အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း (၁၃)

(အက်စတိုးနီးယား)

ခွန်ဆိုင်း

tiseb/flikr

တော်လင်းမြို့တော်မှ ၁၉၀၅ အက်စတိုးနီးယားတော်လှန်ရေးအထိမ်းအမှတ်ရုပ်တု

ပထမအကြိမ် လူထုသပိတ်တိုက်ပွဲက ၁၉၈၇ခုနှစ် သြဂုတ်လ ၂၃ရက်နေ့ မြို့တော် တော်လင်းမှာ ဖြစ်ပွားခဲ့တယ်။ လူထုကြီးက သူတို့သိခွင့်မရတဲ့ လျှို့ဝှက်ညှိနိုင်းချုပ်ဆိုခဲ့ကြတဲ့ မိုလိုတော့၊ ရီဗင်းထရော့ သဘောတူစာချုပ် မူကြမ်းကို ဖော်ထုတ်ပေးဖို့ တောင်းဆိုကြတာပါပဲ။

အဲဒီ့ စက်တင်ဘာလထဲမှာပဲ အက်စတိုးနီးယန်း စီးပွားရေး ရေရှည် အမှီအခိုကင်းရေး စီမံချက်တခုကို လူထုထံချပြကြတယ်၊ နှစ်ကုန်ပိုင်းမှာတော့ လူငယ်တွေက ဦးဆောင်ပြီး ၁၉၁၈ခုနှစ် ၁၉၂၀ခုနှစ် အက်စတိုးနီးယန်း လွတ်လပ်ရေးစစ်ပွဲ အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပကြတယ်။ အဲဒီ့ချီတက်ဆန္ဒပြပွဲတွေမှာ တားမြစ်ထားတဲ့ အပြာရောင်၊ အဖြူရောင်၊ အနက်ရောင်အမျိုးသား အလံတွေ ပလူပျံအောင်တွေ့ကြရတယ်၊ ဆိုဗီယက်စစ်တပ်တွေက ဘာမှမလုပ်ဘူး။ ကေဂျီဘီတွေကတော့ ဖြစ်စဉ်အားလုံးကို အနီးကပ် သေချာစောင့်ကြည့်တယ်။ အာဏာပိုင်တွေကလည်း အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို သိက္ခာချ ဆောင်းပါးတွေ ရေးထုတ်ပြီး လူစုလူဝေးတွေကိုလည်း ဖြိုခွင်းဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါပေမယ့် မအောင်မြင်ဘူး၊

၁၉၈၈ခုနှစ်မှာတော့ အက်စတိုးနီးယန်း လွတ်မြောက်ရေးလှုပ်ရှားမှု့ က ၂ပိုင်းကွဲသွားတယ်၊ အင်အားစုတစုကို တိုးတက်တဲ့ အမြင်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေ ကွန်မြူနစ်ပါတီက အရာရှိတွေက ပါဝင်ဦးဆောင်တယ်၊ သူတို့ယုံကြည် ကိုင်စွဲတာက ဆိုဗီယက်စံနစ်ထဲ ကနေ ဒီမိုကရေစီဘောင်ကို ချဲ့သွားမယ်၊ တဖြည်းဖြည်းနဲ့ ဆိုဗီယက်ယူနီယံကနေ အက်စတိုးနီးယန်းကို ခွဲထုတ် သွားမယ်ပေါ့၊ နောက်အင်အားစု တစုကိုတော့ အတိုက်အခံဟောင်းတွေ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လူအခွင့်ရေးသမားတွေ မျိုးဆက်သစ် တွေ ပါဝင်ဦးဆောင်တယ်၊ ဆိုဗီယက်အုပ်စိုးမှုကို အဆုံးသတ်စေပြီးမှ အက်စတိုးနီးယန်း သမ္မတနိုင်ငံကိုထူထောင်ဖို့ လိုတယ်လို့ အယူအဆကို ကိုင်စွဲတဲ့အဖွဲ့ဖြစ်တယ်၊ ဒီအင်အားစုကမှ တကယ့်အင်အားစုဖြစ်လာပြီး ၄၈နှစ်ကြာ ဆိုဗီယက်အုပ်စိုးမှုကို နိဂုံးချူပ်ပေးခဲ့တယ်။

အဲဒီနွေဦးမှာ လူထုတပ်ဦးတစ်ခုဖွဲ့စည်းဖို့ ကြိုးစားကြံစည်ကြတယ်။ ပထမတော့ ဒီအမျိုးသားလှုပ်ရှားမှုကို ကွန်မြူနစ်ပါတီနဲ့ ကေဂျီဘီတွေက ၀င်ပြီး ဇက်ချုပ်အုပ်စီးရင်း လိုရာမောင်းမယ်ဆိုတဲ့ အကြံရှိတယ်။ ဒါပေမယ့် ဒီလူထုတပ်ဦးက ဆိုဗီယက်တွေ ဒီလိုကြိုတင် တွက်ဆထားတာကို လွှမ်းမိုးလိုက်နိုင်ပြီး အက်စတိုးနီးယန်းလူထုရဲ့ တကယ့်အကျိုးစီးပွားနဲ့ လိုးလားချက်တွေကို ဖော်ဆောင်မယ့် အဆင့်ထိ တက်လှမ်းသွားနိုင်ခဲ့တယ်။ ဒီတပ်ဦးကို အက်စတိုးနီးယန်း အမျိုးသားရေးလှုပ်ရှားမှုရဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ ခေါင်းဆောင်တွေက ဦးဆောင်တယ်။ ဒီလို ပိုမို လက်တွေ့ဆန်တဲ့ အက်စတိုးနီးယန်း လူအဖွဲ့အစည်းကို ကာကွယ်တဲ့ သဘောတရား ကိုင်တွယ်ထားသူတွေက ၁၉၈၈ ခုနှစ် နွေရာသီမှာ ခွင့်ပြုချက်မယူဘဲ အဖွဲ့အစည်းတစ်ခု ထူထောင်လိုက်ကြပြီး သူကနေတဆင့် လူထုပါတီကြီးအထိ ဖြစ်လာခဲ့တာပါဘဲ။

ယေဘူယ ဒီလမ်းစဉ် နှစ်ရပ်ဟာ အခြေခံအတွေးအခေါ် မတူညီကြပေမယ့် အချင်းချင်း ရန်ဖြစ်နေတာမျိုးတော့ မရှိဘဲ လှုပ်ရှားမှုတွေမှာ စုစုစည်းစည်းတောင် ရှိသေးတယ်။ ဒီလှုပ်ရှားမှုဖြစ်စဉ်တွေထဲမှာ အထင်ရှားဆုံး အခမ်းအနားကတော့ လူထုတပ်ဦးကဦးဆောင်တဲ့ ဂီတပွဲတော်ဘဲ လူတွေသောင်းနဲ့ချီပြီး တက်ရောက်အား ပေးခဲ့ကြတယ်။ ၁၉၈၈ ကနေ ၁၉၉၁ အထိ ဒီဂီတ တော်လှန်ရေးလှုပ်ရှားမှုကြီးက ဆက်လက်ကြီးကျယ်ခဲ့တယ်။ နောက်ထင်ရှားခဲ့တဲ့ လှုပ်ရှားမှုတစ်ခုက ဘောလ်တစ်တွဲလက်များ ဆိုတဲ့ လှုပ်ရှားမှုဘဲ။ ၁၉၈၉ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ လက်တွဲထားတဲ့ လူတန်းကြီးက တော်လင်း ကနေ ဗင်းနီးရက်စ် အထိ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားအထိ ရှည်လျားကျယ်ပြန့်တဲ့ လူတန်းကြီးက နှစ်၅၀ မြောက် မိုလိုတော့ ရေဗင်ထရော့ စာချုပ်ကို အမှတ်ရကြဖို့ အထိမ်းအမှတ်နဲ့ ကျင်းပခဲ့တာဖြစ်တယ်။

ဒါတွေနဲ့ ဆန့်ကျင်ဖက်လှုပ်ရှားမှုကို ပြကြကြေးဆိုရင်တော့ နိုင်ငံတကာ တပ်ဦးလှုပ်ရှားမှု ဆိုတာပါဘဲ။ ဒါကို အက်စတိုးနီးယား အရာရှိကြီးတွေ စက်မှုလုပ်ငန်းရှင်ကြီးတွေ ရုရှားကွန်မြူနစ်အဖွဲ့ဝင်တွေက ဦးဆောင်ခဲ့တယ်။ သူတို့က ဆိုဗီယက်ယူနီယံဆိုတာကို ဆက်လက်တည်ရှိစေလိုတယ်။ ရုရှားလက်အောက်မှာ အက်စတိုးနီးယန်း ဆက်ရှိစေလိုတဲ့ အုပ်စုပေါ့။ အဓိကကတော့ ရုရှားသိမ်းပိုက်တဲ့ကာလ အတွင်း အက်စတိုးနီးယန်းကို ရွှေ့ပြောင်းလာတဲ့ ရုရှားတွေက ဦးဆောင်တာပါ။ အက်စတိုးနီးယန်း အဖွဲ့အစည်းနဲ့ မတူတာကတော့ သူတို့မှာ တိုက်ခိုက်ရေးတပ်ဖွဲ့တွေရှိတယ်။ အက်စတိုးနီးယန်းတွေမှာတော့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ မရှိဘူး။ မေ ၉၀ မှာဆိုရင် အာဏာသိမ်းဖို့ ကြိုးစားခဲ့တာ မအောင်မြင်ဘူး။ ၁၉၈၉ ခုနှစ်မှာတော့ ဦးဆောင်တဲ့ လူတွေက အက်စတိုးနီးယန်း သမ္မတနိုင်ငံအတွက် နိုင်ငံသားများ ကော်မီတီဆိုတာကို တရားဝင်ဖွဲ့တယ်။ အက်စတိုးနီးယန်း သမ္မတနိုင်ငံရဲ့ ကိုယ်စား လှယ်တွေပါဘဲ။ အက်စတိုးနီးယန်း ကွန်ဂရက်ကျင်းပတဲ့ တချိန်တည်းမှာပဲ လူထုခေါင်းဆောင်တွေကလဲ အက်စတိုးနီးယန်း အုပ်ချုပ်ရေးအဖွဲ့(ဗဟိုဆိုဗီယက်)ကို ရွေးချယ် တင်မြောက်ဖွဲ့စည်းကြတယ်။ သူတို့က ၁၉၉၀ ခုနှစ် နွေဦးမှာ အားကောင်းလာခဲ့တယ်။

ဆိုဗီယက်စနစ်ပြိုလဲခြင်း

၁၉၉၀ ခုနှစ် အက်စတိုးနီးယန်းကွန်ဂရက်နဲ့ ဗဟိုဆိုဗီယက်ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီအခြေခံနဲ့ ကျင်းပခဲ့ကြတာဖြစ်ပြီး ဆိုဗီယက် ဖိနှိပ်ရေးယန္တာရားတွေ ကေဂျီဘီတွေ ကနေတဆင့် ကေဂျီဘီတွေနဲ့ ဘုတ်အဖွဲ့တွေက တရားဝင်လူသိရှင်ကြား နှောက်ယှက်ခဲ့တာတော့ မရှိခဲ့ဘူး။ ရှိနေတဲ့ ဆိုဗီယက်တပ်မတော်က ဒီရွေးကောက်ပွဲမှာ ပါဝင်ခဲ့ပြီး ဒုဝန်ကြီး ၄ဦးကို ရွေးချယ်ခဲ့သေး တယ်။ တချိန်တည်းမှာ အက်စတိုးနီးယန်း ကွန်မြူနစ်ပါတီက ပြိုကွဲတယ်။ အက်စတိုးနီးယန်းနယ်မြေမှာ ဆိုဗီယက်ယူနီယံရဲ့ အက်စတိုးနီးယန်းအခြမ်းက နုတ်ထွက်သွားပြီး လွတ်လပ်ရေးကြေညာလိုက်ကြတယ်။ ဆိုဗီယက်ဗဟိုကနေ အက်စတိုးနီးယန်း လွတ်လပ်ရေးနိဒါန်း အသွင်ကူးပြောင်းရေးကာလကို လက်ခံဆောင်ရွက်တယ်။

လူထုတပ်ဦးနဲ့ အက်စတိုးနီးယန်းကွန်မြူနစ်ပါတီတို့ ပူးပေါင်းပြီး ဆိုဗီယက်ဗဟိုလို့ ခေါ်တာပါပဲ။ သူတို့က အသွင်ကူးပြောင်းရေး ကာလ ပြီးတာနဲ့ ဆိုဗီယက်ယူနီယံကနေပြီးတော့ ခွဲထွက်ကြပြီး  အက်စတိုးနီးယန်းပြည်သစ် ထူထောင်ဖို့ ရည်ရွယ်တယ်။ ဒါပေမယ့် နိုင်ငံသား၉သိန်းနဲ့ အရွေးချယ်ခံကိုယ်စားလှယ်တွေကို ကိုယ်စားပြုထားတဲ့ အက်စတိုးနီးယန်း ကွန်ဂရက်က ဒီအယူအဆကို ကန့်ကွက်တယ်။ သူတို့ တောင်းဆိုတာက ၁၉၄၀ ခုနှစ် ဆိုဗီယက်လက်အောက် မရောက်ခင်က အက်စတိုးနီးယန်း သမ္မတနိုင်ငံမျိုးကို ပြန်အသက်သွင်းဖို့ တောင်းဆိုကြတာပါ။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် ဆိုဗီယက်ယူနီယံနဲ့ ညှိနှိုင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဘေးဖယ်ထုတ်ခြင်းခံရတယ်။

တချိန်ထဲမှာပဲ လတ်ဗီယားနဲ့ လစ်သူယေးနီးယားတို့မှာ လွတ်မြောက်ရေးလှုပ်ရှားမှုတွေ စလာကြတယ်။ ဆိုဗီယက်အ စိုးရက ဒီ ဘော်လတစ် နိုင်ငံတွေကို ခြိမ်းခြောက်ပြီး တုန့်ပြန်ခဲ့တယ်။ လစ်သူယေးနီးယားနဲ့ လတ်ဗီးယား မှာဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေအထိ ကျယ်ပြန့်သွားခဲ့တယ်။ အက်စတိုးနီးယားမှာတော့ သနားသဖြင့် ချန်လှပ်ထားခြင်းခံရတယ်။ အခြေအနေတွေက ထိမ်းမနိုင် သိမ်းမရဖြစ်သွားပြီး မမျှော်မှန်းနိုင်တဲ့ ဖြစ်စဉ်တွေကို ဦးတည်သွားနိုင်တယ်လို့ စိုးရိမ်မှုတွေလည်း ရှိခဲ့မယ်လို့ မှန်းဆရတယ်။ ဒါ့ကြောင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကို လက်နက်ကိုင်နှိမ်းနင်းဖို့ လက်ရှောင်နေခဲ့တာလို့ ထင်ရတယ်။ ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၉ ရက်မှာတော့ မော်စကိုမှာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ Putsch လုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်တဲ့ နေ့ပါပဲ။ ဒီလူတွေက ရေကြောင်း လေကြောင်းချီတပ်တွေကို အက်စတိုးနီးယန်းထဲ အချိန် မဆိုင်းပို့ပြီး ဆိုဗီယက်တပ်မတော် ခံတပ်တွေကို အားဖြည့်တယ်။

စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်နိုင်ဖို့ အက်စတိုးနီးယန်းကွန်ဂရက်ကို ဦးစီးတဲ့ ကော်မီတီနဲ့ ဆိုဗီယက်ဗဟိုတို့ နောက်ဆုံး ညှိနှိုင်းမှု ပြုကြရတယ်။ သြဂုတ်လ ၂၀ ရက်နေ့မှာတော့ အက်စတိုးနီးယန်း ဦးဆောင်ကော်မီတီနဲ့ ဆိုဗီယက်ဗဟိုတို့ သဘောတူညီမှု ရကြပြီး အက်စတိုးနီးယန်း အချုပ်အခြာအာဏာကို ကြေညာလိုက်တယ်။ တကယ်က ဆိုဗီယက်ဗဟို မှာရော အက်စတိုးနီးယန်း ကွန်ဂရက် မှာပါ တရားဝင် အချုပ်အခြာအာဏာရှိတဲ့ အဖွဲ့အစည်းတွေ မဟုတ်ကြပြီ။ ဆိုဗီယက်ဗဟိုဆိုတာ ဆိုဗီယက်အာဏာမှာ ဇစ်မြစ်ခံပြီး အက်စတိုးနီးယန်း ကွန်ဂရက် ဆိုတာကလည်း နိုင်ငံသားတွေ ကိုယ့်သဘောနဲ့ကိုယ် စုဖွဲ့ထားတာသာဖြစ်တယ်။ ဒါကြောင့် တိုင်းပြု ပြည်ပြုလွှတ်တော်ခေါ်ဖို့  ဆက်လက်ဆုံးဖြတ်ကြရတယ်။ အဲဒီမှာ ဆိုဗီယက်ဗဟိုက လူသုံးဆယ်၊ အက်စတိုးနီးယန်း ကော်မီတီက လူ သုံးဆယ်ပါမယ်ပေါ့။ အဲဒီမှာ ဖွဲ့စည်းပုံဆွဲမယ်၊ ပြီးရင်ဆန္ဒခံယူမယ်၊ နောက် ရွေးကောက် ပွဲ လုပ်မယ်ပေါ့။ ၁၉၉၂ ခုနှစ် နွေရာသီမှာ ဒါတွေလုပ်ဖို့ ဥဒေအသစ်တွေ ပြုတယ်။ ဒီဥပဒေပြုအဖွဲ့ကို ရီဂျီကိုဂျူး (Riigikogu) လို့ခေါ်တယ်။

(မိုလိုတော့ ရီဗင်ထရော့ စာချုပ်။  ။ ဂျာမန်၊ ဆိုဗီယက် မကျူးကျော်ရေးစာချုပ် ဖြစ်ပြီး အလွန်အရေးကြီးကာ ထိုခေတ်က ဟစ်တလာ၊ စတာလင် စာချုပ်ဟုလည်းခေါ်သည်၊ ၁၉၃၉ သြဂုတ် ၂၃ တွင်ချုပ်ဆိုပြီး ဆိုဗီယက် နိုင်ငံခြားရေးဝန်ကြီး မိုလိုတော့ နှင့် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ရီဗင်ထရော့တို့ လက်မှတ်ထိုးကြရာ ယင်းစာချုပ်တွင် လှို့ဝှက် သဘောတူညီချက်တခုပါပြီး လွတ်လပ်သော နိုင်ငံများဖြစ်သော ဖင်လန်၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ပိုလန် နှင့် ရိုမေးနီးယားတို့ကို သူတို့ နှစ်နိုင်ငံမှ ၏ နယ်နိမိတ်နှင့် နိုင်ငံ၏ အကျိုးအမြတ် အလိုက် ခွဲဝေသိမ်းပိုက် စိုးမိုးအုပ်ချုပ်ကြမည်ဟူသည့် အချက်ဖြစ်သည်။ ဒါပေမယ့် ၁၉၄၁ ခုနှစ် ဇွန်လ ၂၂ရက်တွင်  အော်ပရေးရှင်း ဘာဘာရိုဆာ စစ်ဆင်ရေးမှာ  နာဇီဂျာမဏီက ကွန်မြူနစ်ဆိုဗီယက်ကို ကျူးကျော် တဲ့ အချိန်မှာ ယင်းစာချုပ် ပျက်ပြယ်သွားခဲ့သည်။)

nara.gov

ဂျာမန်-ဆိုဗီယက် မကျူးကျော်ရေး စာချုပ်ကို လက်မှတ်ရေးထိုးနေသော မိုလိုတော့နှင့် သူ့နောက်မှ ရပ်နေသည့် ရီဗင်ထရော့နှင့် စတာလင်


သြဂုတ် ၂၁ ရက် မှာတော့ မော်စကို ရွှေမြို့တော်ကြီးက
Putsh လှုပ်ရှားမှုတွေ ဖြိုခွဲခံရပါလေရော၊ ဒီလိုနဲ့ ဆိုဗီယက် တပ်တွေလည်း မနေသာဘဲ ကိုယ့်ရပ်ကိုယ့်နိုင်ငံ ပြန်ကြရတယ်။ ရုရှားအစိုးရကရော ဆိုဗီယက်ယူနီယံ အစိုးရကပါ စက်တင်ဘာ ၆ရက်မှာ အက်စတိုးနီးယန်း လွတ်လပ်ရေးကို အသိအမှတ် ပြုလိုက်ရတယ်၊

အသွင်ကူးပြောင်းရေးကာလ လုံခြုံရေး အဖွဲ့အစည်းများ

ခုလိုအသွင်ကူးပြောင်းနေတဲ့ ကာလမှာ
KGB ရော GRU အဖွဲ့ ၂ခုလုံးက အက်စတိုးနီးယား ပြည်ထဲမှာ ဆက်လှုပ်ရှားနေခဲ့တယ်၊ ဒီ လျှို့ဝှက် ပုလိပ်တွေဟာ မော်စကိုက အမိန့်ကို နာခံရတာမို့ အသွင်ပြောင်း အက်စတိုးနီးယန်းအစိုးရဟာ သူတို့ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး၊ အယင်က ပြည်သူ့စစ်တွေ ပြည်တွင်းတပ်ဖွဲ့တွေက ဆိုဗီယက်ယူနီယံရဲ့ ပြည်ထဲရေးဝန်ကြီးလက်အောက်မှာ ၊ ခုတော့ အခြေအနေတွေက ပြောင်းသွားပြီ။ လတ်ဗီးယား၊ လစ်သူယေးနီးယားနိုင်ငံတွေမှာတော့ ပြည်သူစစ်တွေက ဆိုဗီယက်တွေကို လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲဝင်တဲ့ အင်အားစုတွေ ဖြစ်လာခဲ့တယ်၊ အက်စတိုးနီးယားမှာတော့ ဒီလိုလက်နက်ကိုင်တွေက ပြည် တွင်းက လုံခြုံရေးကိစ္စလောက်နဲ့ အကျဉ်းသားတွေ စောင့်တာလောက်ပဲ လုပ်ခဲ့ရတာ။ ၁၉၉၀ သြဂုတ် ၁ရက်မှာတော့ ဆိုဗီယက်က ဒီတပ်တွေက အက်စတိုးနီးယန်း အစိုးရ လက်ထဲ ပြောင်းလွှဲပေးခဲ့တယ်၊ ပြည်သူ့စစ်တွေက ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာခဲ့သလို ရဲလုပ်ငန်း တွေကို တင်းတင်းကျပ်ကျပ် ထဲထဲဝင်ဝင် လုပ်လာခဲ့ကြတယ်၊ ပြည်တွင်းက ဆိုဗီယက် KGB တပ်ဖွဲ့တွေက ပြန်ရုပ်သိမ်းသွားခဲ့တယ်။

