အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း (၁၀)

(အရှေ့ ဂျာမနီ)

ခွန်ဆိုင်း

ဆိုဗီယက်သမ္မတ ဂေါ်ဗာချော့ဗ်ကလဲ အထူးဂုဏ်ပြုဧည့်သည်အဖြစ်နဲ့ ရောက်နေတဲ့အချိန် အရှေ့ ဂျာမနီ မဟာမိတ်တွေကို သူက ဒေါကန်နေတယ်။ သူ့  ပွင့်လင်းရေးမူဝါဒတွေကို ခေါင်းမာမာ ငြင်းနေတဲ့ကိစ္စ။ သူ့ ဆီက ထုတ်ဝေတာတွေကို “ဖျက်ဆီးရေး တရားတွေ“ ဆိုပြီး တားမြစ်ပိတ်ပင်ထားတဲ့ကိစ္စ။

ဆန္ဒပြတဲ့လူတွေက သောင်းချီပြီးတော့ “ဂေါ်ဗာချော့ဗ်ရေ၊ တို့ ကို ကူပါဦးဟ”လို့  ဆိုပြီးတော့ ဟစ်အော်အကူအညီတောင်း တာကို တွေ့ ရတယ်၊ ဂေါ်ဗာချော့ဗ်က ဘာလင်ကို မပြန်ခင်မှာ MfS က ဗိုလ်မှူးကြီး ရိန်းနာဝိုင်ဂန်က ထိပ်တန်းလျှို့ ဝှက် သုံးသပ်ချက်ကို MfS တွေအတွက် ပေးလိုက်တာ လက်ခံရရှိတယ်။ သူက အတော်စွန့် ပြီးလုပ်ခဲ့ရတာ။ ၀ိုင်ဂန်က နောက် တော့ ပြောတယ်၊

     “အဲ့ဒီတုန်းက မိုင်းကီသာ သိလို့ ကတော့ ကျုပ် ဇတ်ပြတ်ပြီးသားပဲ”

အရှေ့ ဂျာမနီတော့ ကသောင်းကနင်းဖြစ်တော့မယ်၊ ဆိုဗီယက်ခေါင်းဆောင်တွေရဲ့  စံပြကျေးရွာတွေ (ဆိုဗီယက်အစိုးရ အထောက်အပံ့ဖြင့် လူနေမှုအဆင့်မြင့်နေသော်လဲ လက်တွေ့ ဆိုဗီယက်ကျေးလက်ကို ကိုယ်စားမပြုသည့်ရွာများ-Potemkin Villages) ဆိုတာလဲ ယုံမနေကြနဲ့ ။ (မြန်မာပြည်မှာလဲ သံလျင်တံတားဘေးမှာ တိုင်းရင်းသားစံပြကျေးရွာတွေ ရှိပါရဲ့ ။) ဒါ့ကြောင့်လဲ ဂေါ်ဗာချော့ဗ်က အရှေ့ ဂျာမနီအတွက် အလုပ်လုပ်နေတဲ့ အမာခံတွေရှေ့ မှာ သူတို့ ကို တည့်တည့် ညွှန်းပြီး အခုလို မှတ်ချက်ပေးခဲ့တာ။

      “အချိန်အခါရောက်နေတာကို မသိတဲ့လူကတော့ တိုင်းပြည်က ခွင့်မလွှတ်ဘူးနော်။”

သူ့ ပြည်တွင်း လုံခြုံရေးပြသနာတွေနဲ့  သူလုံးထွေးနေတဲ့ ဂေါ်ဗာချော့ဗ်ကလဲ ဗုန်းဗုန်းလဲတော့မယ့် အာဏာရှင် အစိုးရတခု ကို ကျားကန်ပြီး အနောက်ကမ္ဘာနဲ့  ဆက်ဆံရေးကောင်းနေတာတွေ ပျက်ရမှာကို သိပ်ပြီး စိတ်ပါလက်ပါ မရှိတော့ဘူး။ အထူးသဖြင့် အမေရိကန်နဲ့  အနောက်ဂျာမနီပေါ့။ ဘာနဲ့  ဒါကိုပြသလဲဆိုတော့ အရှေ့ ဂျာမနီထဲမှာ ချထားတဲ့ သူ့ ဆိုဗီယက် စစ်သား သုံးသိန်းရှစ်သောင်းကို စစ်တန်းလျားတွေထဲမှာပဲ သိမ်းထားတယ်၊ ၁၉၅၃ ခုနှစ် ထကြွတုန်းကလို ၀င်ရောက် ကူညီနှိမ်နှင်းသလိုမျိုး မလုပ် တော့ဘူး။

အီးရစ်ဟွန်နက်ကာက ဆိုဗီယက်ခေါင်းဆောင်တွေ သတိပေးတာကို အရေးမစိုက်ဘူး။ နောက် ၁၁ ရက်ကြာတော့ နိုင်ငံဦးဆောင် ရာထူး၊ အတွင်းရေးမှူးရာထူးတွေကနေ အထုတ်ခံလိုက်ရတယ်လေ။ ပေါ်လစ်ဗျူရို အဖွဲ့ ဝင်လည်းဖြစ်။ MfS မိုင်းကီကို တလျှောက် လုံး ထောက်ခံလာခဲ့တဲ့ ကာဂွန်ခရန့် စ်ကို အစားထိုးခန့် လိုက်တယ်၊ ဒါပေမယ့် ဘာမှထူးမလာပါဘူး။ ဟွန်နက်ကာဆိုတဲ့ ပုဂ္ဂိုလ်က အထူးတပ်ဖွဲ့ တွေ ပုလိပ်တွေကို သုံးပြီး လိုက်ပ်ဇစ်မှာ ဆန္ဒပြနေတဲ့ လူနှစ်သိန်းဆန္ဒပြပွဲကို ပစ်ခတ်ဖြေရှင်းဖို့  အမိန့် ပေးခဲ့တဲ့ အကြောင်း၊ အဲ့ဒီအမိန့် ကိုသူက ပြင်ဆင်ပေးခဲ့တဲ့ အကြောင်း၊ ဒီနည်းနဲ့ သူက ပြည်တွင်းစစ်ကို တားခဲ့တဲ့အကြောင်း အောက်တိုဘာ ၉ ရက်မှာ လူထုကြိုက်လာအောင် မိုင်းကီက ကြိုးစားခဲ့ပါသေးတယ်၊

