|
|
||
|
အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း (၁၁) အရှေ့ ဂျာမနီ (ဇာတ်သိမ်း) ခွန်ဆိုင်း
ဒီအချိန်မှာ မြို့ ပြင် ဝေါ်လဒက် လုံခြုံရေးအဆောက်အဦးကိုသွားတဲ့ ပထမလူတွေ ပြန်လာကြပြီ၊ အက်စ်ဆဲလ်ပီတာက မီးကျွမ်းနေတဲ့ ဖိုင်အဖုံးတခုကို ဗိုလ်ချုပ် မီးတက်ဆီ လွှဲပစ်ပေးလိုက်တယ်၊ မီးဖိုခန်းထဲကရခဲ့တာ၊ တခြားအခန်းတွေထဲကလဲ အစိတ်စိတ် အမြွှာမြွှာ လုပ်ထားတဲ့ ဖိုင်တွဲတွေလဲ တွေ့ တယ်၊ အားရပါးရဖျက်ထားကြတာတွေပေါ့၊ ဗိုလ်ချုပ်ကိုဖမ်းဖို့ ခရိုင်တရားသူကြီး မူလာကို ၀ိုင်းပြော ကြတယ်၊ ပထမတော့ ငြင်းတယ်၊ နောက် တဖြည်းဖြည်း တောင်းဆိုသံတွေ ဖြစ်လာတော့မှ သူက မီးတက်ဂ်ကိုပြောတယ်။ `ကျုပ် ဒီမှာ ခင်ဗျားကို ထိန်းသိမ်းလိုက်ပြီ´ `တခုခုတော့ အောင်မြင်လိုက်ပြီ´ ကျနော်တို့ ထင်တယ်။ ဒါပေမယ့် ထိန်းသိမ်းလိုက်ပြီဆိုတဲ့ ဝေါဟာရဆိုလိုချက်ကို ကျနော်တို့ မသိ ဘူး၊ လက်စသတ်တော့ နည်းနည်းပါးပါး မေးပြီး နောက်ပြန်လွှတ်တာကိုး။ ဒီဗိုလ်ချုပ်နဲ့ ဒီတရားသူကြီးတို့  နှစ်ယောက် ဘယ်လောက် ရင်းနှီးသလဲဆို အဆောက်အအုံထဲက သူတို့ နှစ်ဦးလုံး မထွက်ခွာခင် အချင်းချင်း ပြောတဲ့စကားတွေကနေ သိနိုင်တယ်။ မီးတက်ဂ်- ´ခင်ဗျား ကားနဲ့ သွားမှာလား၊ ကျုပ်ကားနဲ့ သွားမှာလား´ မူလာ- ကျုပ်က ဒီကို လမ်းလျှောက်လာတာ။ မီးတက်ဂ်- `ဒါဆို ကျုပ်ကားနဲ့ သွားကြတာပေါ့၊ ကျုပ်ဒရိုင်ဘာ အဆင်သင့်ပဲ` ထိန်းသိမ်းမယ့်သူနဲ့  ထိန်းသိမ်းခံရမယ့် သူ။ သူတို့ ရဲ့ အတိတ်ကို ငြင်းမရဘူး၊ တလှေထဲ စီးခဲ့ကြတာလေ။ ဒီလိုပဲ ရဲချုပ် ဒုဗိုလ်မှူးကြီး ဇန်ဒါနဲ့  ဗိုလ်မှူးချုပ် မီးတက်ဂ်တို့လဲ ရင်းခဲ့ကြမှာပါ။ သူတို့ နှုတ်ဆက်တော့ ကပွဲက ပြန်လာတဲ့ ပုံစံမျိုးနဲ့ တူတယ်။ ရဲချုပ်ရဲ့  ဟန်ပန်က သူ့အထက်အရာရှိကို ကျို့ နေရတဲ့ပုံမျိုးပဲ။ ဒါတွေ တွေ့ ရတော့ မယုံကြည်မှုတွေ ပွထလာပြန်ရော။ မနက် ၆နာရီကျမှ ကျနော်တို့ အလုပ်တွေ ပြီးတယ်၊ အထပ်တိုင်း ချိတ်ပိတ်ပြီးပြီ။ အထွက်ခန်းမကျယ်ထဲ ပြန်စုကြတယ်၊ ဆရာဝန်တွေ က စစ်မေးခဲ့ရတဲ့ အကျဉ်းသားတွေအတွက် ကျန်းမာရေး အခြေအနေတွေ ရေးတယ်။ အားလုံး ကောင်းကောင်းမွန်မွန် ဆက်ဆံထား တယ်တဲ့၊ အဆောက်အအုံဟာ ငြိမ်သက်နေပြီ၊ စတာဆီဂိုဏ်းသားတွေလဲ မရှိတော့ဘူး။ ရဲတွေက အခန်းတိုင်းကို ထိန်းချုပ်ထားပြီ။ သူတို့ကို ကျနော်တို့ ယုံပါတယ်၊ ယုံရမယ်လေ။ အပြန်မှာတော့ နည်းနည်းမှောင်တုန်းပဲ။ ဒါက ၁၉၈၉ ဒီဇင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့မနက် ၆နာရီ ၁၅ ပေါ့။ ကျနော်ရော ကျနော့်မိန်းမပါ ပြိုင်တူ သက်ပြင်းချမိလိုက်ကြတယ်။ နောက် ကျနော်က အသက်ပြင်းပြင်း တချက်ပြန်ရှူသွင်းလိုက်တယ်၊ွရော့စတော့ရော တခြားမြို့တွေမှာပါ အလွန်အကျွံ ကိစ္စတွေ မဖြစ်ခဲ့ပါဘူး၊ စတာဆီတွေကို ကြိုးပေးသတ်ပစ်ရမယ်ဆိုတဲ့ တောင်းဆို ချက်တွေ ဟိုမှာ ဒီမှာဖြစ်ခဲ့ကြပေမယ့်ပေါ့။ ဒရက်စ်ဒန်မှာတော့ ဒေသတာဝန်ခံ ဗိုလ်မှူးချုပ် ဟို့စ်ဘိုရင်းမ်ကို ဒေါသထွက်နေတဲ့ ဆန္ဒပြ နေသူတွေက