၁၉၉၁ အက်စတိုးနီးယား လွတ်လပ်ပြီးတဲ့အခါမှာတော့ ပြုပြင်ရေး စိတ်ဓာတ်အခြေခံရှိတဲ့ ဆိုဗီယက် KGB ဥက္ကဌ ဗာဒင်ဗာကာဒင် နဲ့ အက်စတိုးနီးယန်း ၀န်ကြီးချုပ် တို့ ညှိုနှိုင်း ပြီး ဒီဇင်ဘာ ၁ ရက်မှာ အက်စတိုးနီးယန်း က KGB ကို ဖျက်သိမ်း လိုက်တယ်၊ KGB တွေရဲ့ ဖိုင်တွဲတွေ ပိုင်ဆိုင်မှုတွေ အားလုံး အက်စတိုးနီးယန်း အစိုးရ ကို ပြောင်းလွှဲပေးတယ်။ ဒါပေမယ့် KGB တွေရဲ့ ကိုယ်ရေး ရာဇ၀င်ဖိုင်တွေ၊ တပ်ဖွဲ့ဝင်စာရင်းဇယားတွေ၊ စစ်ဆင်ရေး မှတ်တမ်းတွေ အများစုက ရုရှားကို ပို့ပေးလိုက်ပြီးပါပြီ၊ ဒါနဲ့တောင်မှ နိုင်ငံရေး အကျဉ်းသား ၂၈,၅၀၀ ကျော်ရဲ့ ဖိုင်တွေ မှတ်တမ်းရာဇ၀င်တွေကို သမိုင်းဝင်အချက်အလက် တွေ ရလိုက်ကြပါသေးတယ်၊

ဒီအသွင်ကူးနေတဲ့ ကာလမှာတောင် KGB က အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ဘက်ပြုတဲ့ အလုပ်တွေ လုပ်နေခဲ့ တုန်းပဲ၊ ပေါ်လာတဲ့ အဖွဲ့တွေထဲမှာလည်း သတင်းပေးတွေ မြှုပ်နှံ၊ ခြေပုန်းခုတ်တာ၊ လှုံ့ဆော်တာ၊ ကောလဟလ လွှင့်တာ။ သတင်းမှားတွေဖြန့်တာတွေနဲ့ အနှောက်အယှက်ပေးတယ်၊ ဆိုဗီယက်ယူနီယံရဲ့ KGB လက်အောက်ခံ တိုက်ခိုက်ရေး ဖေါက်ခွဲရေး တပ်စုတွေက ကျန်နေတုန်း ဆိုတော့ ဆက်လှုပ်ရှားနိုင်ခဲ့ကြပြီး ၁၉၉၄ ကျမှ နောက်ဆုံးတပ်တွေနဲ့ အတူ ထွက်ခွာသွားတော့တယ်။

လျှို့ဝှက် ကွန်ယက်များကို ဖျက်ဆီးခြင်း

အက်စတိုးနီးယား သမ္မတနိုင်ငံပြန်လည်ထူထောင်တဲ့ အခါမှာ ဆိုဗီယက်အစိုးရ သိမ်းပိုက်စဉ်က အုပ်ချုပ်ရေး အဆောက်အအုံ အားလုံးကို ဖျက်ဆီးရှင်းလင်းပြီးမှ ၁၉၉၅ မှာတော့ ဥပဒေပြုအဖွဲ့သစ် ရီဂျီကိုဂျူးက အထူးဥပဒေတခု ထုတ်တယ်၊ ယခင် ဖက်ဆစ် ဂျာမနီနဲ့ဖြစ်ဖြစ် ကွန်မြူနစ် ဆိုဗီယက်ယူနီယံနဲ့ဖြစ်ဖြစ် ပူးပေါင်း ပါဝင်ခဲ့ကြတဲ့၊ သတင်းပေးလုပ်ခဲ့ကြတဲ့ အထူးထောက်လှမ်းရေး တာဝန်။ တန်ပြန်ထောက်လှမ်းရေးတာဝန်ယူခဲ့ကြတဲ့ လူတွေကို ကိုင်တွယ်ဖို့ စာရင်းပြုစုတဲ့နေရာမှာ လိုတဲ့ ဥပဒေပါပဲ။