ဆန္ဒပြတဲ့သူတွေကတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့ ဆိုင်းဘုတ်တွေကိုင်ပြီး ချီတက်လာတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်အချိန်ကဆိုရင် ဒီအမှုက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ပေါ့။ ဒါကို ထိုင်ကြည့်နေတဲ့ ပုလိပ် တွေကြောင့် အားတက်လာပြီး လိုက်ပ်ဇစ်မြို့ ရဲ့  စတာဆီထောက်လှမ်းရေးဌာနချုပ်အ၀င်တွေမှာ “အကြမ်းမဖက်ရ”ဆိုတဲ့ နဖူးစည်းတွေ ပိုင်စိုးပိုင်နင်း တပ်လိုက်ကြတယ်၊ လိုက်ပ်ဇစ်နဲ့  ဘာလင်မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတဲ့အချိန်မှာ ဆန္ဒပြ သမားနဲ့  နိုင်ငံရေးသမားတွေကို နားလည်မှု ပေးတဲ့ လူထုဆွေးနွေးပွဲတွေကလဲ ဆက်တိုက်ဖြစ်နေတယ်၊ နောက် သတင်း ဌာနတွေကလဲ အပြတ်အသတ် ဖေါ်ပြကြတယ်၊ မီဒီယာတွေကလည်း ကွန်မြူနစ်ပါတီ အတင်းအကြပ် ဒူးထောက်လာအောင် အဆုံးအဖြတ်မှာ ပါခဲ့တာပဲ။ လုံးဝ ပြိုကျတဲ့ အဖြစ်တွေ က လျင်မြန်စွာ ဖြစ်လာတယ်၊ နိုဝင်လာ ၇ ရက်နေ့ မှာ ၀န်ကြီးတဖွဲ့ လုံး နှုတ်ထွက်တယ်၊ မိုင်းကီကတော့ ယာယီဝန်ကြီး ဆက်လုပ်ကောင်းနေတုန်းပဲ။

အောက်တိုဘာလကုန်မှာ စတာဆီရဲ့  ပြည်တွင်းလုံခြုံရေး ညွှန်ကြားရေးဌာနတွေအားလုံး ဖရိုဖရဲဖြစ်နေချိန်မှာ HVA ကတော့ အနောက်ကမ္ဘာမှာ ခြေပုန်းခုတ်နေတုန်း။ ဒီပြသနာတွေ မစခင်ကလိုတော့ မဟုတ်တော့ဘူးပေါ့၊ ၁၉၈၇ ကအနားယူခဲ့တဲ့ Wolf နေရာကို အစားထိုးထားတဲ့ HVA အကြီးအကဲ ဗိုလ်မှူးချုပ် ၀ါနာဂရော့စ်မင်းဟာ HVA ရဲ့  အနာဂတ်အတွက် အစိုးရနဲ့  အတိုက်အခံ တွေကြားမှာ မလွဲမသွေ စကားပြောရတော့မယ်ဆိုတာ သဘောပေါက်တယ်။ HVA ရဲ့  စစ်ရေးအကဲဖြတ်ချုပ် ဗိုလ်မှူးကြီး ဟိန်းဇ် ဘွတ်ခ်ျကို ကိုယ်စားလှယ်ခန့် လိုက်ပြီး ဒီဇင်ဘာအစောပိုင်းမှာ ဆွေးနွေးဖို့ စီစဉ်ကြတယ်၊

နိုဝင်ဘာ ၉ မှာတော့ လူထုတောင်းဆိုမှုကို ပေါ်လစ်ဗျူရိုက အညံ့ခံလိုက်တယ်။ အနောက်ကို ခရီးသွားဖို့  မကြန့် ကြာစေရပါဘူး ဆိုတဲ့ စာထုတ်လိုက်ရတယ်။ ဂူအန်သာ ဆက်ခ်ျဘောစကီ (ဘာလင်ခရိုင်ရဲ့  ပါတီအတွင်းရေးမှူး)က ရုပ်သံတွေရှေ့ မှာ ဒီကြေညာ ချက်ကို ထုတ်ပြန်တယ်။ ဒီအမိန့် က ဘယ်တော့ အာဏာသက်ရောက်မှာလဲဆိုတာကို တိုက်ရိုက် ရုပ်သံလွှင့်နေတုန်းမှာပဲ ကြားဖြတ် အမေးခံရတယ်၊ သူကလဲ “ခုချက်ချင်း”လို့ ဖြေလိုက်တယ်၊ နာရီပိုင်းအတွင်းမှာ ဘာလင်တံတိုင်းတွေရဲ့  စစ်ဆေးရေးဂိတ်တွေမှာ လူတွေ ထောင်သောင်းချီ ရောက်ရှိကုန်တယ်၊ ကံဆိုးသူ နယ်ခြားစောင့်တွေခမျာ ဘာမှ ညွှန်ကြားချက်မရသေးဘူး။ ည ၁၁ နာရီလဲ ရောက်ပါရော၊ ဗိုလ်ကြီး ဘရူနို နက်ဗ်ရိုစတီနီက တာဝန်ခံပြီး တံခါးတွေ ဖွင့်ဖို့  အမိန့် ပေးလိုက်တယ်၊ အဲ့ဒီမှာ ဘာလင် တံတိုင်းကြီး ထာဝရ ပွင့်သွားရတော့တယ်။

ဖြိုချခံနေရသည့် ဘာလင်တံတိုင်း၊ ၁၉၈၉

အာဏာရှင်အစိုးရတော့ သွားပြီဆိုတာကို ရိပ်မိတဲ့ အလွှာပေါင်းစုံက လူထုကြီးက လူထုကော်မတီဆိုတာတွေကို နိုင်ငံ တခုလုံးမှာ ဖွဲ့ ကြတယ်၊ သူတို့ ရဲ့ ပထမဦးဆုံးအလုပ်က ဒီအကျပ်အတည်းကို ဘယ်လို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာမလဲ ဆိုတာ စတာဆီ အရာရှိ တွေနဲ့  ကွန်မြူနစ်ပါတီကို ညှိနှိုင်းဖို့ ပဲ။ စတာဆီကို မဖျက်သိမ်းလို့ ကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာမှာဘဲလို့  ပူပန်လာကြတယ်၊

