|
|
||
|
ဘာလို့လဲ
ညလေး
ညလေးရဲ့ အတွေးထဲကို ဘာလို့များ မလေးလူမျိုးတွေ အလုပ်မလုပ်ပဲ နေချင်ကြတာလဲ?
မလုပ်ပဲလဲ နေနိုင်ကြတာလဲ? ပညာ မသင်ပဲလဲ နေလို့ရနေကြတာလဲ ? ဆိုတဲ့
အတွေးတွေနဲ့ ဆင့်ပွား ခံစားချက်တွေ များလာပြီး ရေးဖြစ်သွားတာပါ။
ကျမရဲ့ အတွေးထဲကို ဒီအတွေးလေး ရောက်ရှိနေခဲ့တာ ကြာပါပြီ။ မလေးရောက်လို့
သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ရပိုင်ခွင့်
လုပ်ပိုင်ခွင့်တွေ မတူတာတွေ အများကြီးပဲ။ ဒီအတွေးတွေက ကျမ မိန်းကလေး
တစ်ယောက်အနေနဲ့ တွေးမိသမျှတွေပါ....။
မလေးနိုင်ငံသားတွေ ၀မ်းရေးအတွက် မပူရဘူး ပြောရမလား။ ထမင်းတစ်ထုပ် ၁ ရင်းဂစ်နဲ့ ဟင်းအနည်းငယ် နှစ်မျိုးလောက် တစ်ယောက်စာ ဆိုရင် ၃ ရင်းဂစ်ပါ၊ ဒါက သတ်မှတ်ထားတာလဲ မဟုတ်ဘူး ထည့်တဲ့ ဟင်းပေါ်မူတည် ပြောင်းလဲသွားတာ၊ တစ်ချို့တွေ ၂ ရင်းဂစ် ၊ ၂ ရင်းဂစ်ခွဲနဲ့လဲ စားနေကြတာပဲ။ ဒီလောက်ဈေးနှုန်းက ဘယ်သူမဆို ၀ယ်စားနိုင်ကြတယ်၊ ဆင်းရဲသားတွေ လမ်းဘေး တောင်းစားနေတဲ့ သူတွေလဲ ဘယ်ဆိုင်မဆို ၀င်ဝယ်စား ဒီဈေးပဲ။ ချမ်းသာတဲ့ ကားအကောင်းစား စီးနေကြတဲ့သူတွေလဲ ဘယ်ဆိုင် ၀င်စားစား ဒီဈေးပဲလေ။ ဘယ်သူ့ ဘယ်သူကိုမှ သတ်မှတ်ချက်နဲ့ ပြောင်းလဲမနေဘူး။ တစ်နပ်စာတော့ ၀သွားမှာပဲ။ ပြီးတော့ အမှိုက်ကောက်တဲ့ သူတောင်မှ စီးစရာ စက်ဘီးလေးနဲ့ တွန်းလှည်းပါတဲ့ ဘီးလေးနင်းလို့ အမှိုက် လိုက်ကောက်နေကြတယ်။
လမ်းလျှောက်ရင်း ကောက်တဲ့သူတွေရော သူတို့ ခါးကြားမှာ ဟန်းဖုန်းပါတယ်။
ဟန်းဖုန်းထုတ်ပြီး စကားပြောနေတဲ့ အမှိုက်ကောက် သမားကို ကျမ တွေ့ရတယ်။ သူတို့
တစ်နေ့ ၀င်ငွေ ဘယ်လောက်ဝင်လဲ ၀င်တဲ့ ငွေပေါ်မူတည်ပြီး ကားကုမ္ပဏီမှာ
လပေးသွင်းနဲ့ ကားဝယ်လို့ရတယ်၊ အိမ်ဝယ်လို့ရတယ်၊ ပရိဘောဂ ပစ္စည်းတွေ
ဝယ်လို့ရတယ်။ အို.... သူတို့တွေ ဒီမှာ နေ နေသရွေ့ ကုမ္ပဏီက ၀ယ်ခွင့်ပေးတယ်။
အိမ်ဝယ်ချင်ရင် နှစ်၂၀သွင်းနဲ့ တစ်လကိုမှ ရင်းဂစ် ၅၀၊ ၁၀၀ လောက်ပဲ ပေးရတယ်၊
ကျန်ပစ္စည်းတွေလဲ သူ့နှစ်နဲ့ သူ့နှုန်းနဲ့ သူ သတ်မှတ်ထားကြတယ်၊ ဘာပဲဖြစ်ဖြစ်
ပေးနိုင်တယ်။ နိုင်ငံသားတစ်ယောက်က သူ့နိုင်ငံမှာ သူသေတဲ့ထိ နေမှာ မဟုတ်လား။
ပြီးတော့ ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းလေးနဲ့ တတ်နိုင်တဲ့ မော်တော်ယာဉ်ကို ၀ယ်စီးလို့ရတယ်။ အရမ်းကြီး ဟောင်းနေလို့ ဒီကားကဖြင့် မကောင်းတော့ဘူးရယ် ဆိုပြီး ဘယ်သူကမှ နယ်ပို့တာတွေ မလုပ်ဘူး။ သူက ဆိုင်ကယ်ပဲ စီးနိုင်တယ်၊ သူကတော့ ကားဆို စုတ်ပြတ်နေတာပဲ စီးနိုင်တယ်၊ တတ်နိုင်တာ ၀ယ်စီးကြရုံပဲ။ ဂျုံးဂျုံးကျနေတဲ့ ကားတွေလဲ ဥဒဟို သွားလာနေကြတာပဲ၊ ကျမ ရန်ကုန်မှာတုန်းက