ဒီဥပဒေမှာ ဖက်ဆစ်ဂျာမနီနဲ့ ဆိုဗီယက်နိုင်ငံတွေရဲ့ ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းစာရင်းတွေ ပါဝင်ပြုစုထားပြီး သူတို့နဲ့အတူ လုပ်ခဲ့မိပါတယ် ဆိုတာကို ၁၉၉၆ ဧပြီ ၁ရက်နေ့ မတိုင်ခင် အက်စတိုးနီးယန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ ရှေ့မှာ မိမိတို့ ဆန္ဒအလျှောက် ၀န်ခံကြမယ်ဆိုရင် ဥပဒေအရ လွတ်ငြိမ်းခွင့် ပေးမယ်ဆိုတာပါပဲ၊ သတ်မှတ်ရက်ရောက်တဲ့ အခါမှာတော့ လူ ၁၁၅၃ ယောက် ၀န်ခံခဲ့ကြပြီးဖြစ်တယ်၊ ဒီသတ်မှတ်ရက်ကျော်တော့ လုံခြုံရေး ရဲတပ်ဖွဲ့က ယခင်အာဏာရှင်အစိုးရနဲ့ ပေါင်းပြီး ခုထိ ၀န်ခံရကောင်းမှန်းမသိတဲ့ လူတွေ စာရင်းကို လူသိရှင်ကြား ထုတ်ဖေါ်ကြေညာလိုက်တယ်၊ ဒီဆောင်းပါးရေးနေတဲ့ အချိန်မှာ လူ ၃၂ ဦးရဲ့ အမည်တွေကို ထုတ်ဖေါ်ခဲ့ပြီးပြီ၊ ဒီအရေးယူတာတွေ မလုပ်ခင် အက်စတိုးနီးယား အစိုးရက သစ္စာတော်ခံ ဥပဒေဆိုတာကို အရင် ပြဌာန်းခဲ့ပါသေးတယ်၊ အရင်အာဏာရှင်အစိုးရတွေနဲ့ မပူးပေါင်းခဲ့ဖူးပါ၊ အက်စတိုးနီးယန်းပြည်သူတွေကို မနှိပ်စက်ဖူးပါ ဆိုတာကို လက်ရှိအလုပ်ဝင်လုပ်မယ့် ဌာနဆိုင်ရာမှာ ကိုယ့်လက်ရေးမူနဲ့ ၀န်ခံသစ္စာကတိပေးရတာပါ။

တချိန်ထဲမှာ KGB ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အက်စတိုးနီးယန်း လုံခြုံရေး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးရတယ်၊ ၀န်ကြီးချုပ်ရဲ့ အမိန့် မရဘဲ အရင် လျှို့ဝှက် ထောက်လှမ်းရေး ဘယ်သူ့ကိုမဆို ခေါ်ယူငှါးရမ်း မသုံးစွဲရ ဆိုတဲ့ တားမြစ်ဥပဒေ ပြုထားသေးတယ်၊ ၀န်ကြီးချုပ်ကလည်း ပညာရပ်ဆိုင်ရာကိစ္စတွေမှာ နည်းပညာကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် ခြွင်းချက်နဲ့ ငှါးနိုင်ခွင့် ရှိတယ်၊ ပြည်ထဲရေးဌာနက ကွန်မြူနစ်ပါတီ KGB တွေရဲ့ မှတ်တမ်းတွေအားလုံး နိုင်ငံတော်မော်ကွန်းတိုက် ကို ပို့လိုက်ကြတယ်၊ သုတေသီတွေ သမိုင်းပညာရှင်တွေ ဥပဒေပညာရှင်တွေကသာ ဥပဒေကြောင်းအရ အထူးအစီအစဉ်နဲ့ ဒီမှတ်တမ်းမှတ်ရာတွေကို ရယူလေ့လာနိုင်ခွင့်ရှိတယ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တလွှဲအသုံးချသွားကြမှာစိုးလို့ ကာကွယ်ထားတာပါ၊ နိုင်ငံသားတွေကတော့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဒါမှမဟုတ် ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆွေမျိုးတွေရဲ့ မှတ်တမ်းတွေကို စစ်ဆေးကြည့်ရှုပိုင်ခွင့် ရကြတယ်၊

ပြန်လည်တည်ဆောက်ရေး လမ်းပေါ်မှာ

နှစ် ၅၀ ကြာ သိမ်းပိုက် စိုးမိုးခြင်းနဲ့ အတင်းသွတ်သွင်းခံရတဲ့ အကြွင်းမဲ့ အာဏာရှင်စနစ်အောက်မှာ အက်စတိုးနီးယား နိုင်ငံသား တွေရဲ့ နေ့စဉ်ဘ၀တွေဟာ ဖျောက်ဖျက်မရနိုင်တဲ့ အစွန်းအထင်းတွေ ကျန်ရစ်စေပါတယ်၊ နိုင်ငံရဲဏ္ဍ လူဦးရေအချိုးအစားက ပြောင်းသွားခဲ့ပြီးပြီ၊ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ရှရှားတွေဖြစ်နေပြီိး ဆိုဗီယက် သြဇာနာခံတော်ပြည်သားတွေ ဖြစ်နေစေတဲ့ အချက်၊ ဒီလို ရွေ့ပြောင်းနေထိုင်တဲ့ လူတွေကို ရုရှားတွေက နောက်တခါ နယ်ချဲ့ခွင့်ရခဲ့ရင် သူတို့ရဲ့ ရှေ့တန်းစခန်းတွေ လို့ မှတ်ယူထားကြတာမျိုး။
ကျေးလက်လူနေမှု ဘ၀တွေ စိုက်ပျိုးရေး လုပ်ငန်းတွေဟာ ပျက်စီးနေခဲ့ပြီး ဥရောပ စံနဲ့ ပြန်ကိုက်ညီဖို့ ဆိုရင် နှစ်တွေအများကြီး အချိန်ယူကြရတော့မှာပါ၊ ဘော်ရှီဗစ်အယူအဆတွေက လူမှုရေးစံတွေကို ပြောင်းလဲနိမ့်ကျသွားစေတယ်၊ လွတ်လပ်ရေးရပြီး ပြန်လည်ထူထောင်ရေးနဲ့အတူ သိသိသာသာ ရာဇ၀တ်မှုတွေက ရုတ်ချည်းတိုးပွါးလာတယ်၊ ကိုယ်ကျင့်တရားပျက်စီးမှုက ကျူးကျော်သိမ်းပိုက်ခံခဲ့ရတဲ့ အဆိုးဝါးဆုံး အကျိုးဆက်ဖြစ်နေပြီး ပြန်လည်ကုစားဖို့ ဆိုတာက အချိန်တွေ အားထုတ်မှုတွေ အများကြီး ပြန်ပေးဆပ်ကြရတော့မှာမို့ပဲ။
ဒီနေ့ဆိုရင် အက်စတိုးနီးယားမှာ နိုင်ငံတော်နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်းများစွာက အကြွင်းမဲ့ အာဏာရှင် စနစ် အောက်က ရာဇ၀တ်မှုတွေကို လူသိရှင်ကြား စုံစမ်းဖေါ်ထုတ်နေပါတယ်၊ ဒီအဖွဲ့အစည်းတွေကတော့...