မိုင်းကီရဲ့  အောက်တိုဘာ လျှို့ ဝှက်အစီရင်ခံစာမှာ အတိုက်အခံအုပ်စုတွေဟာ MfS အဖွဲ့ ဝင်တွေကို ထိန်းမနိုင်သိမ်းမရ ဖြစ်အောင် အကြိမ်ကြိမ် ရန်စခဲ့ကြတယ်လို့ ဆိုတယ်၊ “အိမ်တွေမီးရှို့ ပစ်ကြဟေ့။ စတာဆီဝက်တွေ ထွက်ကွာ။ အသေ ရိုက်ပစ်။ ဓါးတွေ သွေးထားပြီးပြီ။ ကြိုးတွေကျစ်ထားပြီးပြီကွ” ဒါမျိုးတွေပေါ့၊

နိုဝင်ဘာ ၁၃ မှာ တိုင်းပြည်လုံခြုံရေးအခြေအနေကို သုံးသပ်ဖို့  မိုင်းကီကို လွှတ်တော်ပါလီမန်အမတ်များအဖွဲ့ က ရှေ့ မှောက်ကို ဆင့်ခေါ်တယ်၊ ခါတိုင်းကတော့ ဟန်ပြပါလီမန်ပါ၊ အခုတော့ တမျိုးပေါ့၊ သူက အခြေအနေတွေကို အကျဉ်းချုံး တင်ပြလိုက်ပြီး စတာဆီတွေက အခိုင်အမာ ထိန်းချုပ်ထားနိုင်သေးတယ်လို့  ပြောတဲ့အချိန်မှာ ပါလီမန်အမတ်တွေက ပြောင်လှောင်ပြီး လက်ခေါက် မှုတ်ကြ၊ ကျယ်လောင်ကျယ်လောင်လုပ်ကြ ဖြစ်ကုန်တယ်၊ မိုင်းကီဆိုတာက ဒါမျိုးကို ကြုံရဖို့  နည်းနည်းမှ တွေးထားတဲ့လူ မဟုတ်ဘူးလေ။ ဘယ်တုန်းကမှ အသံမာမာနဲ့  သူ့ ကို ခံပြောဖူးကြတာ မဟုတ်ဘူး၊ ခုတော့ သူ့ စကားတွေ ထစ်အ,ထစ်အ ဖြစ်။ အကြီးအကျယ် အရှက်ရပြီ။

နောက်ဆုံးမှာ ဘုန်းတော်ကြီးတပါးလို လက်တွေကို မြှောက်တယ်၊ “ကျုပ် ခင်ဗျားတို့ ကို ချစ်ပါတယ်၊ တကယ်ပါ၊ ခင်ဗျားတို့ အားလုံးကို ချစ်ပါတယ်”တဲ့၊ မျက်စိမျက်နှာပျက်၊ ဖြူဆုတ်ဆုတ်ဖြစ်နေပြီး သူကအော်နေခဲ့တယ်၊ ဒါကို သူ့ ရဲ့ အမာခံ ဒေါက်တိုင်တွေကအစ လှောင်ရယ်နေကြတယ်၊ ဒီပြဇာတ်ကြီးတခုလုံးက မှတ်တမ်းတင်ပြီးသား။ ထုတ်လွှင့်ပြီးသား။ မိုင်းကီ ပွဲသိမ်းသွားပြီကော။

ဟန်းစ်မောဒရိုးဆိုတဲ့ ဒရက်စ်ဒင်ခရိုင်စုက ပထမ အတွင်းရေးမှူးက ၀န်ကြီးချုပ် ဖြစ်လာတယ်၊ အောက်တိုဘာ အစော ပိုင်းက အဓိကရုဏ်းတွေကို စတာဆီတွေနဲ့  ကျောချင်းကပ် နှိပ်ကွပ်ခဲ့တဲ့ လူပေါ့၊ သူ့ ဝန်ကြီးအဖွဲ့ သစ်ကို ဖွဲ့ တဲ့အချိန်မှာ တော့ မိုင်းကီ မပါ တော့ဘူး။

ဒါပေမဲ့ အမုန်းတော်ခံ စတာဆီတွေကို တခုခုလုပ်ဖို့  ရှိသေးလားဆိုတဲ့ မေးခွန်းကိုတော့ ဘယ်သူမှ မမေးကြသေးဘူး။ နိုဝင်ဘာ ၁၅ မှာတော့ ဒုဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီးဝေါ့ဖ်ဂန် ရှဝန်နစ်ဇ်က စတာဆီကိုဦးဆောင်ပြီး နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနကို နာမည် ပြောင်းဖို့  ဆုံးဖြတ်တယ်၊ AFNS အမျိုးသားလုံခြုံရေးဌာနတဲ့။ ၀န်ကြီးချုပ်အမိန့် ကို နာခံတဲ့ နိုင်ငံတော် အတွင်းရေးမှူးရုံးအဖြစ် ဆောင်ရွက်တယ်၊ နှစ်ရက်ကြာတဲ့ အချိန်မှာ စတာဆီကို ပြန်လည်ပြောင်းလဲဖွဲ့ စည်း တယ်။

လမ်းပေါ်က အခြေအနေတွေလဲ ခရစ္စမတ်ပွဲတော်နီးကပ်လာတော့ အထိုက်အလျှောက် ငြိမ်သက်လာတယ်၊ အဓိကကတော့ လမ်းပေါ် က ဖြစ်နေတဲ့ ပေါက်ကွဲအုံကြွမှုတွေဟာ ဘာလင် တံတိုင်းကြီး ဖွင့်ပေးလိုက်တော့ ဖိအားတွေ လျော့သွားသလိုမျိုး၊ လူတွေက အနောက်ဘက်ခြမ်းက သုခကမ္ဘာတွေဆီ သွားလည်နိုင်ကြပါပြီ။ အနောက်ဂျာမနီအစိုးရကလဲ အရှေ့ ဂျာမန်သားတိုင်းကို နွေးထွေး ကြိုဆိုခြင်း လက်ဆောင်အဖြစ် မတ်ငွေ တရာစီ ဆီးပေးသေးတယ်။ ဇိမ်ခံစရာလေးတွေ ၀ယ်နိုင်ခြမ်းနိုင်ကြအောင်ပေါ့၊ ငှက်ပျောသီး လို ဟာမျိုးကိုတောင် တချို့ က မစားနိုင်ကြဘူး။