မြင်ခဲ့ရတဲ့ ကားတွေလိုမျိုး စုတ်ပြတ်နေတာ၊ ညစ်ပတ်နေတဲ့ ကားတွေလဲ ဒီလိုပဲ မောင်းနေကြတာပဲ။ ဆိုင်ကယ်တွေ စီးတာ ပိုများကြတယ်။ ဒီတော့ ဆိုင်ကယ်သွားနိုင်အောင် ယာဉ်တိုက်မှု နည်းနိုင်သမျှနည်းအောင် ဆိုင်ကယ်သွား လမ်းလေးတွေ ထွင်ပေးထားတယ်။ မြေအောက်က ဖောက်လို့တစ်နည်း၊ လမ်းမကြီးဘေးနား လမ်းလေးအဖြစ်နဲ့ တစ်ဖုံပေါ့။ မြန်မာ ပြည်မှာတော့........ တစ်လကို ရင်းဂစ် ၅၀၀ လောက် ၀င်ငွေရှိနေရင် (ရင်းဂစ် ၅၀၀ ဆိုတာ ညလေးခန့်မှန်းပါ) တစ်အိမ်သားလုံး ထိုင်စားနေနိုင်ကြ တယ်လေ။ မရှိရင်ရော ရတဲ့အလုပ် လုပ်ပေါ့။ မလုပ်ချင်ရင် နာဆီလမက် (Nasi Lemak- မလေး အုန်းထမင်း) ရောင်းစားကြတယ်။ တစ်ချို့တွေ အစားအသောက်တွေကို Pasar Malam (ညဈေး)မှာ ရောင်းကြတယ်၊ ၁ ရင်းဂစ်ဖိုးလဲ ရောင်းကြတယ်။ တစ်နိုင် ပစ္စည်းလေးတွေကို ရအောင် ရောင်းတယ်။ ချက်ပြုတ်စရာ ဟင်းသီးဟင်းရွက် (၃ မျိုး/ ၃ စည်း ၂ ရင်းဂစ်ပါ)၊ အသား၊ ငါး (ပန်းကန်လိုက်ရောင်းတဲ့ သူကလွဲလို့) ကီလိုနဲ့ ချိန်ရောင်းတယ်၊ နည်းနည်းလဲ ၀ယ်လို့ရတယ်။ အသေးအမွှား ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ အားလုံး ၁ ရင်းဂစ်ပဲ။ မိန်းကလေးတွေအတွက် ကလစ်တို့ ခေါင်းစီးကြိုးတို့ရော ဟုတ်ကဲ့ ၁ ရင်းဂစ်ပါပဲ။ ပစ္စည်း တော်တော်များများကို ၁ ရင်းဂစ်နဲ့ ၀ယ်ယူလို့ ရနေတယ်။ အင်္ကျီတွေဆိုလဲ ၅ ရင်းဂစ်၊ ၁၀ ရင်းဂစ်လောက်နဲ့ ၀ယ်လို့ရတယ်၊ ဒါလဲ တော်တော်ကြီးကို ကောင်းနေပြီ။ ဒီလောက်ဆို သူတို့တွေရဲ့ ၀ယ်သုံးနိုင်မယ့် ပစ္စည်းတွေ ဘယ်လောက်ရှိမလဲ သိကြမှာပါ။
မလေးတွေ ရောင်းတဲ့ `နာဆီလမက်´ (ဖက်ခံ၊ အပေါ်က အုန်းထမင်းပုံပြီး ထမင်းပေါ်ကမှ ငရုတ်သီး ဖျော်ထားတာ လောင်း၊ ငါးနီတူခြောက်ကြော်၊ မြေပဲကြော်၊ ကြက်ဥပြုတ် တစ်စိတ် (တချို့တွေ ကြက်ဥကြော် ပေးတယ်)၊ သခွားသီးနည်းနည်း တင်ပြီး ထုပ်လိုက်တာပဲလေ) အိမ်စရိတ် ရေဖိုး၊ မီးဖိုးကရော တစ်လလုံးသုံး ရင်းဂစ် ၅၀
မကျော်ပါဘူး။ တအား အသုံးကြမ်းရင်တော့ မတတ်နိုင်ဘူး။ ပျမ်းမျှခြင်း တစ်အိမ်မှာ
လူ ငါးယောက်၊ ခြောက်ယောက်နေတယ်ဆိုရင် လုံးဝ
ရင်းဂစ်
၅၀
မကျော်ဘူး။ ကျမတို့တွေ နေတဲ့ အိမ်တောင်
ရင်းဂစ်
၅၀
မကျော်ဘူးလေ။ ဒီတော့ လူ နှစ်ဦးလောက် အလုပ်ရှိနေတယ် ဆိုရင်ဖြင့် ဒီအိမ်မှာ
စိတ်ကြိုက် တန်ဆာဆင်လို့ ရနေပြီလေ။ မြန်မာပြည်မှာရော ပြည်သူတွေက
ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို လိုချင်တဲ့ချိန်မှာ ချက်ချင်း
ဝယ်နိုင်ကြပါရဲ့လား.... x x x |
| |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||
|
Suggestions & Comments: webmaster@hittaing.org |
||