၁။ အစိုးရ အထောက်အပံ့ခံ ကော်မရှင် (ရီဂျီကူဂျူက ဖွဲ့စည်းပေးထားတာဖြစ်ပြီး အုပ်စိုးသူအစိုးရရဲ့ ရာဇ၀တ် မှုတွေကို စီရင်ဖို့ပါ )
၂။ နှိပ်စက်ညှင်းပန်းခံရသူတွေ ဆိုင်ရာရုံး -(အောက်မေ့ဖွယ် သမဂ္ဂက ထူထောင်တယ်၊ ဒီရုံးက အနှိပ်စက်ညှဉ်းပန်းခံရတဲ့ သူတွေကို မှတ်တမ်းတင်တယ်၊ စုစည်းတယ်၊ လူထုထံမှာ တင်ပြတယ်၊ ပုဂ္ဂလိကအလှူရှင်တွေနဲ့ နိုင်ငံတော်က ထောက်ပံ့တယ်၊ )
၃။ သမ္မတ က ဖွဲ့စည်းပေးတဲ့ နိုင်ငံတကာကော်မတီ (အက်စတိုးနီးယားက လူမဆန်တဲ့ ရာဇ၀တ်တွေကို ဖေါ်ထုတ်တယ်၊)
၎။ ကစ်စလာ ရစ်ဆိုဖေါင်ဒေးရှင်း --(ပုဂ္ဂလိကအလှူရှင်များအသင်းဖြစ်ပြီး ပြတိုက်တည်ဆောက်ခြင်း၊ အကြွင်းမဲ့ အာဏာရှင်စနစ် အောက်မှာ အမှတ်ရဖွယ် သိသာထင်ရှားတဲ့ ကွန်မြူနစ်တွေရဲ့ ရာဇ၀တ်မှုများကိုဖေါ်ထုတ်တယ်၊)
၅။ အက်စ်စင်တာ –( သမိုင်းပညာရှင်တွေ ပြတိုက်မှူးတွေ စုပေါင်းပြီး လေ့လာ အမျိုးအစားခွဲခြမ်းစိတ်ဖြာထုတ်ဖော်တဲ့ နေရာ၊)

လုံခြုံရေးရဲတပ်ဖွဲ့ကလဲ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေအဖြစ်ဆောင်ရွက်ပြီး လူမဆန်တဲ့ လူသားကျင့်ဝတ်ကို ဆန့်ကျင်ဖေါက်ဖျက်တဲ့ ရာဇ၀တ်မှုတွေကို သုတေသန ပြုတယ်၊ ဒီနေ့အထိ ရာဖ၀တ်မှု ၁၀ မှုကို ဖေါ်ထုတ်ခဲ့ပြီး မကြာခင်ကဘဲ အမှုတခုအတွက် ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ်တယ်၊ အဲဒီအမှုမှာ KGB အရာရှိဟာ ထောင် ၈နှစ် အပြစ်စီရင်ခံရတယ်၊ အမှုက ဆိုဗီယက်လက်ထက်က များပြားလှတဲ့ မိသားစုတွေကို အစုလိုက်အပြုံလိုက် ပြောင်းရွေ့ပစ်ခဲ့တဲ့ အမှုပါ၊ ရာဇ၀တ်တွေဟာ စုံစမ်းဖေါ်ထုတ်ဖို့ ခက်လှပါတယ်၊ စွပ်စွဲခံရသူအများစုဟာ အက်စတိုးနီးယားမှာ မနေကြတော့ပါဘူး၊ ဒါကြောင့် တရားမျှတမှုကို ပြန်လည် ရှာဖွေရတာခက်လှပါတယ်၊

နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ OSCE တို့ ဥရောပကောင်စီတို့ကတော့ အက်စတိုးနီးယားကနေ ဆိုဗီယက်တွေရဲ့ ဒီလိုရာဇ၀တ်မှု တွေကို ဖေါ်ထုတ်နေတာကို သိတ်စိတ်ဝင်တစားမရှိလှဘူး၊ ဥပဒေအကာအကွယ်ကို ပေးတဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက စိတ်ဝင်တစားဆောင်ရွက်တာတွေမရှိလှဘဲ နိုင်ငံတကာတရားရုံးတော်တွေမှာ ကွန်မြူနစ်ပါတီရဲ့ ရာဇ၀တ်မှုတွေက ဘယ်သူ တာဝန်ခံမလဲဆိုတာ ဖေါ်ထုတ်ဖို့အလားအလာကလဲ မှေးမှိန်ပျောက်ကွယ်နေပါတယ်၊ ရီဂျီကူဂျူ ဥပဒေပြုအဖွဲ့က ဒါမျိုး ကြိုးပမ်းဆဲဖြစ်ပေမယ့် ကွန်မြူနစ် သြဇာအာဏာတွေဟာ တရားမ၀င်ဘူးဆိုတာမျိုး အက်စတိုးနီးယားမှာတောင် မကြေညာနိုင် သေးဘူး၊၊

nikke/flickr
ဆိုဗီယက်လက်အောက်မှ လွတ်မြောက်ပြီး ၁၅ နှစ်အကြာ၊ အက်စတိုးနီးယား လွတ်လပ်ရေး အခမ်းအနား