ပါတီနဲ့ အစိုးရကတော့ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ မာ့က်စ် လီနင်ဝါဒကိုလဲ မစွန့် လွှတ်တဲ့ ဖွဲ့ စည်းမှုမျိုးကို ပြန်ကြိုးစားနေ တုန်း၊ အီဂွန်ခရန့် က အခြေအနေကို မဆုပ်ဖမ်းနိုင်တော့ ဒီဇင်ဘာ ၃ရက်နေ့ မှာ ပါတီအထွေထွေအတွင်းရေးမှူး ဘ၀က ထွက်လိုက်ရတယ်၊

အဲ့ဒီအထက်ပိုင်းက လိပ်ခဲတင်းလင်းကိစ္စတွေက အောက်ခြေလူထုကို ပိုဆန့် ကျင်လာစေတယ်၊ ဒီဇင်ဘာ ၄ ရက်နေ့ မှာ စတာဆီ ဗိုလ်မှူးကြီး အာသာ ၀င်ဇဲလ်ဟာ အရှေ့ ဘာလင်ရုံးကအထွက်မှာ ဆန္ဒပြလူစုရဲ့ တားဆီးခြင်းခံရတယ်၊ သူ့  အထာကြည်ပုံးကို ဖွင့် ကြည့်လိုက်တော့ အနောက်ဂျာမနီမတ်ငွေ ၇သိန်း၎သောင်းနဲ့  အရှေ့ ဂျာမန် မတ်ငွေ တသိန်းခွဲ တွေ့  ရတယ်။

ဝင်ဇဲလ်ဆိုတာ စတာဆီရဲ့  ညွန်မှူးတယောက်။ စီးပွားရေးသူလျှိုမှုတွေကို တန်ပြန် ထောက်လှမ်းရေးတာဝန်ယူထားတဲ့လူ။ အနောက် အုပ်စုက အရှေ့ အုပ်စုကို မဟာဗျုဟာ မြောက်ကုန်ပစ္စည်းတွေတင်ပို့မှု ပိတ်ဆို့ ထားချိန်မှာ စတာဆီ ကိုယ်စားလှယ်တွေနဲ့  ဂယ်ပေါက်ရှာ ဆောင်ရွက်ရတဲ့ကိစ္စမှာ တာဝန်ခံအရာရှိပေါ့၊ သူ့ ကို ရဲလက်အပ်လိုက်ကြတယ်၊ သူက တော့ ပြောတယ်၊ ဒီငွေတွေက အနောက်က လုပ်ငန်းရှင်တွေ ထားခဲ့တာ။ ရှေ့ လုပ်မယ့် လျှို့ ဝှက် ကုန်သွယ်ရေးရှင်းတမ်း တွေအတွက် အာမခံထားခဲ့တာတွေပါတဲ့၊ ဖမ်းပြီး နှစ်ရက်အကြာမှာတော့ သူ့ ကို ချုပ်ထားတဲ့အကျဉ်းတိုက်ထဲမှာ သေ နေတာ တွေ့ ရတယ်၊ တရားဝင်ထုတ်ပြန်ချက်ကတော့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေသွားတယ် ပြောတယ်၊

နယ်တကာက စတာဆီ အဆောက်အအုံတွေမှာ နေရာချထားခြင်းခံရတဲ့ လူထု ကော်မတီဝင်တွေဟာ ခေါင်းတိုင်တွေ ထဲကနေ မီးခိုးလုံးတွေ ထူးထူးခြားခြား အူနေတာ သတိထားမိလာကြတယ်၊ သက်သေခံစာရွက်စာတမ်းတွေ ဖျောက်ဖျက် နေကြပြီလို့  တွေးမိကြ တယ်။ မှန်ပါတယ်၊ ၀န်ကြီးချုပ် မောဒရိုးရဲ့  ခွင့်ပြုချက်နဲ့  ဗိုလ်ချုပ်ရှဝန်နစ်ဇ်က ဖိုင်တွေ၊ ဗီဒီယိုတွေ၊ အသံဖမ်းတိပ်ခွေတွေ အားလုံး ဖျက်ပစ်ဖို့ အမိန့် ထုတ်ပါတယ်၊ လူထုတုံ့ ပြန်မှုကလဲ အုံနဲ့ ကျင်းနဲ့ ပါပဲ။

ဒီဇင်ဘာ ၄ရက်နဲ့  ၅ ရက်နေ့ ညတွေမှာ စတာဆီတွေရဲ့ ရုံးခန်းတွေရှိရာ ရော့စဒေါ့၊ ဒရက်စဒန်၊ လိုက်ပ်ဇစ်၊ အားဖွတ်ဒ်၊ ဂီရာ၊ ဆူးလ်၊ ဟာလဲလ်နဲ့  အရှေ့ ဘာလင်တွေဆီ စုရုံးရောက်ရှိကြတယ်၊ တံခါးတွေကို တူတွေနဲ့ ထုချေပြီး ၀င်ဖို့ လမ်း ရှာကြတယ်၊ စတာဆီတွေက ကာကွယ်ရေးတွေ အသေအချာ လုပ်ထားတယ်။ ဟာလဲလ်မှာဆို စက်သေနတ် ၃၁ လက် ဆင် ထားတယ်။ ကျုးကျော်ဝင်ရောက်လာ မယ့်သူတွေကို ပစ်ချဖို့ ပေါ့၊ ဒါပေမယ့် မြန်မြန်ဆန်ဆန်ပဲ လက်နက်ချလိုက်ရတယ်။

ရော့စဒေါ့မြို့ ရဲ့  သဲထိတ်ရင်ဖိုညကို နာမည်မခံလိုတဲ့ စာရေးဆရာတယောက်က အသေးစိတ် ခုလိုချယ်မှုန်းထားခဲ့တယ်။