ပိတ်ကန်ကြတယ်၊ နောက် ဘိုရင်းမ်နဲ့ ဆူးလ်မြို့ က ဗိုလ်မှူးချုပ် ဂျရတ်ရှ်လန်းဂ်၊ နျူဘရန်းဒါးဘဂ်မြို့ က ပီတာ ကော့ခ်ျတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်။ စတာဆီဒေသရုံးတွေကိုဝင်သိမ်းပြီး နောက်တနေ့မှာ အာဂွန်ခရန့်ဇ်က နိုင်ငံတော်ခေါင်းဆောင် အမျိုးသားကာကွယ်ရေး ကောင်စီ ဥက္ကဌ ရာထူးတွေကို စွန့်တယ်။ မန်းဖရက်ဇာလက်ခ်ျက ဆက်ခံသူဖြစ်လာတယ်၊ အဲ့ဒီနေ့မှာဘဲ စတာဆီရဲ့ ခေါင်ချုပ် မိုင်းကီကို နိုင်ငံတော်သစ္စာဖောက်မှု။ ဖွဲ့စည်းပုံအရ ခွင့်မပြုတဲ့ တနိုင်ငံလုံးက ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ စာတွေကိုထောက်လှမ်းမှု တွေနဲ့ ထောင်ထဲသွင်းလိုက်တယ်၊ အရင်ပါတီ အကြီးအကဲနဲ့ နိုင်ငံဦးသျှောင် ဟွန်နက်ကာကတော့ ရဲစစ်ဆေးခြင်းကလွတ်တယ်၊ သူက ဆေးရုံတက်ပြီး ကင်ဆာရောဂါကို ခွဲစိတ်နေတယ်။ ဒီဇင်ဘာလလယ်မှာ ကွန်မြူနစ် ဆိုရှယ်လစ် သွေးစည်းညီညွတ်ရေးပါတီ (SED)ရဲ့  အမှုဆောင်တွေက သူတို့ပါတီကို PDS- Democratic Socialism (ဒီမိုကရေစီ ဆိုရှယ်လစ်ဝါဒ) လို့ နာမည်ပေးပြီး သူတို့ပါတီဟာ မာ့က်စ်ဝါဒ၊ ဆိုရှယ်လစ်ပါတီဖြစ်ပြီး ဒီမိုကရက်တစ် မျက်နှာစာ ရှိတယ်လို့ ပုံဖေါ်ပြကြတယ်၊ နောက်နေ့တွေမှာ အဲ့ဒီပါတီနဲ့ အစိုးရကိုယ်စားလှယ်တွေ ဘာလင်မှာ ညှိနှိုင်း ကြတယ်၊ စားပွဲဝိုင်းဆွေးနွေးပွဲလို့ ခေါ်တယ်၊ ဘုရားကျောင်းက ကိုယ်စားလှယ်တွေ၊ အတိုက်အခံအုပ်စုကိုယ်စားလှယ်တွေပါကြတယ်၊ အရေးကြီးတဲ့ ဒေသဆိုင်ရာ မြို့ကြီးတွေမှာလဲ စားပွဲဝိုင်းဆွေးနွေးပွဲတွေ လုပ်တယ်၊ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ ပထမဆုံး တောင်းဆိုချက်ကတော့ `အမျိုးသားလုံခြုံရေး´ အမည်ပြောင်းထားတဲ့ `စတာဆီရုံး’တွေကို ပိတ်ပစ်ဖို့ပဲ။ အဲ့ဒီညနေမှာပဲ ၀န်ကြီးချုပ် မော်ဒရိုးက ဘာလင်ဌာနချုပ်ရုံးတွေမှာ ရှိတဲ့ စတာဆီပိုင်တွေအားလုံး ဖျက်ဆီးပစ်ဖို့ အမိန့်ထုတ်တယ်၊ ခုထိ အတိုက်အခံတွေက အယုံအကြည်မရှိ ဆိုပြီး သူ့ကို မထုတ်ပယ်နိုင်သေးဘူး၊ စားပွဲဝိုင်းဆွေးနွေးပွဲမတက်ခင် DVA ဗိုလ်မှူးကြီးဘုရှ်နဲ့ အရာရှိငယ်တစုက ဆွေးနွေးကြတယ်၊ အရှေ့ ဂျာမနီပြည်သစ်အတွက် ထိ ရောက်တဲ့ ထောက်လှမ်းရေး ဌာန လိုတယ် ဆိုတာကိုပေါ့၊ ဂရော့စမန်ဆီကို ၄ ချက် တင်ပြတောင်းဆိုကြတယ်၊ -နာမည်ဆိုးနဲ့ မဆိုင်တဲ့ (အဖွဲ့အစည်းအရရော၊ လုပ်ငန်းပိုင်းဆိုင်ရာမှာပါ) နိုင်ငံခြားထောက်လှမ်းရေးတခု ဖွဲ့စည်းဖို့။ -HVA ဌာနချုပ်ဆီ နိုင်ငံသားများကော်မတီ ဦးဆောင်ကိုယ်စားလှယ်တွေ ကိုဖိတ်ပြီး ဒီနိုင်ငံခြားထောက်လှမ်းဌာနရဲ့  လုပ်ငန်းတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတင်ပြဖို့၊ နောက် ဒီမိုကရက်တစ်ထောက်လှမ်းရေးဌာနနဲ့ ပတ်သတ်လို့ HVA ခေါင်းဆောင်ပိုင်းတွေရဲ့  သဘောထား အမြင်တွေကို ကြားနာပေးကြဖို့။ -အနောက်ဂျာမနီရဲ့ ထောက်လှမ်းရေးဌာနနဲ့ တရားဝင်ဆက်သွယ်ပြီး ပကတိ ဂျာမနီပြည်သစ်အတွက် အမြင်တွေကို ဖလှယ်ကြပြီး ဒီဌာနနှစ်ခု ဆက်ဆံရေး တရားဝင်ထူထောင်ဖို့၊ -အနောက်ဂျာမနီနဲ့ ပတ်သက်တဲ့ စစ်ဆင်ရေးတွေအားလုံး ရပ်ပစ်ဖို့၊ွဂရော့စမန်း ဦးဆောင်တဲ့ HVA က ဒီကမ်းလှမ်းချက်ကို ခါးခါးသည်းသည်း တုံ့ပြန်တယ်။ ဒါတွေက နိုင်ငံခြား ထောက်လှမ်းရေးဌာနနဲ့ ပြည်တွင်းတန်ပြန်ထောက်လှမ်းရေးတွေကို တိုက်ခိုက်တာလို့ ယူဆတယ်၊ အရှေ့ဂျာမနီရဲ့ မဟာမိတ်တွေ (အထူးသဖြင့် ဆိုဗီယက် ယူနီယံကိုပေါ့)နဲ့ သဘောတူညီထားချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ လက်သည်တရားခံဟာ မင်းပဲလို့ HVA ကို စွပ်စွဲကြတယ်၊ ဂရော့စမန်းက ဒီစာကို မဖြန့်ဝေဖို့ တားတယ်၊ ဒီ HVA ရဲ့  လုပ်ငန်းစဉ်နောက်မှာ ဘယ်သူတွေ ရှိသေးတယ်ဆိုတာ စုံစမ်းဖို့ ပြည်တွင်း HVA လုံခြုံရေးဌာနကို အမိန့်ပေးတယ်။ ဒီဗိုလ်မှူးကြီးနဲ့ သူ့အပေါင်းပါတွေကို စုံစမ်း ထောက်လှမ်းဖို့ပေါ့၊ီဒီဇင်ဘာ ၁၄ မှာတော့ ၀န်ကြီးချုပ် မောဒရိုးက စားပွဲဝိုင်းဆွေးနွေးပွဲကို မတင်တော့ဘဲ အမျိုးသားလုံခြုံရေးကို ဖျက်ပစ်လိုက်တယ်၊ တချိန်တည်းမှာ “ဖွဲ့စည်းပုံကာကွယ်ရေးရုံး”ဆိုတာကို အမိန့်ဒီဂရီ ထုတ်ပြန်ပြီး အာဏာနှင်းတယ်။ ထောက်လှမ်းရေးအဖွဲ့ကို သီးခြား ခွဲထုတ်တယ်၊ ဖွဲ့စည်းပုံကာကွယ်ရေးရုံးက ရဲတပ်ဖွဲ့ ရဲ့  သြဇာအာဏာ ကင်းလွတ်တယ်၊ အနောက်ဂျာမနီပုံစံကို ယူထားတာ၊ တန်ပြန် ထောက်လှမ်းရေး တာဝန်။ ဒီမိုကရေစီဆန့်ကျင်တဲ့ အုပ်စုတွေကို ထောက်လှမ်းတာတွေ လုပ်တယ်။ ဖရန့်ဖာ့တ်ခရိုင်က အရင် စတာဆီ အကြီးအကဲဟောင်း ဟိန်းဇ် အိန်ဂျယ်လ်ဂါ့တ်ကို ခေါင်းဆောင်ခိုင်းတယ်။ ၀မ်းနား ဂရော့စမန်းကတော့ နိုင်ငံခြား ထောက်လှမ်းရေး ဌာနသစ်ရဲ့  ခေါင်းဆောင်ဖြစ်တယ်။ ရော့စတော့ စားပွဲဝိုင်းဆွေးနွေးပွဲကတော့ ဒီဇင်ဘာ ၂၇ မှာ ‘ဖွဲ့စည်းပုံကာကွယ်ရေးရုံး’ကို မထောက်ခံဘူး၊ ၁၉၉၀ ခုနှစ် ထဲကို ၀င်လို့ ငါးရက်အရမှာ ဒေသဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွေကနေ အမျိုးသားလုံခြုံရေးဌာန AfNs ကို ဖျက်ဖို့တောင်းဆိုကြတယ်၊ ဇန်န၀ါရီ ၈ ရက်မှာ ဘာလင်ဗဟိုဆွေးနွေးပွဲက ဒီအတိုင်းလိုက်တယ်၊ ဇန်န၀ါရီ ၈ မှာ စတာဆီရဲ့  ပြည်တွင်းစစ်ဆင်ရေး ဒါရိုက်တာဟောင်းနဲ့ ခုတော့ ဖွဲ့စည်းပုံကာကွယ်ရေးလက်ထောက်အကြီးအကဲ ဗိုလ်မှူးကြီး မားဖိအိုက်ဘားဂါးဟာ ဗိုလ်မှူးကြီး ဘုရှ်ဆီ သွားတွေ့ တယ်။ အိုက်ဘားဂါးကပြောတယ်။ သူ့ဆီကို အမိန့်ရောက်ထား တယ်တဲ့၊ လာမယ့် ဇန်န၀ါရီ ၁၅ ရက်စားပွဲဝိုင်း ဆွေးနွေးပွဲမတိုင်ခင် သက်ဆိုင်တဲ့လူ အသီးသီးတွေရဲ့  တင်ပြထွက်ဆိုချက်တွေကို သူ နှိုင်းယှဉ်ကြည့်ထားချင်တယ်လို့ ပြောတယ်၊ ဘုရှ်က ငြင်းတယ်၊ `ဒီဆွေးနွေးပွဲအတွက် သူ့လူကြီးတွေဆီက ဘာအမိန့်မှ မရသေးပါ ဘူး´ပေါ့။ အိုက်ဘားဂါးက နာမည်ဆိုးလှတဲ့ ရွမ်းမဲလ်စ်ဘာ့ဂ် စတာဆီထောင်တွင်းအခြေအနေအကြောင်းတွေကို နည်းနည်းချင်း စ, ပြောတယ်။ အကြောင်းမရှိဘဲနဲ့ ဗိုလ်မှူးကြီး ၀န်ဇဲလ် သေရတဲ့အကြောင်းကိုလဲ ထပ်တလဲလဲ ပြောတယ်။ ‘သူသေတာ ကြိုးဆွဲချသေတာ မဟုတ်ဘူးနော။ ပစ်သတ်ခံရတာ’ ဘုရှ်ကလဲ ၀န်ဇဲလ်တယောက် အချုပ်ခန်းကျဉ်းလေးထဲမှာ ပစ်သတ်ခံရတာ ကြားထားပြီးသား၊ အန္တရာယ်ကိုမြင်လာတယ်၊ HAV အပါအ၀င် စတာဆီတွေနဲ့ ဘယ်ပုံနဲ့ဖြစ်ဖြစ် ဆက်ရှိနေတာကို ဆန့်ကျင်နေတဲ့ သူရဲ့  အနေအထားက အာဏာရှင်တွေရဲ့  ဒေါသကို ဆွပေးနေတယ်။ ဒီစားပွဲဝိုင်းဆွေးနွေးပွဲမှာ သူပါမယ်လို့ ကြေညာထားပြီးသားပဲ၊ မပြောင်းနိုင်ဘူးလို့ ပြောတယ်။ စတာဆီ ထောက်လှမ်းရေး အကျဉ်းခန်း တနေရာ ဗိုလ်ချုပ် ဂရော့စ်မန်းကို ဆက်သွယ်ကြည့်တယ်၊ မအောင်မြင်ဘူး၊ ဒီအချိန်မှာဘဲ အစိုးရကလဲ ဘာဖတ်စ် ဆန်းစ်ခရုဇ်နဲ့ အမျိုးသား လုံခြုံရေးဌာန AfNs ကိုဖွဲ့စည်းဖို့ အစီအစဉ်တွေကို ရွေ့ ဆိုင်းလိုက်တယ် လို့ ကြေညာလိုက်တယ်၊ ဇန်န၀ါရီ ၁၂ မှာပေါ့၊ ၁၉၉၀ မတ် ၁၈ မှာလုပ်မယ့် ပထမအကြိမ်ရွေးကောက်ပွဲ ပြီးတဲ့အထိ ဆိုင်းထားမယ်တဲ့။ဲဇန်န၀ါရီ ၁၃ မှာတော့ ဘုရှ်ရဲ့  လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို သတိပေးလာတယ်။ “သတိထားနေ၊ မင်းခေါင်းဆောင်တွေက နှစ်ခွ ကစားနေပြီ။ ကာနယ်ဝဲန်ဇဲလ်လို စခန်းသိမ်းမသွားရအောင် နေ” လို့ ပြောတယ်၊ ဗိုလ်ချုပ် ဂရော့စမန်းကို ထပ်ဆက်သွယ်တယ်၊ မရပါဘူး၊ ဗိုလ်မှူးကြီး ရာ့ဖ်ပီတာဒီဘောနဲ့ စကားပြောကြည့်တယ်၊ အဲ့ဒီဗိုလ်မှူးကြီးကံHVA ကို ဂရော့စ်မင်းအမိန့်နဲ့ လည်ပတ်နေပြီ ပြောတယ်၊ ဒီဘောက ဘုရှ်ကို ပြောတယ်။ လာမယ့် မနက်ဖြန်ဆွေးနွေးပွဲမှာ မေးသမျှကို ခြုံပြီး ဖြေဖို့ရယ်။ လိုအပ်ရင် မိုက်မဲမှုတွေအတွက် ခွင့်လွှတ်ဖို့ တောင်းပန်ဖို့ရယ်။ ဒီနေရာမှာ ဘယ်သူတွေ ဘယ်နေရာမှာ ဘယ်လို ခေါင်းဆောင်ခဲ့တယ် ဆိုတာကိုတော့ ဘာပဲဖြစ်ဖြစ် မဖေါ်ထုတ်ရဘူးလို့ ပြောတယ်၊ဘုရှ်က ခါးခါးသီးသီး ဒါတွေကို တုံ့ပြန်တယ်၊ ဒီတော့ ဒီဘောက အဲ့ဒီအစည်းဝေးခန်းမှာပဲ အဖမ်းခံရနိုင်တယ်လို့ တွက်ထားလိုက်။ ၀န်ဇဲလ် သေခဲ့တဲ့ ကီဘလာစတွာဆီ ထောင်ကိုပဲ မြန်းရနိုင်တယ်ဆိုတဲ့ အကြောင်းတွေ ဆက်ပြောတယ်၊ အဲ့ဒီညနေခင်းမှာဘဲ ဗိုလ်မှူးကြီး အိုက်ဘားဂါးဆီက ဖုန်းလာတယ်၊ မနက်ဖြန်စားပွဲဝိုင်းဆွေးနွေးပွဲကိုသွားမတက်တော့နဲ့။ ပင်န်ကောခ် အရပ်က အခန်းတခုဆီ အရင်လာပြီး စကားပြောဖို့တဲ့၊ အဲ့ဒီမှာ အိုက်ဘားဂါးက ခြိမ်းခြောက်တယ်၊ ဒီအမိန့်ကို ငြင်းရင်တော့ အကြီးအကျယ် ဆိုးကျိုးတွေ တွေ့ရမယ်တဲ့။ ဘုရှ်က စားပွဲဝိုင်းဆွေးနွေးပွဲ တက်ဖြစ်အောင် တက်လိုက်တယ်၊ ဇန်န၀ါရီ ၁၅ တနင်္လာနေ့ ကပေါ့။ ပြီးတာနဲ့ အနောက်ဂျာမနီရဲ့  အစောင့်အရှောက်ကို ရှာတော့တာပဲ။ မြူးနစ်ကို လေယာဉ်ပျံနဲ့ ချက်ချင်း သွားတယ်၊ အဲ့ဒီမှာ ဗဟိုထောက်လှမ်းရေးဌာနရဲ့  အဆင့်မြင့် MfS အရာရှိကြီးတွေထဲက ဘက်ပြောင်းခိုလှုံတဲ့ သူတွေထဲမှာ သူဟာ ဒုတိယပေါ့။ သူ့အရင် နှစ်ပတ်ကပဲ ပြည်တွင်းတန်ပြန်ထောက်လှမ်းရေးညွန်မှူးရုံးက ဗိုလ်မှူးကြီး ရိန်းနာဝီဂင်က အနောက်ဂျာမနီထဲကို ပြေးဝင်သွားတယ်၊ စတာဆီတွေနဲ့ ပတ်သတ်တဲ့ ထိပ်တန်းလျှို့ ဝှက် အထောက်အထားတွေ သေတ္တာနဲ့ နှစ်လုံး အပြည့် ပါသွားတယ်၊ ဇန်န၀ါရီ ၁၅ ညနေခင်းမှာ ဘုရှ်က သူ့ရဲ့  လုံခြုံစိတ်ချရာ အနောက်ကမ္ဘာကိုပြေးနေဆဲ လမ်းခရီးမှာပဲ လစ်ခ်ျတင်းဘာ့ဂ် ခရိုင်ထဲက စတာဆီဌာနချုပ်တွေရဲ့  ဂိတ်တွေမှာ ဘာလင်သား ထောင်ပေါင်းများစွာဟာ စုရုံးနေကြပြီပေါ့၊ အကြမ်းမဖက်ဖို့ ရေးထားတာတွေကို ဂရုမစိုက်ကြတော့ဘဲ ၀င်ဖို့ ပြောနေကြ။ သံပြိုင်အော်နေကြ၊ ခဲတွေ ပေါက်လုပ်နေကြပြီ။ သိပ်မကြာခင် ရဲအဖွဲ့ဝင် နည်းနည်းက ဂိတ်တွေ ဖွင့်လိုက်တယ်။ လူအုပ်ကြီးက ပြုံဝင်သွားကြပြီး ရုံးခန်းတွေဆီ အကုန် ၀င်ရောက် မွှေနှောက်ပစ်ကြတယ်၊ ဖိုင်တွဲတွေကို လှည်းတွေနဲ့ တိုက်ထုတ်တယ်၊ အထိမ်းအမှတ် အဖိုးတန်ပစ္စည်းတွေကိုတော့ အိတ်ထောင်တွေ ထဲ ကောက်ထည့်တယ်၊ ဗိုလ်ချုပ်တွေရဲ့  ယမကာ တိုက်တွေ သွားတွေ့ တယ်။ စတာဆီတွေ မှီဝဲဖို့ ထားတဲ့ ရှန်ပိန်တွေ၊ ကော့ညက် တွေ (နိုင်ငံခြားငွေနဲ့ ၀ယ်မှ ရောင်းတဲ့ဆိုင်တွေထဲက)ကို အကုန်သောက်ပစ်တယ်။ မြို့ တော်ကော်မတီခေါင်းဆောင်တွေ တိုက်တွန်း တော့မှ ည ၈နာရီမှာ လူစုကွဲတယ်၊ ရဲတွေ၊ တရားသူကြီးတွေက ရုံးတံခါးတွေကို သေချာချိတ်ပိတ်တယ်၊ ၁၉၉၀ မတ်လမှာတော့ အရှေ့ ဂျာမနီရဲ့  ပါလီမန်ရွေးကောက်ပွဲ ကျင်းပတယ်၊ ကွန်ဆာဗေးတစ် ခရစ်ယာန်ဒီမိုကရက်တစ် သမဂ္ဂက အပြတ် နိုင်တယ်၊ ခေါင်းဆောင် လိုသာ ဒီ မိုင်ဇရီက ၀န်ကြီးချုပ်ဖြစ်လာတယ်၊ မေ ၁၆ မှာ နိုင်ငံတော်လုံခြုံရေး ၀န်ကြီးဌာနကို ဖျက် သိမ်းဖို့  ပါလီမန်က မဲပေး ဆုံးဖြတ်တယ်၊ အချိန်ပြည့် စတာဆီဝန်ထမ်း (၁၀၂၀၀၀)နဲ့ အချိန်ပိုင်းတွေအားလုံး အလုပ်ပြုတ်ကုန်တယ်၊ အနောက် ဂျာမန် နိုင်ငံရေးသမားတွေက ပြန်လည်ပေါင်းစည်းရေးအတွက် တိုက်တွန်းပေမယ့် အရှေ့ ဂျာမန်သားတွေကတော့ ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆက်ရှိဖို့ လိုလားကြတယ်၊ ဒီမိုကရက်တစ် တိုင်းပြည်တခုအဖြစ်ပေါ့။ ဒါပေမယ့် တိုင်းပြည်က စီးပွားရေးအရ ချွတ်ခြုံကျသွားပြီလား။ လူထုက တည်ငြိမ်တဲ့၊ ဖလှယ်လို့ ရတဲ့ ငွေကြေးကို တောင်းဆိုကြ တယ်၊ အကြာကြီး ဆွေးနွေးပြီးမှ အနောက်ဂျာမန်အစိုးရနဲ့ လဲရမယ့် ငွေလဲနှုန်းကို ညှိလို့ ရတယ်၊ ဂျုလိုင် ၁ မှာ တန်ဖိုးရှိ အနောက် ဂျာမန် တမတ်နဲ့ တန်ဖိုးမဲ့အရှေ့  ဂျာမန် တမတ်ကို လဲလှယ်ပေးတယ်။ ဆက်ပြီး ပေါင်းစည်းဖို့တော့ ၀ိုင်းတွန်းနေကြတုန်း။ ဗြိတိန်နဲ့ ပြင်သစ်က ဒီစိတ်ကူးကို အစပိုင်းမှာ ကန့်ကွက်သေးတယ်။ ဥရောပရဲ့  ဗဟိုချက်မှာ စီးပွားရေးအကြီးအကျယ် ပျက်ကိန်းဆိုက်သွားမှာ စိုးရိမ်လို့တဲ့။ အမေရိကန်ကတော့ ပြန်လည်ပေါင်းစည်းမှာကို လိုလားတယ်။ အကြီးအကျယ်ဖိအားပေးမှ တဖြည်းဖြည်း ကန့်ကွက် တာကို လျှော့ချသွားကြတယ်၊ အနောက်ဂျာမနီအကြီးအကဲ ဟဲလမွန်ခိုးလ်က ဆိုဗီယက်သမ္မတဂေါ်ဗာချော့ဗ်နဲ့ ညှိပြီး ဆိုဗီယက်တပ်တွေ ၁၉၉၄ မှာ ရုပ်သိမ်းဖို့ သဘောတူညီမှု ရတယ်၊ ၁၉၉၀ အောက်တိုဘာ ၃ မှာ ပြန်လည်ပေါင်းစည်းရေး အတွက် ယုံကြည်သဘောတူညီမှု ရတယ်၊ ပေါင်း စည်းရေး စာချုပ်ကို မိုင်ဇရီနဲ့ ခိုးလ် အစိုးရ နှစ်ရပ်အကြား စာချုပ်ချုပ်ဖြစ်တယ်၊ အရှေ့ ဂျာမနီနိုင်ငံဟောင်းက ဥပဒေအပြစ်ကို ချိုးဖောက်ခဲ့ကြပြီး အကျင့်ပျက်အစိုးရက ကာကွယ်ပေးခဲ့လို့ လွတ်နေတာတွေကို