွေ့ရတဲ့ အမှားများ၊ စိန်ခေါ်မှုများကို လစ်လျှုရှုမထားပဲ အဖြေရှာခဲ့ပါတယ်၊ ပြီးတော့ ဗဟိုအစိုးရရဲ့ ကွန်ဂရက်မှာ ဥပဒေပြု ချည်နှောင်ထားတဲ့ အလယ်အလတ်တန်းစား ပြည်သူများအတွက် လစာတိုးမြှင့်ရေးကိစ္စများ၊ လူတန်းစားပေါင်းစုံ ရင်စည်းခံကြရတဲ့ အခွန်အတုပ် စီးကြပ်မှုများ လျှောပေါ့ရေး၊ အလုပ်အကိုင် အခွင့်လမ်းကောင်းများ ပိုမိုဖန်တီးရေး၊ သမ္မတ ဘုရှ် အုပ်ချုပ်မှုကာလမှာ မီလီယံနဲ့ချီတဲ့ အမေရိကန် မိန်းမသားတွေ ကိုယ်ဝန်ဖျက်ချမှု လျှော့ကျအောင် အလေးထား သူမဆောင်ရွက်နိုင်ခဲ့တယ်၊ ကမ္ဘာပေါ်မှာ HIV/AIDS ဝေဒနာသည်များတိုးပွားလာမှုမှ အစ ဆေးဝါးကုသမှုဆိုင်ရာ မှားယွင်းမှုများ နည်းနိုင်သမျှ လျှော့ချနိုင်ရေး၊ ဆူဒန်နိုင်ငံ ဒါဖါလ်း ကိစ္စရဲ့ အမေရိကန်ပါဝင်ပါတ်သက်မှုမှာလဲ သူမရဲ့ အခန်းကဏ္ဍဟာ ကြီးမားကျယ်ပြန့်လှပါတယ်။ ဒါတွေကို အဓိကထားလုပ်ဆောင်နိုင်တာ ဟာ သူမခင်ပွန်း သမ္မတကြီး ဘီကလင်တန် လက်ထက်မှာ ကမ္ဘာ့နိုင်ငံတွေနဲ့ သံခင်းတမန်ခင်း ကောင်းမွန်ခဲ့တာတွေရဲ့ အတွေ့ကြုံကောင်းတွေ သူမ ကျောင်းသူဘ၀ ကတည်းက အမေရိကားမှ ကမ္ဘာကျော် လူ့အခွင့်အရေး (လူမည်းများ) ခေါင်းဆောင် မာတင်လူသာကင်း ရဲ့ ဟောပြောပွဲများ သွားရောက် နားထောင်လေ့ရှိတယ် ဆိုတာကနေ ဒီဗျူဟာတွေ အခြေခံတယ်လို့ စာရေးသူ ယုံကြည်ပါတယ်။ ဒီလို ဆောင်ရွက်မှု အခင်းအကျင်း ကောင်းတွေကြောင့် ၂၀၀၆ ခုနှစ်မှာ ဟီလာရီ ကလင်တန်ဟာ နယူးယောက် မြို့သားများ အားပေးမှုနဲ့ ဆီးနိတ်လွှတ်တော်မှာ ၆၇ရာခိုင်နှုန်း ထောက်ခံမှုရခဲ့တယ်၊ သြဇာ အရှိန်အ၀ါကြီးမားတဲ့ လော့(စ်)အိန်ဂျလိ(စ်) ထိုင်း သတင်းစာကြီးရဲ့ ပြီးခဲ့တဲ့ လကုန်ပိုင်းအထိ မဲစစ်တမ်းကောက်ယူမှု စာရင်းဇယားများအရ ထိပ်တန်းပါတီကြီး နှစ်ခုဖြစ်တဲ့ ရီပါဗလစ်ကင် ပါတီ နဲ့ ဒီမိုကရက်တစ်ပါတီ တို့မှာ ဟီလာရီ ကလင်တန်ဟာ ပြိုင်ဘက်များထက် ၄၈နှုန်းနဲ့ ထိပ်ဆုံးကနေ ပြေးနေသလို၊ ရီပါဗလစ်ကင်ပါတီက နယူးယောက်မြို့တော်ဝန် ရှုဒီ ဂူလီယာနီ ဟာ ၃၂ နှုန်းရရှိနေခြင်းကိုကြည့်ယင် သူမဟာ ပြိုင်ဘက်များ အကြားအပြတ်အသတ် ကွာလှမ်းနေသည်ကို ကြည့်ခြင်းဖြင့် အလားလာကောင်းများရှိနေပြီး အချို့သော နိုင်ငံရေး အကဲခတ်သုံးသပ်သူများက အစောပိုင်းတွင် အထူးသဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံ၏ ကံကြမ္မာကို အမျိုးသမီး တဦးရဲ့လက်ထဲ ၀,ကွက်အပ်လိုက်ခြင်းကို စိုးရိမ်ကြောင့်ကြမှုတွေ ရှိခဲ့ပေမယ့် အခြေခံဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်တာနဲ့ အညီ သိပ်ပြဿနာ မရှိလှဘူးလို့ဆိုတယ်၊ အခြားပြဿနာ တခုက ဘာသာရေး အစွဲလမ်းကြီးသူ ရှေးရိုးစွဲတွေဆီမှာတော့ သူမ မဲရရှိနိုင်မယ် မထင်ကြပြန်ပါဘူး၊ သူမ အားကောင်းစေတဲ့ အချက်ကတော့ လက်ရှိအာဏာရ ပါတီ ရီပတ်ဘလစ်ကင် သမ္မတ ဘုရှ်အစိုးရဟာ ပြည်ပရေးရာ ကိုင်တွယ်မှု မှားယွင်းတယ်လို့ ပြည်သူတွေက ဆိုနေကြတဲ့ ကြားထဲ တဇွတ်ထိုး လုပ်ဆောင်မှုကြောင့် ရှေ့မတိုး နောက်မဆုတ်သာ အချေအနေတွေ ရှိနေခဲ့ရတာဟာ သူမအတွက် ရရှိမဲ့ မဲပြားတွေ ဖြစ်နေခဲ့တယ်လို့ အကဲခပ်သူတွေ သုံးသပ်နေခဲ့ကြပါတယ်။ အမေရိကန်တွေထဲမှာ ကျယ်ကျယ်လောင်လောင်ကြားရတဲ့ မတူကွဲပြားတဲ့ လူ၊ မတူကွဲပြားတဲ့ အိုင်ဒီယာဆိုတဲ့ စကားတွေ အတွေးအခေါ်တွေဟာ သူမ သမ္မတဖြစ်လာစေမဲ့ တွန်းအားမောင်းနှင်မှုတွေဖြစ်ပြီး အမေရိကန်နိုင်ငံ သမိုင်းကို ပြောင်းပြန်လှန်ဖို့ အတွက်ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာမဲ့ ဟီလာရီ ကလင်တန် ဟာ ကမ္ဘာ့နိုင်ငံရေးကိုလဲ တွန်းလှန်ပြောင်းလဲနိုင်ပါ့ မလားလို့ အမိမြန်မာပြည်ဖက် လှမ်းမျှော် ကြည့်ရင်း ပုခက်လွှဲတဲ့ လက်တွေ ကမ္ဘာကို အုပ်စိုးမဲ့အရေး တွေးကြည့် မိပါတော့တယ်။ x x x |
| |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||
|
Suggestions & Comments: webmaster@hittaing.org |
||