“ည ၆ နာရီမှာ တယ်လီဖုန်းခေါ်တာကနေ ဇာတ်လမ်းစတယ်ဗျို့ ။

“ဟေ့ သြဂတ်ဘီဘဲလ်၊ စတာဆီဌာနချုပ်ကို မင်းလာနိုင်မလားကွာ။ တို့  ဒုက္ခနည်းနည်း ငြိမ်းသွားအောင်။ တို့ လူတွေ ရပ်နေတာ ညနေ ၃ နာရီထဲကကွ။ စတာဆီဝင်းထဲက အပေါက်တိုင်းမှာဟေ့။ ဖိုင်တွဲတွေ ထပ်မဖျက်အောင် တားနေ ရှိနေကြတုန်း၊ စားစရာ တခုခု ယူခဲ့ကွာ၊ တခြားလူတွေလဲ ခေါ်ခဲ့၊ မြန်မြန်လုပ်ကွာ”

ကျနော်နဲ့  ကျနော့်မိန်းမ တယောက်ကိုတယောက် ကြည့်လိုက်ကြတယ်။

      “တို့ သွားရအောင်ကွာ“

 ကျနော်တို့  လက်ဖက်ရည်တွေ။ အသားညှပ်မုန့် တွေလုပ်သွားကြတယ်။ သူငယ်ချင်းနဲ့  နီးစပ်ရာတွေလဲ ခေါ်ပေါ့။

      “လိုက်ခဲ့ကြဗျို့ ။ ဂိတ်မကြီးမှာ ဆုံကြရအောင်“

ည ၉ နာရီမှာ ဂိတ်မကြီးကိုရောက်သွားကြတယ်၊ လူ ၆၀ ကနေ ၈၀ လောက်။ အသိတွေက အများကြီး။ “ငါတို့ ဖိုင်တွဲတွေ လုံခြုံရေး“ဆိုတဲ့ နဖူးစည်းကြီးဆွဲထားတယ်၊ ဗိုလ်မှူးချုပ် မစ်တာ့ဂ်နဲ့  ဆွေးနွေးနေတယ်လို့ ပြောတယ်၊ ကျွန်တော်တို့ ဘက်ကတော့ လူသာရင်ဘုရားကျောင်း ခရိုင်လူကြီး ဒေါက်တာဝိုင်းဘာ့ဂ်နဲ့  တရားရေးရှေ့ နေ ဗော်မယ်လ်ကာ၊ ပုလိပ်ရုံးက ဗိုလ်မှူးကြီး ဘရစ်ခ် ဟော့ဇ်နဲ့ လောရန့် ဇ်၊ ခရိုင်တရားရေးအကြီးအကဲ မြူအယ်လာနဲ့  ၀စ်ဂါ။ ရဲနဲ့  တရားရုံးက လူတွေ ပါလာတာ ကျွန်တော်တို့ ရဲ့  ပထမ အောင်ပွဲပဲ။ သပိတ်မှောက်တဲ့လူတွေက သူတို့ ကို တွန်းတွန်းတိုက်တိုက်ခေါ်ခဲ့ရတာ။ နည်းနည်းတော့ တွန့် နေသေးတယ်၊ နောက်ဆုံး လက်ခံပြီး လိုက်လာကြတာ၊ စတာဆီရုံးက အကြီးအကဲက ည ၈ နာရီ အ၀င်ခန်းမမှာ လူ ၁၀ ဦးနဲ့  ဆွေးနွေးမယ်လို့  ဆိုတာကို ပယ်ချပြီးကြပြီ။ ပထမဆုံး တောင်းဆိုချက်တွေထဲမှာ ဒီရုံးကို ရဲလက် အပ်ဖို့ ပဲ။

အေးစက်စက်အလင်းရောင်ပြန်တွေအောက်မှာ ကျွန်တော်တို့ တတွေ ရပ်နေကြတယ်၊ အလင်းရောင်တွေနောက်က ဗွီဒီယို ကင်မရာတွေက အတွေးတခုကို ထင်ရှားစေတယ်၊ ဒီစက်တွေ နောက်မှာ ဘယ်သူတွေရှိနေလဲ။ လူတချို့ က အ၀င်ဝက ခွာပြီး တခြား အခန်း တွေဆီ၊ နောက် စစ်ကြောရေးလုပ်ခံနေရတဲ့ လူတွေ ချုပ်ထားတဲ့ အချုပ်ခန်းနဲ့  နီးတဲ့ဘက်တွေဆီ သွားနေကြတယ်၊ အစောင့်ကင်း တွေဘက်က မှောင်နေတယ်၊ အစောင့်တွေကိုတောင် မမြင်ရဘူး။ မျက်စိကျိန်းလောက်တဲ့ အလင်းရောင်အောက်မှာ ကျနော်တို့ က ရပ်လို့ ပေါ့။

Political Prisonerrjgeib.com

The Symbol of 20th Century Totalitarianism: A Political Prisoner in a Death Camp

“၂၀ရာစု အာဏာရှင်စနစ်၏ သင်္ကေတ“၊ သေမင်းတမန် အကျဉ်းစခန်းမှ နိုင်ငံရေးအကျဉ်းသားတဦး

စတာဆီအဆောက်အဦးမှာ လူအတော်တော်များများလဲ သံတံခါးညိုညိုအ၀မှာ ရပ်နေကြတုန်းပဲ။၊ မီးတွေကလည်း ထိန်လို့ ။ ကျောင်း သားတွေက သီချင်းတပုဒ် ဆိုနေတယ်။ လုပ်ချင်ရက်နဲ့  မလုပ်ခဲ့ရတာကို ကျနော်က သတိရနေတယ်။