ဆက်ပြီး အရေးယူခွင့်ပေးရမယ်ဆိုတဲ့ သဘောတူညီ ချက်အပေါ်မှာ သူတို့ အစိုးရ နှစ်ဖွဲ့ သဘောတူခဲ့ကြတယ်၊ွှ့ဇာတ်ပေါင်းသော် ပြန်လည်ပေါင်းစည်းပြီးတာနဲ့ လုံခြုံရေး။ ဥပဒေစိုးမိုးရေးအဖွဲ့တွေ အမြန်ဆုံး ပြန်ဖွဲ့တယ်၊ ပြည်တွင်းလုံခြုံရေးကို LfV က လုပ်တယ်၊ ဒေသဆိုင်ရာ ဖွဲ့စည်းပုံကာကွယ်ရေး ရုံးတွေမှာပေါ့၊ အနောက်ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတွေ ခေါင်းဆောင်တယ်၊ ၀န်ထမ်းတွေက အနောက်ဂျာမန်နယ်ခြားစောင့်ရဲတွေနဲ့ စုစည်းတယ်၊ နယ်စပ်တလျှောက် ဥပဒေစိုးမိုးရေးတွေ ပြန်ကိုင်တွယ်ကြတယ်၊ အရင်ရဲဟောင်းတွေလဲ ပြန်ခေါ်သုံးတယ်။ စတာဆီတွေနဲ့ ပုလင်းတူဗူးဆို့ မလုပ်ခဲ့ကြတာ ထင်ရှားရင်ပေါ့၊ အကောက်ခွန်ဌာနလဲ ဒီလိုပဲ၊ နယ်ခြားဂိတ်တွေအားလုံးကတော့ အနောက်ဂျာမန်က နယ်ခြားစောင့်ရဲတွေ လာထိန်းချုပ်လိုက်တယ်၊ တရားစီရင်ရေးကတော့ အနောက်ဂျာမနီတရားသူကြီးတွေ ဥပဒေအကျိုးဆောင်တွေရဲ့  ကြီးကြပ်မှုအောက်မှာရှိတယ်၊ အရင် ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ (အရှေ့ ဂျာမနီ) တရားသူကြီးအဖွဲ့ဝင်တွေကို စီစစ်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ တွေ့ရင်တော့ ထုတ်ပယ်တာတွေ၊ အရေးယူတာတွေလုပ်တယ်၊ သာမန်နိုင်ငံရေးအမှုတွေကို မတရားအပြစ်ဒဏ်ချခဲ့တဲ့ တရားသူကြီးတွေ။ ဥပဒေ အကျိုးဆောင်တွေကို တရားရေးမဏ္ဍိုင် ပျက်စီးစေမှုနဲ့ အရေးယူတယ်၊ အပြစ်ရှိကြောင်းတွေ့တဲ့အခါ သိပ်မပြင်းထန်တဲ့ နှစ်နှစ်ထက် မပိုတဲ့ အပြစ်ဒဏ်တွေပေးတယ်၊ အများစုကတော့ ဆိုင်းငံ့အပြစ်ဒဏ်တွေပါ၊ ယုံကြည်မှုကို ဖောက်ဖျက်တဲ့ပြစ်ဒဏ်နဲ့ အရာရှိကြီးတွေများစွာဟာ အရေးယူခံရတယ်၊ အရင်နိုင်ငံခြားသူလျှိုလုပ်ငန်း အကြီးအကဲ မားကားစ် ၀ုလ်ဖ် အပါအ၀င်ပေါ့၊ ထောင် ၆ နှစ်ချတယ်၊ ဂျာမန်ဗဟိုတရားရုံးချုပ်က ပြစ်ဒဏ်အားလုံးကို ပ,လပ်တယ်၊ ၀ုလ်ဖ် အပါ အ၀င် လူအားလုံးဟာ အရင် အရှေ့ဂျာမနီရဲ့ တည်ဆဲဥပဒေအောက်မှာ လုပ်ခဲ့ကြတာမို့။ ဒါပေမယ့် ၀ုလ်ဖ်ကတော့ ၁၉၅၅ ခုနှစ် ပြန် ပေးဆွဲမှုတွေမှာ အမိန့်ပေးခဲ့တဲ့အမှုတွေအတွက် ထပ်ပြီး စွဲချက်တင်တာ ရင်ဆိုင်ရတယ်၊ အဲဒါကလဲ အရှေ့ ဂျာမနီ ဥပဒေအရ အပြစ် ရှိခဲ့တာပဲ၊ ထောင်နှစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ် ရတယ်၊ အနောက်ဂျာမနီက သူတို့ရဲ့ညီအစ်ကိုတော်တွေ အရှေ့ ဂျာမနီ ကွန်မြူနစ်အစိုးရရဲ့  `ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံ´အတွက် သူလျှိုလုပ်ပေးတာတွေ ဒီိလောက်များများ တွေ့ရတော့ အလွန်အံ့အားသင့်ကြတယ်၊ အများဆုံးက ငွေကြောင့်လုပ်တာ၊ တချို့ ကတော့ အတွေးအခေါ် ယုံကြည်လှုံ့ဆော်လို့ လုပ်တာ၊ တချို့ကတော့ အထက်အရာရှိတွေကို အစာမကြေလို့ လုပ်တာ၊ အနောက်ဂျာမနီရဲ့  ၀န်ကြီးဌာနတိုင်းကို ထိုးဖောက်ထားတယ်၊ အဓိပတိရဲ့  ရုံးဌာနအပါအ၀င် ဗဟိုထောက်လှမ်းရေး၊ တန်ပြန်ဖောက်ခွဲဖျက်ဆီးရေးဌာန၊ စစ်တပ်၊ ရဲ၊ ဌာနအားလုံး သူလျှိုတွေ ရှိတာတွေ့ ရတယ်။ အနောက်ဂျာမနီမှာ ၀ုလ်ဖ်အတွက် လှုပ်ရှားပေးနေတဲ့ ရာပေါင်းများစွာသော ထောက်လှမ်းရေးတွေ တရားရုံးရင်ဆိုင်ရတယ်၊ ရှေ့  နေ ချုပ်ရုံးက စာရင်းအရဆိုရင် ၁၉၉၀ နဲ့  ၉၄ ကြားမှာ လျှို့ ဝှက်ဖျက်ဆီးရေးလုပ်တဲ့ အမှုပေါင်း ၆၀၀၀ ကို စီရင်ခဲ့ရတယ် ဆိုတယ်။ အများစုကတော့ အပြစ်ဒဏ်နည်းနည်းနဲ့  စီရင်ခဲ့ရပြီး အခြားရာပေါင်းများစွာကိုလဲ အသက်ကြောင့် ကျန်းမာရေးကြောင့် အလုပ်က ထုတ်ပစ်ခဲ့ကြတယ်၊ အမှု ၁၃၀ ကတော့ ၁၉၉၇ အထိ စီရင်ဖို့ စောင့်ဆိုင်းဆဲပါပဲ။ စီရင်ချင်မှလဲ စီရင်ဖြစ်မယ်၊ ဒီအမှုမျိုးတွေကို စီရင်ရ မယ့် သက်တမ်းသတ်မှတ်ချက်က စည်းကမ်းသတ် ဥပဒေ (statue of limitation for espionage)အရ ငါးနှစ်ပဲ ရှိတာမို့ ပါ။ အီးရစ်မိုင်းကီ ဆိုတဲ့ စတာဆီ ဂိုဏ်းချုပ်ကြီးကတော့ ဘာလင် ရဲအရာရှိနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့  ၁၉၉၁ မှာ စွဲချက်တင်ခံရတယ်၊ (၁၉၃၁ ခုနှစ်-ငယ်ရွယ်ဆိုးသွမ်းစဉ်က ဖြစ်ခဲ့တဲ့အမှု)။ တခြား ရာဇ၀တ်ကြောင်းစွဲချက်တွေကတော့ ကျန်းမာရေးမကောင်းတော့လို့  ပယ်လိုက်တယ်၊ ၁၉၉၃ အောက်တိုဘာမှာ အပြစ်ရှိကြောင်း စီရင်ပြီး အသက် ၈၂ နှစ်အရွယ်မှာ ၆ နှစ် အပြစ်ဒဏ်ပေးခံရတယ်။ ရက်ပေါင်း ၁၉၀၄ ရက် အချုပ်ခံရပြီး ၁၉၉၅ မှာ လွှတ်ပေးလိုက်ပါတယ်၊ ဘဏ်ထဲက ဂျာမန် မတ်ငွေ ၃ သိန်း (ဒေါ်လာ ၁၈၇၅၀) ကို သိမ်းဆည်းတယ်၊ တခြားစတာဆီ ပင်စင်စားတွေလိုပဲ အခြေခံပင်စင်လစာ တလ မတ် ၈၀၂ မတ် (၅၁၂ ဒေါ်လာ)နဲ့  နေခိုင်းတယ်၊ အစိုးရသစ်က သတ်မှတ်ပေးတာပါ။ လူထုကို ဆန့် ကျင်ပြီး လုပ်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အပြစ်ဒဏ်ပေးတဲ့သဘော ပါတယ်။
တန်ခိုးထွားခဲ့စဉ်က အီးရစ်မိုင်းကီနှင့် စတာဆီ ဗိုလ်ချုပ်ကြီးများ စတာဆီတွေရဲ့  ရှက်စရာအကောင်းဆုံး အလုပ်တွေ ဖြစ်မှာကတော့ နိုင်ငံရေးနှိပ်ကွပ်မှုအရ လူရာထောင်သောင်းချီ ထောင်ထဲထည့်ခဲ့ တာတွေအပြင် နိုင်ငံတကာ အကြမ်းဖက်မှုတွေထဲမှာလဲ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြတာပါ၊ MfS တွေက လူသတ်သမား ‘မြေခွေး ကာလို’လို့  နာမည်ကျော်ခဲ့တဲ့ အိုင်းရစ်ရှ် ရာမီဇတ်ခ်ျ ဆန်ချေးကို ငွေကြေးလက်နက်တွေ ကူညီထောက်ပံ့ပြီး ခိုလှုံခွင့်ပေးတာမျိုး။ လူဆိုး အဘူအလီဒါလ်နဲ့  ၁၉၇၂ မြူးနစ်က အိုလံပစ်လူသတ်ပွဲမှာ ပါဝင်ကြံစည်ခဲ့တဲ့ ဆရာကြီး အဘူဒါဝတ်တို့ကို စောင့်ရှောက်ပေး လုပ်ခဲ့တာတွေပါ။ နောက် ဂျာမနီရဲ့  RAF မင်းမဲ့ဝါဒီ တပ်နီကိုလဲ လေ့ကျင့်သင်တန်းပေးခဲ့ကြတယ်၊ အဲ့ဒီအဖွဲ့ က အနောက်ဂျာမနီထဲမှာ အကြီးအကျယ် ဖောက်ခွဲဖျက်ဆီးမှုတွေလုပ်ခဲ့ကြတယ်၊ တပ်နီအဖွဲ့ ဝင်တွေဟာ အရှေ့ ဂျာမနီထဲမှာ စတာဆီတွေရဲ့  အကာအကွယ်အောက်မှာ ခိုလှုံခွင့် ရခဲ့ကြတယ်၊ ဒုဗိုလ်မှူးကြီးတဦးဖြစ်တဲ့ ဟဲလမွတ်ဗောတ်ကို ၄ နှစ် ထောင်ချခဲ့ရတယ်၊ ၁၉၈၃ ခုနှစ်က ပြင်သစ်ယဉ်ကျေးမှု စင်တာ ဗုံးကွဲမှုမှာ ပါဝင်ပတ်သတ်ခဲ့မှုနဲ့ပေါ့။ အဲ့ဒီလက်သယ်က မြေခွေးကာလိုပါပဲ။ တခြား အဆင့်မြင့်ရာထူးကြီးရှိတဲ့ ၅ ဦးကတော့ ဥပဒေ သက်တမ်းကုန်လို့ ပ,လပ်တာ ခံပြီးသက်သာရာရကြတယ်၊ အရှေ့ ဂျာမနီ လူသာရင်ဘုန်းတော်ကြီး ဂျိုချင်မ်ဂေါက်ခ်ကို ဂျာမနီအစိုးရက ၁၉၉၁ မှာ စတာဆီတွေရဲ့  မော်ကွန်းတိုက်တွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ တာဝန်အပ်နှင်းလိုက်ပါတယ်။ မော်ကွန်းတိုက်တွေက တပုံတပင်ပါပဲ၊ မှတ်တမ်းဖိုင်တွေကိုသာ စီလိုက်မယ် ဆိုရင် ၁၂၁ မိုင်တောင် ရှိမယ်တဲ့။ ဖိုင်ပေါင်း ၆ သန်းကို စိစစ်ဖို့ နှစ်များစွာ အချိန်ယူရလိမ့်မယ်၊ စတာဆီ ဌာနချုပ်တွေကို ၀င်မစီးနင်း နိုင်ခင် ဖိုင်တွဲပေါင်း ထောင်ချီပြီး (အထူးသဖြင့် ဖောက်ခွဲဖျက်ဆီးတာ၊ သူလျှိုလုပ်တာနဲ့ ပတ်သတ်တာ) ဖျက်ဆီးခံခဲ့ရပြီးပြီ၊ လက် ကျန်တွေထဲက တစိတ်တပိုင်းဖြစ်တဲ့ ဖိုင်တွဲပေါင်း ၂သိန်းလောက်ပဲ ၁၉၉၇ ခုနှစ် အလယ်လောက်မှာ ပြန်ဖွဲ့စည်းတည်ဆောက်လို့ ပြီးတယ်။ ဒီစာရွက်စာတမ်းတွေအပြင် လျှို့ ဝှက် သင်္ကေတ နံပါတ်နဲ့ နံမည်တွေပါတဲ့ အညွှန်းကဒ်ပေါင်း ၃၇ ဒသမ ၅ သန်းကို သိမ်း ထားရသေးတယ်၊ သတင်းပေးတွေ သောင်းပေါင်းများစွာရဲ့ အချက်အလက်တွေပေါ့။ ဘုန်းတော်ကြီးကို မူလချပေးတဲ့ ဘတ်ဂျတ်က ဒေါ်လာ ၁၅ သန်းပဲ၊ ၁၉၉၇ မှာတော့ ၁၃၇ သန်းအထိ ချပေးရတယ်၊ ၀န်ထမ်းတွေလဲ ၃၁၀၀ အထိ ဖြစ်လာတယ်။
စတာဆီ မှတ်တမ်းတိုက် တစိတ်တဒေသ ၁၉၉၁ ခုနှစ်မှာ ထုတ်တဲ့ စတာဆီဖိုင်ဥပဒေအရ ဂျာမန်နိုင်ငံသားတွေဟာ သူတို့ဖိုင်တွဲတွေကို သူတို့စစ်ဆေးခွင့်ရှိတယ်၊ ၁၉၉၇ မှာ ၃၄ သန်းသောလူထုတွေ ဒီအခွင့်အရေးကို အသုံးပြုပြီးကြပြီ၊ အဖြေကတော့ အတော် ကြောက်စရာပဲ။ မရေမတွက်နိုင်တဲ့ ရုံးတော်ဦးတိုက် မှုတွေ၊ အမှုဖွင့် တရားစွဲဆိုတာတွေ ဖြစ်ကုန်တယ်၊ ခံခဲ့ရတဲ့သူတွေက သူတို့ ကို ဒုက္ခပေးခဲ့တဲ့ သစ္စာဖောက်ခဲ့တဲ့လူတွေရဲ့  နံမည်တွေ ကို သိသွားကြတာကိုး။ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ အကုန် ပြတ်စဲကုန်တယ်၊ တခါတခါ နိုင်ငံရေးသမားတွေ အထူးသဖြင့် လက်ဝဲ ဆိုရှယ် ဒီိမို ကရက်တွေနဲ့  PDS အဖွဲ့ ဝင်တွေက ဖိုင်တွေကို ပိတ်ပစ်လိုက်ဖို့ တောင်းဆိုတယ်၊ ဘုန်းတော်ကြီးကတော့ ဒါကို ဆန့် ကျင်တယ်။ ခုချိန်ထိတော့ ဖိုင်တွေကို ကြည့်ခွင့်ရှိတုန်းပဲ။ ဖိုင်တွေကို အသေးစိတ်လေ့လာရင်း လူမဆန်တဲ့ အာဏာရှင်ရဲ့ လုပ်ရပ်တွေက ပိုပေါ်လာတယ်၊ စုံစမ်းစစ်ဆေးရေးတွေ အဖွဲ့ ဖွဲ့ ပြီး MfS အရာရှိတွေ၊ ပါတီခေါင်းဆောင်တွေ၊ အစိုးရပိုင်းအရာရှိတွေရဲ့  လာဒ်စားတာတွေ ငွေညှစ်တာတွေ။ လူသတ်မှုတွေကို ဖော်ထုတ် နိုင်ကြတယ်။ အနောက်ဂျာမနီရဲ့  ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနရဲ့  ညွှန်မှူးဟောင်း မန်းဖရက် ကစ်တလပ်စ်က တက်တက်ကြွကြွ ဦးဆောင်တယ်၊ ကစ်တလပ်စ်ရဲ့  အဓိကစွမ်းဆောင်ချက်တွေကတော့ ၁၉၉၈ ထဲမှာ လူသတ်မှု ၇၃ခု၊ သတ်ရန်ကြိုးစားမှု ၃၀၊ သေစေ မှု ၅၈၃မှု၊ သေစေအောင်ကြံစည်မှု ၂၉၃၈ မှု၊ သေမှုသေခင်း ၄၂၅ မှု။ လူသတ်မှု ၇၃ မှုမှာ ၂၂ မှုက ကြေးစားလူသတ်မှု၊ ဒီစတာဆီတွေရဲ့  ရာဇ၀တ်မကင်းတဲ့ ပတ်သက်ဆက်သွယ်ချက်တွေက ကျနော်တို့ ရဲ့  စိုးရိမ်စိတ်တွေကို ဆက်ဖြစ်နေစေပါတƜ | ||