ရာဇ၀တ်မှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေး ဌာနများ

ဆိုဗီယက်သိမ်းပိုက်စိုးမိုးမှုအောက်မှာ အက်စတိုးနီးယား အစိုးရရဲ့ ဖွဲ့စည်းပုံ အားလုံးပျက်ပြီး အထူးထောက်လှမ်းရေးဌါန တွေအားလုံး ပျက်သုဉ်းသွားခဲ့ရတယ်၊ လွတ်လပ်ရေး ပြန်ရတဲ့အခါ ဒီအဖွဲ့တွေအားလုံးကို ခက်ခက်ခဲခဲ ပြန်တည်ဆောက် ယူရတယ်၊ ဆိုဗီယက် လက်အောက်မှာ အမှုထမ်းခဲ့တဲ့ လူတွေက ဒီအလုပ်တွေကို ပြန်လုပ်ခွင့် မရကြတော့ အက်စတိုးနီးယားမှာ ဒီလိုလုပ်ဖူးတဲ့ လူက မရှိတော့ဘူး ၊ ဒီလိုနဲ့ ရှည်ကြာ ရှုပ်ထွေးနှေးကွေးတဲ့ ဖြစ်စဉ်တွေကို ကြုံရပါတယ်၊
သက္ကရာဇ် ၂၀၀၀ မှာ ထုတ်ပြန်တဲ့ လုံခြုံရေး ဥပဒေအရသာ အထူးထောက်လှမ်းရေးတွေဟာ ဆောင်ရွက်ကြရတယ်၊ ဒီဥပဒေ မှာအထူးထောက်လှမ်းရေးတွေရဲ့ ဖွဲ့စည်းပုံ ဆက်သွယ်ပုံ၊ လုပ်ငန်းလုပ်ပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေ ကိုဖေါ်ပြထားပါတယ်၊
ဒီနေ့ အက်စတိုးနီးယားရဲ့ အထူးစုံစမ်းရေးဌာနတွေမှာ ဒီလို အေဂျင်စီတွေနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်၊
 

ရဲလုံခြုံရေးဘုတ်အဖွဲ့

သူက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံဖြစ်ပြီး သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ အညီ လုပ်ငန်းဆောင်ရွက်ရတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖေါက်တဲ့ ကိစ္စတွေ၊ နိုင်ငံတော်နယ်မြေတည်တံ့ရေး ထိမ်းသိမ်းရေးကိစ္စတွေ၊ နိုင်ငံတော်လျှို့ဝှက်ချက်များ ထိမ်းသိမ်းရေးကိစ္စတွေအတွက် စုံစမ်းစစ်ဆေးရတာတွေ တန်ပြန်ထောက်လှမ်းတာတွေ လုပ်ရတယ်၊ ရာဇ၀တ်မှု အကြီးစားလို့ သတ်မှတ်တဲ့ လာဘ်စားမှုကြီးတွေ၊ ရာဇ၀တ်မှုတွေ ဂိုဏ်းဖွဲ့ ကျူးလွန်တာတွေ၊ စီးပွါးရေး မသမာမှုတွေကို တရားရုံးမရောက်ခင် ကြိုတင်စစ်ဆေးတာတွေ လုပ်ရတယ်၊

သတင်းနဲ့ပြန်ကြားရေး ဘုတ်အဖွဲ့

သူက သတင်းအချက်အလက်တွေ စုဆောင်းတာ စိစစ်တာတွေ လုပ်တယ်၊ နိုင်ငံတကာ အရေးတွေ လှုပ်ရှားမှုတွေ သတင်း အချက်အလက်တွေ စုဆောင်းပြီး နိုင်ငံတော်အတွက် လိုအပ်တဲ့ အမျိုးသားရေးပေါ်လစီချတာတို့ ကာကွယ်ရေး အစီအမံတို့ လုပ်ရတယ်၊ အစိုးရကိုယ်စားလှယ်တွေ ကာကွယ်ရေးဌာနက ပုဂ္ဂိုလ်တွေကို အကာအကွယ်ပေးဖို့ တန်ပြန် ထောက်လှမ်းရတာတွေ ရှိတယ်၊

နိုင်ငံတော်ကို အုပ်ချုပ်စီမံတဲ့ သမ္မတရုံး၊ အစိုးရရုံးတွေနဲ့ ဗဟိုတရားရုံးတွေရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ကွန်ယက်တွေ အဆင်ပြေ ချောမွေ့ဖို့နဲ့ သတင်းအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ အချက်အလက်တွေကို လုံလုံခြုံခြုံထိမ်းသိမ်းတဲ့ စနစ် ဒါတွေဆောင်ရွက်တယ်။

ဒါ့အပြင် အချက်ပြဆက်သွယ်ရေးနည်းပညာနဲ့ ထောက်လှမ်းရေး ကြေးနန်းသတင်းအချက်အလက်များကို စုဆောင)