‘ဟေ့ - စတာဆီခွေးသူခိုးတွေ။ ဘာလို့ ပုန်းနေရတာလဲ’ တဲ့။ အသိတွေကလဲ အများကြီးပဲ။ လူငယ်တချို့ က လက်ဖက်ရည် ပူပူတွေ လိုက်တိုက်နေတယ်၊ အသားညှပ်ပေါင်မုန့် တွေ၊ ကိတ်မုန့် တွေလဲ ဝေနေတယ်၊ ကျနော့်ရင်ထဲမှာတော့ ဘာမှန်းမသိတဲ့ ဝေဒနာ တခု ရှိနေတယ်၊ ဂိတ်ရှေ့ ကနေ ဘာကိုမှ အမှုမထားတဲ့ အမူအရာတွေနဲ့ လူတွေက ကျွန်တော်တို့ နဲ့ စတာဆီတွေကို ပိုင်းခြားထားတယ်၊ အတိုင်းအဆမရှိတဲ့ အာဏာဟာ စိမ်းစိမ်းကားကား ထီးထီးမားမား မြို့ လယ်ခေါင်က ဒီရုံးဝင်းကြီးထဲ နှစ်ပေါင်းများစွာ တစထက်တစ ကြီးထွားလာခဲ့လိုက်တာ။ အစောင့်တွေနဲ့  ၀င်းတံခါးဂိတ်တွေ ။ ဗွီဒီယို ကင်မရာတွေ။ နံရံတွေ။ ဘယ်သူမှ ဒီဝင်းတွေနား မသီရဲခဲ့တာ။ နာမည်ကြားရုံနဲ့  ကျောချမ်းခဲ့ရတဲ့ ဒီနေရာ၊ အစောပိုင်း ကာလတွေတုန်းက ဒီနေရာဖြတ်သွားတိုင်း ၀မ်းထဲမှာ ကလိကလိ ဖြစ်လာတတ်တဲ့ နေရာ၊

လူ ၁၀ယောက်မှာ ၅ ယောက်လောက် ည ၉နာရီမှာ ၀င်ခွင့်ရတယ်။ မြို့ တော်ကောင်စီ လူကြီးတွေပေါ့၊ တောင်းဆိုချက် သုံးခု တင်လိုက်တယ်။

-မြို့ တော်သားတွေကို ထိန်းသိမ်းသူတွေအဖြစ် ခွင့်ပြုဖို့ ၊

-ဒီဝင်းတခုလုံးကို ပြည်သူ့ ရဲလက်ထဲအပ်ဖို ၊့ တရားရေးဌာနက တာဝန်ယူချိတ်ပိတ် ပေးဖို့ ၊

-လွတ်လပ်တဲ့စုံစမ်းရေးကောင်စီတခုဖွဲ့ စည်းဖို့ 

အထဲက တိုးတက်မှုအခြေအနေတွေကို ညှိတဲ့လူတွေက ထွက်ထွက်ပြောကြတယ်၊ အ၀င်ဝတွေမှာတော့ အခြေအနေက တဖြည်း ဖြည်း တင်းမာလာနေတယ်၊ ပထမတော့ တယောက်တပေါက် အော်နေတာ။

      “တို့ အထဲကို ၀င်ချင်တယ်ဟေ့“

တဖြည်းဖြည်းနဲ့  သံပြိုင် ဖြစ်လာတယ်၊ အစောင့်တဲတွေက ပွင့်လာတယ်၊ အဲဆဲလ်ပီတာ ပေါ်လာပြီး မြေတိုက်ခန်းတွေကို စစ်ဖို့  နားလည်တဲ့ လူတွေ လိုနေတယ်လို့ ပြောတယ်၊ လူတွေထဲကနေ ကျနော် တိုးထွက်လိုက်တယ်၊ အစောင့်တဲတွေ၊ အစောင့်တွေကိုဖြတ်ပြီး အထဲကို ရောက်သွားတယ်။

      “ဂိတ်ဝမှာ စောင့်နေဗျာ။ ခင်ဗျားကို လာခေါ်မယ်”

ကျနော်နဲ့  လူ ၁၀ယောက်လောက် အမှောင်ထဲမှာ ရပ်နေရတယ်။ လုံးဝမှောင်နေတာမို့  ကျင့်သားရအောင် မျက်စိကို အတော်စောင့်ရတယ်၊ နောက် ၀င်းရဲ့ ဖွဲ့ စည်းပုံကို မြင်လာတယ်၊ အုပ်စု ၂ စုကိုတွေ့ လိုက်တယ်၊ လက်နက်အပြည့်အစုံနဲ့  တိုက်ပွဲဝင် တပ်ဖွဲ့  နှစ်ဖွဲ့ပေါ့၊ သံခမောက်တွေ တချို့ လဲ ဆောင်းထားတယ်၊ တချို့ လဲ တွဲလောင်း။ အင်အား ၃၀ လောက်ရှိမယ်၊ ကျွန်တော် ရုတ်တရက် ကျောချမ်းသွားတယ်၊

ဂိတ်အပြင်ဘက်မှာတော့ ဟစ်အော်သံ၊ ကြွေးကြော်သံတွေဟာ ပိုကျယ်လာတယ်၊

      “၀င်ချင်တယ်ဟေ့၊ ၀င်ချင်တယ်“

နံရံတွေပေါ်ကနေ ကျော်ပြီး လက်တွေ ပေါ်လာတယ်၊ ခေါင်းတွေ ထွက်လာတယ်၊ ဘာဖြစ်ဖြစ် ၀င်ချင်တဲ့သဘော။ တယောက်ယောက် ကများ ဖေါက်လိုက်ရင်၊ ညာသံပေးလိုက်ရင် . . .

ဂိတ်ဝက မီးတိုင်မီးကတော့ မြင်ကွင်းတွေကို သရဲသဘက်တွေလို ပုံဖေါ်နေတယ်။ အမှောင်ထဲမှာ သံခမောက်အုပ်စု တယောက်ယောက်ကများ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားရင် သေနတ်သံတချက်ပဲ ထွက်ကြည့်လိုက်...။ ကျနော် ဖျားချင် သလိုလို ဖြစ်လာတယ်၊ စက္ကန့် အတော်ကြာတော့ အဲဆဲလ်ပီတာရဲ့  သြဇာသံပြည့်ပြည့်ကို ကြားရတယ်၊

      “တံတိုင်းပေါ်က ဆင်းကြပါဗျို့ ။ ဒါမျိုး မလုပ်ကြပါနဲ့ ”

ပေါ်နေတဲ့ ခေါင်းတွေ၊ လက်တွေ ပြန်ပျောက်သွားတယ်၊ ကျနော် စိတ်နည်းနည်းပေါ့သွားတယ်၊ အမှောင်ထဲက လူအားလုံး လဲ တင်းတင်းကျပ်ကျပ် ဖြစ်နေတာတွေ ပေါ့သွားတယ်လို့  ကျနော်ခံစားလိုက်ရတယ်၊ အမှောင်ထဲက လက်နက်ကိုင်အုပ် တွေကိုလဲ သက် ပြင်းချသံတွေနဲ့  လှုပ်လှုပ်ရွရွဖြစ်သွားကြတာ မြင်လိုက်ကြားလိုက်ရတယ်။ ဘုရားသခင်... တော်ပါသေးရဲ့ ။

အဆောက်အအုံထဲ ကျနော့်တို့ ကို ပြန်ခေါ်သွားကြတယ်၊ ဟိုဘက်ခန်းမမှာလဲ တခြားအပေါက်တွေက ၀င်လာတဲ့လူတွေနဲ ပြည့်လာနေပါလား၊ ဒီမျက်နှာတွေက မြင်ဖူးနေကျ မျက်နှာစိမ်းတွေဆိုတာ သိလိုက်တဲ့အချိန်မှာ ကျနော် အထိတ်အလန့် ဖြစ်သွားတယ်၊ အရပ်ဝတ်နဲ့  စတာဆီတွေလဲ ဒီအဆောက်အအုံထဲမှာ ရှိနေကြတာပါလား။ ဘယ်လောက်များများ စတာဆီလူတွေ ဒီထဲမှာ ရှိနေမှာ လဲ ဘယ်သူမှ မသိနိုင်ဘူး။

စိတ်မချတာတွေက ကူးစက်သွားတယ်၊ ရင်းနှီးတဲ့ မျက်နှာတွေကို ရှာတယ်၊ ကသောင်းကနင်းတွေထဲမှာပဲ အုပ်စုလေးတွေ ဖွဲ့ ကုန် တယ်၊ စတာဆီမပါတဲ့ အစုလေးတွေပေါ့၊ ခု ဘယ်လိုလဲ။ တောင်းဆိုချက်တွေ ဒီလူတွေကို အဆောက်အအုံထဲကနေ ရှင်းထုတ်ပစ်ဖို့ ။ ဖိုင်တွဲတွေ ဖျက်ဆီးပစ်နေတာတွေကို ရပ်တန့် ဖို့ ။ အားလုံးကို ချိတ်ပိတ်ဖို့ ။ တံခါးတွေ အကုန် သော့ခတ်။ အဆောက်အအုံကို ထိန်း သိမ်းဖို့ ...။ ဘယ်မှာလဲ ရဲတွေ။

ရဲ ၃၀တော့ လာနေပါပြီတဲ့၊ ဒီအဆောက်အအုံကို ထိန်းသိမ်းဖို့ ဆိုပဲ။ မြို့ ပြင်က ၀ါးလ်ဒက်ခ် ဆိုတဲ့ စတာဆီ အဆောက် အအုံတခုလဲ သိမ်းရဦးမယ်၊ ဒီညနေပိုင်းလေးတင် ဖိုင်တွေ အဲဒီကိုယူသွားတယ်လို့  သတင်းရတယ်၊ ကျနော်တို့ လူ ရဲတပ်ဖွဲ့ ဝင် ၃၀ လာနေကြ ပြီကော။

အခန်းတွေ ချိတ်ပိတ်။ စောင့်ရှောက်ကြရမယ်၊ ကျနော်တို့ ထဲမှာ ဘယ်သူမှ ချိတ်ပိတ် သော့ခတ်တာမလုပ်ဖူးဘူး၊ ချိတ်တွေ ဖယောင်း တွေ ဘယ်က ရမှာလဲ၊ လျှောက်မွှေနှောက်ရင်း ဖယောင်းတွေတော့ရပါရဲ့ ။ ဘယ်မှာလဲ နှိပ်စရာ တံဆိပ်တုံး၊ ဒါနဲ့  စာရွက်အမျှင်တွေ ဖြစ်အောင် ညှပ်။ အဲ့ဒီပေါ်တွေမှာ ကျနော်တို့ လူတွေ ၀ိုင်းလက်မှတ်ထိုး။ ချိတ်ဖယောင်းအောက်မှာ ထားကြ၊ တရားရေးဝန်ထမ်းတွေက အတည်ပြုကြ။ အုပ်စုတွေခွဲ၊ အလုပ်တွေ ခွဲလုပ်ကြ။ တစုက ထောက်လှမ်းရေးတွေကို စောင့်ကြည့်ကြတယ်။

ဆရာဝန်အုပ်စု တစု တွေ့ တယ်၊ ကျနော့်မိန်းမလည်း ပါရဲ့ ။ ချုပ်ထားတဲ့ အကျဉ်းသားတွေ ကျန်းမာရေးကို စစ်ဆေးကြမလို့ တဲ့၊ ကောင်းပါလေ့ ကောင်းပါလေ့...။ ကျနော့်အုပ်စုဆီ ကျနော် ပြန်သွားတယ်။

သန်းခေါင်ရောက်ပြီ။ ရော့စတော့ ခရိုင်စုထဲက စတာဆီဌာနချုပ်တွေကို လိုက်သိမ်းရတာ။ အစီအစဉ်လဲ မရှိ။ တွေးထားတာ လဲ မရှိ။ အမောတကော။ သူ့ အလိုလို ဒါပေမယ့် တက်တက်ကြွကြွ။ အားလုံးက အကောင်းဆုံးဖြစ်အောင် လုပ်တယ်၊ ဗိုလ်ချုပ်မီးတာ့စ်ကို အကဲခတ်ကြည့်စမ်း။ လူကောင်သေးသေး အသက် ၆၀ စွန်းစွန်းမှာပဲ တောင့်တောင့်ကြီး ဖြစ်နေလိုက် တာ။ မျက်နှာက မျက်နှာသေ။ ပါးစပ်က ကြွက်သားတွေ လှုပ်နေလို့ သာ သူဟာ အကြီးအကျယ် စိတ်ဖိစီးခံနေရတယ်ဆိုတာ သိနိုင်တာ။

သူ့ လူတွေဝိုင်းထားတယ်၊ စကားတိုတို ပြောကြတယ်၊ တယ်လီဖုန်းမြည်တယ်၊ စကားတွေဖလှယ်တယ်၊ ကျနော်တို့  မသင်္ကာ ဖြစ်လာတယ်။ တခုခု ကြိုတင်ကြံစည်နေတာများလား၊ တားလိုက်ရမလား၊ ခုနေမှာ ဘာလုပ်ရင် မှန်မလဲ၊ ပထမ တော့ စတာဆီလူတွေလဲ ပြောရတာ ရွ့ံတွန့် တွန့် ။ မေးရတာ ရှက်တက်တက်၊ နှစ်ဖက်လုံးက မယုံမကြည် ဖြစ်နေတာက တော့ သိသာလှပါတယ်။

ဌာနအကြီးအကဲရဲ့ ရုံးခန်းထဲမှာ မိုးတိုးမတ်တပ်။ ဧရာမပျဉ်ချပ်ကြီးတွေ၊ ခုံတန်းကြီးတွေ၊ အစည်းအဝေးစားပွဲ။ သားရေ ကုလားထိုင်ကြီးတွေ။ ဒိုင်ယက်လင်း ဂူရီယာက ပြောတယ်။

“လာကွာ ဂါးဟဒ်၊ တို့ လူတွေထိုင်ကြရအောင်”

ဇိမ်ခံကုလားထိုင်ကြီးတွေထဲ ကျနော်တို့  မြုပ်သွားတယ်၊ အနားမှာ ဗိုလ်ချုပ်က မတ်တပ်ကြီး တယောက်ထဲ။ သူ ဘာတွေ တွေးနေမလဲ။ ကျနော်သိတယ်။ ကျနော် ဘယ်လောက်ပင်ပန်းသလဲဆိုတာ။ ဘာတွေဖြစ်နေတာလဲ။ ပြီးခဲ့တဲ့ ငါးရက်။ ကြာသပတေးနေ့ က ဒီ အဆောက်အအုံရှေ့ မှာရှိခဲ့တဲ့ ကျုပ်တို့ ...၊ ခု စတာဆီတွေရဲ့  အာဏာဗဟိုချက်ပေါ်မှာ ထိုင်မိနေ ကြပြီ၊ ဘ၀နဲ့ အမျှ ကြီးကျယ်ခဲ့တဲ့ ဗိုလ်မှူးချုပ် မီးတာ့စ်ကတော့ မတ်တပ်ကြီး ရပ်လို့ ၊ ဒါ အိပ်မက်မဟုတ်ဘူးနော်၊ ဒါ အိပ်မက်များလားကွာ...။

သတင်းအချက်အလက်အသစ်တွေကြောင့် စိတ်ထဲမှာ နည်းနည်း ပြန်မြူးလာတယ်၊ ရဲတွေ ၃၀ လောက်ရောက်နေပြီတဲ့။ နောက်ဆုံး တော့ ... အ၀င်ဝကျယ်ကြီးမှာ သူတို့ လဲ နည်းနည်းတော့ ဇဝေဇ၀ါ၊ အများစုကလဲ ဒါ ပထမအကြိမ် ရောက်ဖူး မှာပါ။ ဒီမှာ ဘာဖြစ် လာနေတာလဲ၊ ကျနော်တို့ က ရှင်းပြတယ်၊ တချို့ က ခပ်တန်းတန်း။ ဒါပေမယ့် အများစုကတော့  အားတက်သရော ၀ိုင်းပါတယ်။ တချို့ လည်း အမြင်တခုနားကို နီးကပ်လာပုံပါ၊ “အေး... နောက်ဆုံးတော့ တို့ လဲ ဒီယန္တရား ကြီးကို ဆန့် ကျင်နေပါ ပြီလား။ တို့ ကိုလဲ တလျှောက်လုံး (ဒီယန္တရားကြီးက) ပြားနေအောင် ဖိနှိပ်ထားခဲ့တာကလား”

အဆောက်အအုံထဲက ထွက်ခွာချင်တဲ့ စတာဆီဂိုဏ်းသားတွေကို ပထမတော့ မရဲတရဲ အပြင်ထွက်စေတယ်၊ နောက်တော့ ခပ်ပြတ် ပြတ်ပဲ မောင်းထုတ်တယ်၊ နောက် အန္တရာယ်သတင်းတချို့ ဝင်လာပြန်ရော၊ သူတို့ တွေ ဟိုဘက်ခန်းထဲမှာ အလုပ်လုပ်နေကြတုန်း ဘတဲ့၊ ဒုတိယထပ်ဆိုတာလား ဆက်သွယ်ရေးခန်းမရှိတဲ့နေရာ၊ တို့ လူတွေက ၀င်မရသေးဘူး၊ သူတို့ လူတွေက အချင်းချင်းထပ်ပြီး ပိတ်ဆို့ ထားတယ်၊ နောက်အဖြစ်အပျက်တွေက မရပ်မနား ဆက်တိုက်ဖြစ်ကုန်တယ်။

ဒီဆက်သွယ်ရေးခန်းထဲမှာ လုပ်နေတဲ့အလုပ်က ကျနော်တို့ ကို အထူးခြိမ်းခြောက်နေတယ်၊ သူတို့  ဒီမှာ ဘာလုပ်နေတာလဲ။ ဒီမီး လိုင်းတွေကို ဖြတ်ပစ်ရမယ်၊ စတာဆီခေါင်းဆောင် ပိုင်းအရာရှိတွေကပြောတယ်၊ ဒီနေရာကို မီးဖြတ်လို့ မဖြစ်ဘူး၊ ဆက်သွယ်ရေး ခန်းမထဲကို တယ်လီဖုန်းဆက်တယ်၊ ကျနော်တို့  လာနေပြီ၊ ဒုကွပ်ကဲရေးမှူးလိုက်လာတယ်၊ မီးမှိန်မှိန် ခန်းကျယ်တွေဖြတ်။ ချိုးကွေ့  လိုက်၊ တက်လိုက်နဲ့  ကြောင်လိမ်ပြွန်ထဲရောက်နေသလိုပဲ။ နောက်ဆုံးတော့ သံမဏိတံခါးရှေ့ ရောက်သွားတယ်။ ကန့် သတ်နယ်မြေ လို့  &#